iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Burmese.asia
# Unicode Version ဖြင့် ဖတ်ပါ #
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ခဲ့တဲ့ သူမက ခုဆိုရင် သူမချစ်တဲ့ မိသားစုလေးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် နန္ဒာလှိုင် ရဲ့ သမီးငယ်လေးက လူတိုင်း မလုပ်နိုင်တဲ့ Challenge တစ်ခု ကို လုပ်ပြနိုင်တဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။နန္ဒာလှိုင်ရဲ့ သမီးငယ်လေး မဒီက လူတိုင်းမလုပ်နိုင်တဲ့ ခန္ဓာကိုယ်ပျော့ပျောင်း အကြိမ်ကြိမ်လေ့ကျင့်ထားသူများသာလုပ်နိုင်လောက်တဲ့ နောက်ကျောကိုလှန်ပြီး ခြေထောက်နဲ့ခေါင်း ထိတဲ့ Challenge လေးကို လွယ်လွယ်ကူကူလုပ်ထားတာပဲ ဖြစ်ပါတယ်။
အရိုးအကြော ပျော့ပျောင်းပြီး လူတိုင်းမလုပ်တဲ့ Challenge လေးကို မဒီလေးက ချစ်စရာကောင်းတဲ့ အမူအယာလေးနဲ့ လုပ်ထားတာပဲ ဖြစ်ပါတယ်။မဒီလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို မေမေ နန္ဒာလှိုင်က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြထားတာဖြစ်ပြီး ပရိသတ်တွေကြားမှာလည်း ခုပုံလေးက အရမ်းကို နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်းမီ နန္ဒာလှိုင် ရဲ့ သမီးငယ်လေး ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့််မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top