iMyanmarHouse.com - Best Property Website for Myanmar
×



ကိုယ္႔ခ်စ္သူက အျကီးဆံုးသမီးျဖစ္ေနတယ္ဆိုရင္ေတာ႔ ဒီလိုအခ်က္ေလးေတြကို သတိထားဖို႕လိုပါျပီေနာ္…မိန္းကေလးေတြကတစ္ေယာက္နဲ႕တစ္ေယာက္ စရိုက္လကၡဏာခ်င္း ကြာခ်က္တတ္ျကတာေတာ႔အမွန္ပါ။ ဒါပင္မဲ႔အျကီးဆံုးသမီး မိန္းကေလးအမ်ားစုက ဒီလုိ စရိုက္လကၡဏာေတြရွိတတ္ျကတာမလို႕ အျကီးဆံုးသမီးကို ခ်စ္မိသြားတဲ႔ကိုကိုေတြက ဒါမ်ိဳးေလးေတြကို ေတာ႔ေဆာင္ရန္ေရွာင္ရန္သိထားသင္႔ပါတယ္ေနာ္…

(၁) သင္႔အေပၚအနည္းငယ္ အနုိင္ယူခ်င္ပါလိမ္႔မယ္

သူတို႕ဘ၀မွာ အနုိင္ယူလို႕ရတာဆိုလို႕သင္တို႕ပဲရွိပါတယ္။ အနုိင္ယူတယ္ဆုိတာ က ျကမ္းမ်ားေနမလား…တကယ္ေတာ႔ႏြြဲ႕ဆိုးဆိုးခ်င္ျကတာပါ။ အိမ္မွာအျကီးေတြဆုိေတာ႔ မိဘေပၚေကာ အငယ္ေတြေပၚေကာသိတတ္ျကသူေတြပီပီသင္႔အေပၚေတာ႔ကေလးဆုိးဆုိးခ်င္ျကပါတယ္။ ဒါပင္မဲ႔ မတရားျကီးကေလးဆန္ျပီးသေဘာထားေသးတာမ်ိဳးမဟုတ္ဘူးေနာ္ ..အေျခေနနဲ႕အခ်ိန္ခါျကည္႔ျပီး သင္႔ရဲ႕ဂုဏ္သိကၡာမညိဳးႏြမ္းေအာင္နွစ္ကိုယ္ျကားရွိေန ခိ်န္သာဆုိးတာမ်ိဳးပါ 🙂

(၂) သင္သူ႕အေပၚဘယ္ေလာက္ခ်စ္ေျကာင္းမျကာခဏစမ္းသပ္ေလ႔ရွိတယ္

သူတို႕ကအျကီးဆံုးပီပီ ဇီၤဇာေျကာင္တတ္ျကပါတယ္။ သင္တို႕သူတုိ႕အေပၚဘယ္ေလာက္ခ်စ္ခ်စ္သိသိျကီးနဲ႕သင္တို႕ရဲ႕ အခ်စ္ကို စမ္းသပ္ရတာ သိပ္ကို ၀ါသနာပါလွပါတယ္။ သူတုိ႕ စမ္းသပ္လုိ႕သင္တို႕ကတစ္ခါေလးပဲ စိတ္ရႈပ္ျပီး ဆူေအာင္႔ျပီးဆက္ဆံျကည္႔ ငါ႔ေကာင္ေလးကငါ႔ကိုတကယ္မခ်စ္ရွာပါလားဆုိျပီး ဆုိက္ဂို၀င္သြားျကျပန္ေရာ…


(၃) A little ေလး ဆရာ အလုပ္ခံရလိမ္႔မယ္ 😛

အျကီးပီပီ သင္႔အေပၚေတာ႔ အနည္းငယ္ဆရာလုပ္ပါလိမ္႔မယ္။ တကယ္ေတာ႔သူတို႕တကယ္ခ်စ္တဲ႔သူေတြေပၚပဲေလကုန္ခံျပီးေျပာတာမ်ိဳဳးပါ။ သူတုိ႕ရဲ႕စိုးရိမ္ျကီးမႈက တစ္ျခားမိန္းကေလးေတြထက္ပိုပါတယ္။ အရမ္းခ်စ္ေလ အရမ္းစိုးရိမ္ပူပန္ေလပါပဲ။ ဒါေျကာင္႔သင္႔ကို ထိခိုက္မယ္လို႕ထင္ရတဲ႔အရာေတြ နဲ႕တြဲျမင္ရတဲ႔အခါ အနည္းငယ္ေတာ႔သြန္သင္ေျပာဆုိပါလိမ္႔မယ္။

