iMyanmarHouse.com - Best Property Website for Myanmar
×



လူငယ္တိုင္း အမွားလုပ္ဖူးၾကေပမယ့္ သူ႔အမွားအတြက္ ျပန္ေပးဆပ္လိုက္ရတာ အဆမတန္ပါပဲတဲ့ အရမ္းကို စိတ္မေကာင္းျဖစ္မိတယ္လို႔ ဥကၠာမင္းေမာင္က ေျပာထားပါတယ္။

သ႐ုပ္ေဆာင္ မိုးေအာင္ရင္ သတင္းေၾကာင့္ အႏုပညာအသိုင္းအဝိုင္းက သူငယ္ခ်င္း၊ မိတ္ေဆြေတြက စိတ္မေကာင္းျဖစ္လို႔ ေနၾကပါတယ္။အဲ့ထဲမွာမွ သ႐ုပ္ဆာင္ ဥကၠာမင္းေမာင္ကလည္း မိုးေအာင္ရင္အတြက္ စိတ္မေကာင္းေၾကာင္း သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားလို႔ လာပါတယ္။

"မိုးေအာင္ရင္ အတြက္ တကယ္စိတ္မေကာင္းဘူး.. သနားပါတယ္.. သတင္းဖတ္ၿပီး တကယ္ ပါးစပ္အေဟာင္းသားျဖစ္သြားတယ္.. လူငယ္တိုင္း အမွားလုပ္ဖူးၾကတယ္.. သူ႔အမွားအတြက္ သူျပန္ေပးဆပ္လိုက္ရတာက အဆမတန္ပဲ.. ၁၂ ႏွစ္ဆိုတာ နည္းတာမွမဟုတ္ပဲ.. သူ႔အတြက္ေရာ သူ႔မိသားစုအတြက္ေရာ တကယ္စိတ္မေကာင္းဘူး.." ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာဒီဇင္ဘာ(၁၂) ရက္ေန႔က ေရးသားထားတာပါ။


သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို ဒီေန႔ (ဒီဇင္ဘာ ၁၂ရက္)က ခ႐ိုင္တရား႐ုံးကေန မူးယစ္ေဆးဝါးေရာင္းဝယ္မႈ ပုဒ္မ ၁၉(က) နဲ႔ ေထာင္ဒဏ္(၁၂)ႏွစ္ ခ်မွတ္လိုက္ပါတယ္။ထို႔အတူ ၿပီးခဲ့ေသာ ႏိုဝင္ဘာ(၂၆) ရက္ေန႔က ပုဇြန္ေတာင္ တရား႐ုံးကေန မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈနဲ႔ သုံးစြဲမႈအတြက္ အလုပ္နဲ႔ ေထာင္ဒဏ္ (၅)ႏွစ္ က်ခံဖို႔ အမိန႔္ ခ်ခဲ့ပါေသးတယ္။ဒါေၾကာင့္ မိုးေအာင္ရင္ဟာ စုစုေပါင္း ေထာင္ဒဏ္ (၁၇)ႏွစ္က်ခံရမွာ ျဖစ္ပါတယ္။

မိုးေအာင္ရင္ဟာ မူးယစ္ပုဒ္မေတြျဖစ္တဲ့ ၁၅၊၁၆(ဂ)နဲ႔ ၁၉(က)တို႔နဲ႔ ၿမိဳ႕နယ္နဲ႔ ခ႐ိုင္တရား႐ုံးတို႔မွာ တၿပိဳင္ထဲ တရားစြဲဆိုခံခဲ့ရတာ ျဖစ္ပါတယ္။ဒါ့အျပင္ မိုးေအာင္ရင္နဲ႔အတူ ဖမ္းဆီးခံထားရတဲ့ ဘုန္းျမင့္ေအာင္ကို မူးယစ္ေဆးဝါးဥပေဒပုဒ္မ-၁၉(က)/၁၅ နဲ႔ ေထာင္ဒဏ္ ၁၅ႏွစ္ ခ်မွတ္ခံခဲ့ရၿပီး လူလူသန္းဦးကိုေတာ့ မူးယစ္ေဆးဝါးဥပေဒပုဒ္မ-၁၅ နဲ႔ ေထာင္ဒဏ္ ၃ႏွစ္ခ်မွတ္လိုက္ပါတယ္။

 ႐ုပ္ရွင္သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို ၂၀၁၆ခုႏွစ္ ၾသဂုတ္လ(၂၉) ရက္ေန႔က ပုဇြန္ေတာင္ ၿမိဳ႕နယ္ရွိ သူ႔ရဲ႕ ရည္းစားျဖစ္သူေနအိမ္မွာ အိုက္စ္မူးယစ္ေဆးဝါး ၁ဂရမ္နဲ႔အတူ ရဲတပ္ဖြဲ႕မွ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ပါတယ္။

