iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးတေယာက္ရဲ႕အလွအပဆိုတာ မ်က္ႏွာမွာ မိတ္ကပ္လိမ္း႐ုံ၊ အဝတ္အစားေတြလွလွပပ ဆင္ျမန္းေန႐ုံနဲ႔တင္ မလုံေလာက္ဘဲ အသားအေရလွပမႈ၊ တကိုယ္ရည္သန႔္ရွင္းမႈနဲ႔ လက္သည္း၊ေျခသည္းေတြ ၾကည္လင္ေတာက္ေျပာင္ေနမႈဟာလည္း အေရးပါလွပါတယ္။

ဒါေၾကာင့္ လက္သည္း၊ေျခသည္းေတြ ၾကည္လင္ေတာက္ေျပာင္ေနေစဖို႔အတြက္ အကုန္အက်သက္သာၿပီး လြယ္ကူတဲ့နည္းလမ္းေလးေတြကို ပ်ိဳေမေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။


(၁) လက္သည္း အရွည္ထားတဲ့သူျဖစ္ျဖစ္၊ မထားတဲ့သူျဖစ္ျဖစ္ တပတ္မွာႏွစ္ႀကိမ္ခန႔္ေတာ့ လက္သည္းကို တံစဥ္းနဲ႔တိုက္ေပးတာ၊ လက္သည္းညႇပ္ကို အသုံးျပဳၿပီး လက္သည္းညႇိေပးတာမ်ိဳးကို ပုံမွန္ျပဳလုပ္ေပးသင့္ပါတယ္။ လက္သည္းကို အရွည္ႀကီးထားတာမ်ိဳးထက္စာရင္ ပုံမွန္ထက္အနည္းငယ္ ရွည္တာမ်ိဳးေလာက္ကိုပဲ လက္သည္းဆိုးေဆး အေျပာင္းအလဲနဲ႔ ထားေပးသင့္ပါတယ္။


(၂) လက္သည္းေျခသည္းေတြ ၾကည္လင္ေတာက္ပေနေစဖို႔အတြက္ သြားတိုက္သလိုမ်ိဳးပဲ လက္သည္းေျခသည္းေတြကို သြားပြတ္တံေဟာင္းနဲ႔ သြားတိုက္ေဆးတို႔ကို အသုံးျပဳကာ တရက္ျခားဆိုသလို ပုံမွန္ေဆးေၾကာ သန႔္ရွင္းေပးျခင္းအားျဖင့္ ၾကည္လင္လာေစမွာ ျဖစ္ပါတယ္။


(၃) လက္သည္း၊ေျခသည္းေတြကို မၾကာခဏဆိုသလို သံပုရာသီးနဲ႔ ပြတ္တိုက္ သန႔္ရွင္းေပးျခင္းက ေျခသည္း၊ လက္သည္းေတြေပၚက ပိုးမႊားေတြကို ဖယ္ရွားေပးႏိုင္သလို ႏူးညံ့ေတာက္ေျပာင္လာေစမွာပါ။


(၄) လက္သည္း၊ေျခသည္းေတြနဲ႔ ပတ္သက္ၿပီး ေနာက္ထပ္သတိျပဳရမွာ တခုကေတာ့ လက္သည္းနီဆိုးတိုင္း Base Coat ခံၿပီး ဆိုးေပးဖို႔ပဲျဖစ္ပါတယ္။ Base Coat ခံၿပီးဆိုးေပးျခင္းအားျဖင့္ လက္သည္းနီကို ၾကာရွည္ခံေစမွာျဖစ္သလို လက္သည္းဆိုးေဆးေတြမွာ ပါဝင္တဲ့ ဓာတုပစၥည္းေတြရဲ႕ အက်ိဳးသက္ေရာက္မႈေတြကေနလည္း ကာကြယ္ေပးႏိုင္မွာ ျဖစ္ပါတယ္။


(၅) သဘာဝအုန္းဆီကို လက္သည္း၊ေျခသည္းေတြေပၚမွာ တေန႔ ၂ ႀကိမ္ခန႔္ လိမ္းက်ံေပးျခင္းအားျဖင့္ လက္သည္း မႈိစြဲျခင္းကေန ကာကြယ္ေပးႏိုင္မွာျဖစ္သလို အုန္းဆီမွာပါဝင္တဲ့ သဘာဝအဆီဓာတ္ဟာ လက္သည္း၊ေျခသည္းေတြ ၾကည္လင္ေတာက္ေျပာင္ေနေစဖို႔အတြက္ အားျဖည့္ေပးႏိုင္မွာပဲ ျဖစ္ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

