iMyanmarHouse.com - Best Property Website for Myanmar
×


သူ႔ထက္လိုက္ဖက္ညီတဲ့သူ ရွိေကာင္းရွိဦးမွာပဲဆိုၿပီး ေတြးထားေတာ့ လူ ၂ေထာင္ေက်ာ္ ေလွ်ာက္လႊာကို ေသခ်ာၾကည့္လိုက္တယ္။ အဲဒီကေနမွ လူ ၃၁၅ ေယာက္ကို ေ႐ြးလိုက္တယ္။ သူတို႔ေတြကို လူေတြ႕ထပ္ေတြ႕တယ္။ ၃၆ေယာက္ကို Final ေခၚတယ္။ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ဒီကာ႐ိုက္တာကို လုပ္ၾကည့္ရတာပဲ။ ဒါေပမယ့္ အားလုံးလုပ္ၾကည့္တဲ့အခါ ပိုင္ၿဖိဳးသုနဲ႔ ကိုဇဏ္လို မ်ိဳးျဖစ္မေနဘူး။

အဲဒါကေတာာ့ Chemistry ေပါ့ေနာ္။ လူ ၂ေယာက္ျမင္လိုက္တာနဲ႔ သူတို႔က ခ်စ္ေနတယ္ဆိုတာမ်ိဳး မျဖစ္ေနဘူးေပါ့။ အဲဒါနဲ႔ ပိုင္ၿဖိဳးသုကို စကားေျပာၾကည့္မယ္ ဆိုၿပီး ေျပာၾကည့္လိုက္တာ” လို႔ ဒါ႐ိုက္တာခရစၥတီးနားခီက ေျပာပါတယ္။သ႐ုပ္ေဆာင္ဇဏ္ခီနဲ႔ အကယ္ဒမီ ပိုင္ၿဖိဳးသုတို႔ကို တြဲဖက္ေတြ႕ျမင္ရေတာ့မွာ ျဖစ္တဲ့အတြက္ ပရိသတ္ေတြက ခီနဲ႔မီ ေတြ႕ဆုံေတာ့မယ္လို႔ေျပာၾကတဲ့အေပၚမွာလည္း ဒါ႐ိုက္တာခရစၥတီးနားခီက အခုလိုဆိုပါတယ္။“ဇာတ္ကြက္ကို ေက်ာ္လြန္သြားလို႔ လည္းမရဘူး။ ဇာတ္အိမ္ကိုလည္း ထပ္ခ်ဲ႕လို႔လည္းမရဘူး။

ရွိတာေလးကိုပဲ ရွိတဲ့အတိုင္းေလးပဲ ျပဖို႔အတြက္ စီစဥ္ထားတယ္။ မီနဲ႔ခီ လို႔ေျပာတဲ့အေပၚမွာေတာ့ သူတို႔ ၂ေယာက္ေပါက္တာေပါ့။ ဒါကဝမ္းသာစရာအရမ္းေကာင္းပါတယ္။ ေနာက္ၿပီး ပရိသတ္ကလိုက္ဖက္ညီတယ္လို႔ ေျပာေတာ့ ကိုယ္ေ႐ြးခ်ယ္တဲ့ လမ္းကမွန္တယ္ဆိုၿပီး ဝမ္းသာတယ္။” လို႔ ေျပာပါတယ္။


ထာဝရေႏွာင္ႀကိဳး (Now & Ever ) ႐ုပ္ရွင္ဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ့္ သ႐ုပ္ေဆာင္မ်ားကေတာ့ ဇဏ္ခီ ၊ ပိုင္ၿဖိဳးသု ၊ မင္းညိဳ ၊ ဂ်ဴးဂ်ဴးေက ၊ ခင္သဇင္ ၊ ျမင့္စိုင္းသားေအာင္ေအာင္ ၊ ရဲေနာင္ခ်ိဳ ၊ ဇူးဇူးဟန္နီေထြးနဲ႔ တျခားေသာအႏုပညာရွင္မ်ားက ပါဝင္သြားမွာျဖစ္ၿပီး ယခုလအတြင္းမွစတင္ကာ ဧၿပီလအထိ ၄လေက်ာ္ၾကာ ရန္ကုန္ ၊ ပုဂံ ၊ ပုပၸား ၊ ပူတာအို ၊ ေငြေဆာင္တို႔မွာ ႐ိုက္ကူးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