မိုးေအာင္ရင္အတြက္ ပရိသတ္ေတြေရာ အႏုပညာအသိုင္းအဝိုင္းက မိတ္ေဆြေတြေရာ စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။ဥကၠာမင္းေမာင္က Mister Tourism World 2016 Winner ဆုကို ရရွိပိုင္ဆိုင္ထားတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ အႏုပညာလႈပ္ရွားမႈ အေနနဲ႔ သ႐ုပ္ေဆာင္ ဘက္မွာေရာ၊ ဂီတဘက္မွာပါ အားသြန္ခြန္စိုက္ ႀကိဳးစားေဆာင္႐ြက္ခဲ့သူျဖစ္ၿပီး 18 Album သီခ်င္းေခြလည္း ထြက္ရွိထား ပါတယ္။



Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

လူငယ်တိုင်း အမှားလုပ်ဖူးကြပေမယ့် သူ့အမှားအတွက် ပြန်ပေးဆပ်လိုက်ရတာ အဆမတန်ပါပဲတဲ့ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်လို့ ဥက္ကာမင်းမောင်က ပြောထားပါတယ်။ 

သရုပ်ဆောင် မိုးအောင်ရင် သတင်းကြောင့် အနုပညာအသိုင်းအဝိုင်းက သူငယ်ချင်း၊ မိတ်ဆွေတွေက စိတ်မကောင်းဖြစ်လို့ နေကြပါတယ်။အဲ့ထဲမှာမှ သရုပ်ဆာင် ဥက္ကာမင်းမောင်ကလည်း မိုးအောင်ရင်အတွက် စိတ်မကောင်းကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားလို့ လာပါတယ်။

"မိုးအောင်ရင် အတွက် တကယ်စိတ်မကောင်းဘူး.. သနားပါတယ်.. သတင်းဖတ်ပြီး တကယ် ပါးစပ်အဟောင်းသားဖြစ်သွားတယ်.. လူငယ်တိုင်း အမှားလုပ်ဖူးကြတယ်.. သူ့အမှားအတွက် သူပြန်ပေးဆပ်လိုက်ရတာက အဆမတန်ပဲ.. ၁၂ နှစ်ဆိုတာ နည်းတာမှမဟုတ်ပဲ.. သူ့အတွက်ရော သူ့မိသားစုအတွက်ရော တကယ်စိတ်မကောင်းဘူး.." ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာဒီဇင်ဘာ(၁၂) ရက်နေ့က ရေးသားထားတာပါ။

သရုပ်ဆောင် မိုးအောင်ရင်ကို ဒီနေ့ (ဒီဇင်ဘာ ၁၂ရက်)က ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က) နဲ့ ထောင်ဒဏ်(၁၂)နှစ် ချမှတ်လိုက်ပါတယ်။ထို့အတူ ပြီးခဲ့သော နိုဝင်ဘာ(၂၆) ရက်နေ့က ပုဇွန်တောင် တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုအတွက် အလုပ်နဲ့ ထောင်ဒဏ် (၅)နှစ် ကျခံဖို့ အမိန့် ချခဲ့ပါသေးတယ်။ဒါကြောင့် မိုးအောင်ရင်ဟာ စုစုပေါင်း ထောင်ဒဏ် (၁၇)နှစ်ကျခံရမှာ ဖြစ်ပါတယ်။

မိုးအောင်ရင်ဟာ မူးယစ်ပုဒ်မတွေဖြစ်တဲ့ ၁၅၊၁၆(ဂ)နဲ့ ၁၉(က)တို့နဲ့ မြို့နယ်နဲ့ ခရိုင်တရားရုံးတို့မှာ တပြိုင်ထဲ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ဒါ့အပြင် မိုးအောင်ရင်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ ဘုန်းမြင့်အောင်ကို မူးယစ်ဆေးဝါးဥပဒေပုဒ်မ-၁၉(က)/၁၅ နဲ့ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံခဲ့ရပြီး လူလူသန်းဦးကိုတော့ မူးယစ်ဆေးဝါးဥပဒေပုဒ်မ-၁၅ နဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်ပါတယ်။

 ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ကို ၂၀၁၆ခုနှစ် သြဂုတ်လ(၂၉) ရက်နေ့က ပုဇွန်တောင် မြို့နယ်ရှိ သူ့ရဲ့ ရည်းစားဖြစ်သူနေအိမ်မှာ အိုက်စ်မူးယစ်ဆေးဝါး ၁ဂရမ်နဲ့အတူ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။ 

မိုးအောင်ရင်အတွက် ပရိသတ်တွေရော အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေရော စိတ်မကောင်းဖြစ်လို့နေပါတယ်။ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album သီချင်းခွေလည်း ထွက်ရှိထား ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top