မိန်းကလေးတယောက်ရဲ့အလှအပဆိုတာ မျက်နှာမှာ မိတ်ကပ်လိမ်းရုံ၊ အဝတ်အစားတွေလှလှပပ ဆင်မြန်းနေရုံနဲ့တင် မလုံလောက်ဘဲ အသားအရေလှပမှု၊ တကိုယ်ရည်သန့်ရှင်းမှုနဲ့ လက်သည်း၊ခြေသည်းတွေ ကြည်လင်တောက်ပြောင်နေမှုဟာလည်း အရေးပါလှပါတယ်။

ဒါကြောင့် လက်သည်း၊ခြေသည်းတွေ ကြည်လင်တောက်ပြောင်နေစေဖို့အတွက် အကုန်အကျသက်သာပြီး လွယ်ကူတဲ့နည်းလမ်းလေးတွေကို ပျိုမေတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


(၁) လက်သည်း အရှည်ထားတဲ့သူဖြစ်ဖြစ်၊ မထားတဲ့သူဖြစ်ဖြစ် တပတ်မှာနှစ်ကြိမ်ခန့်တော့ လက်သည်းကို တံစဉ်းနဲ့တိုက်ပေးတာ၊ လက်သည်းညှပ်ကို အသုံးပြုပြီး လက်သည်းညှိပေးတာမျိုးကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ လက်သည်းကို အရှည်ကြီးထားတာမျိုးထက်စာရင် ပုံမှန်ထက်အနည်းငယ် ရှည်တာမျိုးလောက်ကိုပဲ လက်သည်းဆိုးဆေး အပြောင်းအလဲနဲ့ ထားပေးသင့်ပါတယ်။

(၂) လက်သည်းခြေသည်းတွေ ကြည်လင်တောက်ပနေစေဖို့အတွက် သွားတိုက်သလိုမျိုးပဲ လက်သည်းခြေသည်းတွေကို သွားပွတ်တံဟောင်းနဲ့ သွားတိုက်ဆေးတို့ကို အသုံးပြုကာ တရက်ခြားဆိုသလို ပုံမှန်ဆေးကြော သန့်ရှင်းပေးခြင်းအားဖြင့် ကြည်လင်လာစေမှာ ဖြစ်ပါတယ်။

(၃) လက်သည်း၊ခြေသည်းတွေကို မကြာခဏဆိုသလို သံပုရာသီးနဲ့ ပွတ်တိုက် သန့်ရှင်းပေးခြင်းက ခြေသည်း၊ လက်သည်းတွေပေါ်က ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်သလို နူးညံ့တောက်ပြောင်လာစေမှာပါ။

(၄) လက်သည်း၊ခြေသည်းတွေနဲ့ ပတ်သက်ပြီး နောက်ထပ်သတိပြုရမှာ တခုကတော့ လက်သည်းနီဆိုးတိုင်း Base Coat ခံပြီး ဆိုးပေးဖို့ပဲဖြစ်ပါတယ်။ Base Coat ခံပြီးဆိုးပေးခြင်းအားဖြင့် လက်သည်းနီကို ကြာရှည်ခံစေမှာဖြစ်သလို လက်သည်းဆိုးဆေးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေရဲ့ အကျိုးသက်ရောက်မှုတွေကနေလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၅) သဘာဝအုန်းဆီကို လက်သည်း၊ခြေသည်းတွေပေါ်မှာ တနေ့ ၂ ကြိမ်ခန့် လိမ်းကျံပေးခြင်းအားဖြင့် လက်သည်း မှိုစွဲခြင်းကနေ ကာကွယ်ပေးနိုင်မှာဖြစ်သလို အုန်းဆီမှာပါဝင်တဲ့ သဘာဝအဆီဓာတ်ဟာ လက်သည်း၊ခြေသည်းတွေ ကြည်လင်တောက်ပြောင်နေစေဖို့အတွက် အားဖြည့်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top