Credit:Realthadin

# Unicode Version ျဖင့္ ဖတ္ပါ #

သူ့ထက်လိုက်ဖက်ညီတဲ့သူ ရှိကောင်းရှိဦးမှာပဲဆိုပြီး တွေးထားတော့ လူ ၂ထောင်ကျော် လျှောက်လွှာကို သေချာကြည့်လိုက်တယ်။ အဲဒီကနေမှ လူ ၃၁၅ ယောက်ကို ရွေးလိုက်တယ်။ သူတို့တွေကို လူတွေ့ထပ်တွေ့တယ်။ ၃၆ယောက်ကို Final ခေါ်တယ်။ မိန်းကလေးတော်တော်များများက ဒီကာရိုက်တာကို လုပ်ကြည့်ရတာပဲ။ ဒါပေမယ့် အားလုံးလုပ်ကြည့်တဲ့အခါ ပိုင်ဖြိုးသုနဲ့ ကိုဇဏ်လို မျိုးဖြစ်မနေဘူး။

အဲဒါကတောာ့ Chemistry ပေါ့နော်။ လူ ၂ယောက်မြင်လိုက်တာနဲ့ သူတို့က ချစ်နေတယ်ဆိုတာမျိုး မဖြစ်နေဘူးပေါ့။ အဲဒါနဲ့ ပိုင်ဖြိုးသုကို စကားပြောကြည့်မယ် ဆိုပြီး ပြောကြည့်လိုက်တာ” လို့ ဒါရိုက်တာခရစ္စတီးနားခီက ပြောပါတယ်။သရုပ်ဆောင်ဇဏ်ခီနဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ကို တွဲဖက်တွေ့မြင်ရတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေက ခီနဲ့မီ တွေ့ဆုံတော့မယ်လို့ပြောကြတဲ့အပေါ်မှာလည်း ဒါရိုက်တာခရစ္စတီးနားခီက အခုလိုဆိုပါတယ်။“ဇာတ်ကွက်ကို ကျော်လွန်သွားလို့ လည်းမရဘူး။ ဇာတ်အိမ်ကိုလည်း ထပ်ချဲ့လို့လည်းမရဘူး။

ရှိတာလေးကိုပဲ ရှိတဲ့အတိုင်းလေးပဲ ပြဖို့အတွက် စီစဉ်ထားတယ်။ မီနဲ့ခီ လို့ပြောတဲ့အပေါ်မှာတော့ သူတို့ ၂ယောက်ပေါက်တာပေါ့။ ဒါကဝမ်းသာစရာအရမ်းကောင်းပါတယ်။ နောက်ပြီး ပရိသတ်ကလိုက်ဖက်ညီတယ်လို့ ပြောတော့ ကိုယ်ရွေးချယ်တဲ့ လမ်းကမှန်တယ်ဆိုပြီး ဝမ်းသာတယ်။” လို့ ပြောပါတယ်။

ထာဝရနှောင်ကြိုး (Now & Ever ) ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ့် သရုပ်ဆောင်များကတော့ ဇဏ်ခီ ၊ ပိုင်ဖြိုးသု ၊ မင်းညို ၊ ဂျူးဂျူးကေ ၊ ခင်သဇင် ၊ မြင့်စိုင်းသားအောင်အောင် ၊ ရဲနောင်ချို ၊ ဇူးဇူးဟန်နီထွေးနဲ့ တခြားသောအနုပညာရှင်များက ပါဝင်သွားမှာဖြစ်ပြီး ယခုလအတွင်းမှစတင်ကာ ဧပြီလအထိ ၄လကျော်ကြာ ရန်ကုန် ၊ ပုဂံ ၊ ပုပ္ပား ၊ ပူတာအို ၊ ငွေဆောင်တို့မှာ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top