(၄) မိခင္တစ္ေယာက္လုိ ေထြးေပြ႕ယုယတာမ်ိဳးသင္ခံရမယ္

သမီးျကီးဆိုတာ အိမ္တစ္အိမ္ရဲ႕အမျကီးအမိရာဆုိလည္းမမွားပါဘူး။ သမီးျကီးဆုိတဲ႔အတိုင္း ေမတၱာစိတ္ စာနာစိတ္ကလည္းအျပည္႔ရွိတတ္ပါတယ္။ ကိုယ္႔ခ်စ္သူအမ်ိဳးသားက ကုိယ္႔ထက္ပဲငယ္ငယ္ ကိုယ္႔ထက္ပဲျကီးျကီးသူတို႕ခ်စ္မိရင္ေတာ႔ အျမဲတေစ အရိပ္တျကည္႔ျကည္႔နဲ႕ဂရုစိုက္တတ္ျကပါတယ္။


(၅) သူမရဲ႕ေပါေျကာင္ေျကာင္ အျပဳမူေလးေတြ ရူးနွမ္းနွမ္း စကားေလးေတြကိုသင္မျကာခဏျကားရမယ္

သားဦးအရူးဆိုတာလည္းျကားဖူးမွာပါ။ သမီးျကီးေတြက အိမ္မွာ တည္ရသမ်ွ ကိုယ္႔ရည္းစားနဲ႕ေတြ႕ရင္ ေပါကုန္ျကတာအမ်ားစုပါပဲ။ ဒီလုိအခ်ိန္ေလးပဲသူတုိ႕လည္းလြတ္လြတ္လပ္လပ္ေပါရတာကို 😛  ဒါေျကာင္႔သူတုိ႕နဲ႕ရွိေနခိ်န္မွာ သူတို႕ရဲ႕ငေပါအမူအယာေတြ ရူးနွမ္းနွမ္းစကားေတြကိုေတာ႔သင္အနည္းငယ္သည္းခံရပါလိမ္႔မယ္။

သင္႔ခ်စ္သူက သားဦးမေလးျဖစ္ေနရင္ေတာ႔ သင္က ကံလည္းေကာင္းသလို အရူးမေလးတစ္ေယာက္ကိုရထားသလိုလည္းျဖစ္ေနမွာအေသခ်ာပါပဲ။ သင္တုိ႕အခ်စ္ေရးကေအးေအးစက္စက္ျဖစ္မေနပဲ အျမဲေပ်ာ္စရာ ျပႆနာတတ္စရာ ေတြနဲ႕ ခ်စ္လုိက္ရန္ျဖစ္လိုက္ မျကာဘူး ျပန္ေပါင္းလုိက္နဲ႕ စိုေျပေနေတာ႔မွာပါ…

Credit:Trend

# Unicode Version ျဖင့္ ဖတ္ပါ #

ကိုယ့်ချစ်သူက အကြီးဆုံးသမီးဖြစ်နေတယ်ဆိုရင်တော့ ဒီလိုအချက်လေးတွေကို သတိထားဖို့လိုပါပြီနော်…မိန်းကလေးတွေကတစ်ယောက်နဲ့တစ်ယောက် စရိုက်လက္ခဏာချင်း ကွာချက်တတ်ကြတာတော့အမှန်ပါ။ ဒါပင်မဲ့အကြီးဆုံးသမီး မိန်းကလေးအများစုက ဒီလို စရိုက်လက္ခဏာတွေရှိတတ်ကြတာမလို့ အကြီးဆုံးသမီးကို ချစ်မိသွားတဲ့ကိုကိုတွေက ဒါမျိုးလေးတွေကို တော့ဆောင်ရန်ရှောင်ရန်သိထားသင့်ပါတယ်နော်…

(၁) သင့်အပေါ်အနည်းငယ် အနိုင်ယူချင်ပါလိမ့်မယ်

သူတို့ဘဝမှာ အနိုင်ယူလို့ရတာဆိုလို့သင်တို့ပဲရှိပါတယ်။ အနိုင်ယူတယ်ဆိုတာ က ကြမ်းများနေမလား…တကယ်တော့နွဲ့ဆိုးဆိုးချင်ကြတာပါ။ အိမ်မှာအကြီးတွေဆိုတော့ မိဘပေါ်ကော အငယ်တွေပေါ်ကောသိတတ်ကြသူတွေပီပီသင့်အပေါ်တော့ကလေးဆိုးဆိုးချင်ကြပါတယ်။ ဒါပင်မဲ့ မတရားကြီးကလေးဆန်ပြီးသဘောထားသေးတာမျိုးမဟုတ်ဘူးနော် ..အခြေနေနဲ့အချိန်ခါကြည့်ပြီး သင့်ရဲ့ဂုဏ်သိက္ခာမညိုးနွမ်းအောင်နှစ်ကိုယ်ကြားရှိနေ ချိန်သာဆိုးတာမျိုးပါ 🙂

(၂) သင်သူ့အပေါ်ဘယ်လောက်ချစ်ကြောင်းမကြာခဏစမ်းသပ်လေ့ရှိတယ်

သူတို့ကအကြီးဆုံးပီပီ ဇီၤဇာကြောင်တတ်ကြပါတယ်။ သင်တို့သူတို့အပေါ်ဘယ်လောက်ချစ်ချစ်သိသိကြီးနဲ့သင်တို့ရဲ့ အချစ်ကို စမ်းသပ်ရတာ သိပ်ကို ဝါသနာပါလှပါတယ်။ သူတို့ စမ်းသပ်လို့သင်တို့ကတစ်ခါလေးပဲ စိတ်ရှုပ်ပြီး ဆူအောင့်ပြီးဆက်ဆံကြည့် ငါ့ကောင်လေးကငါ့ကိုတကယ်မချစ်ရှာပါလားဆိုပြီး ဆိုက်ဂိုဝင်သွားကြပြန်ရော…

(၃) A little လေး ဆရာ အလုပ်ခံရလိမ့်မယ် 😛

အကြီးပီပီ သင့်အပေါ်တော့ အနည်းငယ်ဆရာလုပ်ပါလိမ့်မယ်။ တကယ်တော့သူတို့တကယ်ချစ်တဲ့သူတွေပေါ်ပဲလေကုန်ခံပြီးပြောတာမျိုုးပါ။ သူတို့ရဲ့စိုးရိမ်ကြီးမှုက တစ်ခြားမိန်းကလေးတွေထက်ပိုပါတယ်။ အရမ်းချစ်လေ အရမ်းစိုးရိမ်ပူပန်လေပါပဲ။ ဒါကြောင့်သင့်ကို ထိခိုက်မယ်လို့ထင်ရတဲ့အရာတွေ နဲ့တွဲမြင်ရတဲ့အခါ အနည်းငယ်တော့သွန်သင်ပြောဆိုပါလိမ့်မယ်။

(၄) မိခင်တစ်ယောက်လို ထွေးပွေ့ယုယတာမျိုးသင်ခံရမယ်

သမီးကြီးဆိုတာ အိမ်တစ်အိမ်ရဲ့အမကြီးအမိရာဆိုလည်းမမှားပါဘူး။ သမီးကြီးဆိုတဲ့အတိုင်း မေတ္တာစိတ် စာနာစိတ်ကလည်းအပြည့်ရှိတတ်ပါတယ်။ ကိုယ့်ချစ်သူအမျိုးသားက ကိုယ့်ထက်ပဲငယ်ငယ် ကိုယ့်ထက်ပဲကြီးကြီးသူတို့ချစ်မိရင်တော့ အမြဲတစေ အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်တတ်ကြပါတယ်။

(၅) သူမရဲ့ပေါကြောင်ကြောင် အပြုမူလေးတွေ ရူးနှမ်းနှမ်း စကားလေးတွေကိုသင်မကြာခဏကြားရမယ်

သားဦးအရူးဆိုတာလည်းကြားဖူးမှာပါ။ သမီးကြီးတွေက အိမ်မှာ တည်ရသမျှ ကိုယ့်ရည်းစားနဲ့တွေ့ရင် ပေါကုန်ကြတာအများစုပါပဲ။ ဒီလိုအချိန်လေးပဲသူတို့လည်းလွတ်လွတ်လပ်လပ်ပေါရတာကို 😛  ဒါကြောင့်သူတို့နဲ့ရှိနေချိန်မှာ သူတို့ရဲ့ငပေါအမူအယာတွေ ရူးနှမ်းနှမ်းစကားတွေကိုတော့သင်အနည်းငယ်သည်းခံရပါလိမ့်မယ်။

သင့်ချစ်သူက သားဦးမလေးဖြစ်နေရင်တော့ သင်က ကံလည်းကောင်းသလို အရူးမလေးတစ်ယောက်ကိုရထားသလိုလည်းဖြစ်နေမှာအသေချာပါပဲ။ သင်တို့အချစ်ရေးကအေးအေးစက်စက်ဖြစ်မနေပဲ အမြဲပျော်စရာ ပြဿနာတတ်စရာ တွေနဲ့ ချစ်လိုက်ရန်ဖြစ်လိုက် မကြာဘူး ပြန်ပေါင်းလိုက်နဲ့ စိုပြေနေတော့မှာပါ…
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top