iMyanmarHouse.com - Best Property Website for Myanmar
×



 သင္ဇာဝင့္ေက်ာ္က ဒီေန႔(ဒီဇင္ဘာလ ၄) ရက္ေန႔မွာပဲ အသက္ ၃၁ ႏွစ္ျပည့္သြားၿပီျဖစ္ပါတယ္။ ဒီႏွစ္ေမြးေန႔ေလးမွာေတာ့ သူငယ္ခ်င္းေတြ၊ We Love ေတြရဲ႕ Birthday Surprise ေၾကာင့္ ဝမ္းသာေပ်ာ္ရႊင္ေနတာကုိ ေတြ႔ရပါတယ္။

ဒီဇင္ဘာလ ၄ ရက္ေန႔က သရုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ရဲ႕ ေမြးေန႔ျဖစ္ပါတယ္။ ဒီေမြးေန႔ေလးမွာလည္း သူငယ္ခ်င္းေတြျဖစ္တ့ဲ ခုိုင္သဇင္ငုဝါ၊ ခ်ာလီ၊ စည္သူဟိန္းနဲ႔  ဟိန္းထက္မင္းထြန္း တုိ႔ရဲ႕ Birthday Surprise လုပ္ျခင္းကုိ ခံခဲ့ရပါတယ္။ ဒီ့အတြက္လည္း သူ႔ရဲ႕ ခံစားခ်က္ေတြကုိ အခုလုိေျပာျပထားပါေသးတယ္။


'' Thx u all so much for surprise birthday cake & present . it means a lot to me @khaing_thazin_ngu_wah @charliekelen @sithuhein146 @hein_htet_min_htun'' ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၃ ရက္ေန႔ ည ၁၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာကုိ ေတြ႕ရပါတယ္။

သင္ဇာဝင့္ေက်ာ္က ဒီေန႔မွာေတာ့ အသက္ ၃၁ႏွစ္ ျပည့္တာျဖစ္ပါတယ္။ ဒီေန႔ေမြးေန႔မွာလည္း သူငယ္ခ်င္းေတြသာမက ပရိသတ္ေတြ ကလည္း Birthday Surprise လုပ္ခဲ့ၾကပါေသးတယ္။ အ့ဲဒီေနာက္ ေဖ့စ္ဘြတ္ Comment ကေနတဆင့္ ေနာက္ထပ္ပရိသတ္မ်ားစြာတုိ႔ ကလည္း ေမြးေန႔ဆုေတာင္းစကားေတြ ေျပာျပထားတာေတြ႔ရပါတယ္။


သူမဟာ ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ေယာက္လည္း ျဖစ္ ပါတယ္။ မၾကာေသးခင္ကလည္း ခ်စ္သူနဲ႔ လမ္းခြဲ ခဲ့တာေၾကာင့္ အခုဆုိရင္ေတာ့ သူ႔ရဲ႕ အခ်စ္ေရးက တစ္ေယာက္တည္းျဖစ္ေနၿပီလို႔ သိရပါတယ္။ Single ျဖစ္ေနတဲ့ သင္ဇာကေတာ့ သူ႔ကုိ နားလည္ေပးႏုိင္မယ့္ ခ်စ္သူကုိေတာ့ ေရြးခ်ယ္ေနတုန္းပဲ လုိ႔ ဆုိပါတယ္။

'' ေရြးေနတုန္းဆုိတာကေတာ့ အျမဲတမ္း ေရြးေနရတာပဲေလ၊ ဘာေၾကာင့္လဲ ဆုိေတာ့ ေရြးခ်ယ္စရာေတြက အမ်ားႀကီးေပၚေပၚလာတာကုိ။ အပ်ဳိႀကီးလုိ႔ အေခၚခံရတာေပါ့ အသက္ ၂၈ ႏွစ္ကတည္းက အပ်ဳိႀကီးလုိ႔ အေခၚခံရတာ။ အခု ၃၀ ေရာက္ၿပီဆုိေတာ့ ပုိေတာင္ အေခၚခံရေသး တယ္'' ဆုိတာကုိ ေအာက္တုိဘာလ ၂၅ ရက္ေန႔က လွ်ဳိ႔ဝွက္စာတမ္း ရုပ္ရွင္ဇာတ္ကားကန္ေတာ့ပြဲမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။


သင္ဇာဝင့္ေက်ာ္ဟာ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဓာတ္ပံုအလန္းစားေလးေတြကို အၿမဲတမ္း တင္ျဖစ္ေနသူပါ။သင္ဇာဝင့္ေက်ာ္ကေတာ့ ေနာက္ပိုင္း မွာသူမရဲ႕ခႏၶာကိုယ္အလွအပနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ ၾကားေရပန္းစားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ အႏုပညာ လႈပ္ရွား မႈေတြ ဆက္တိုက္လုပ္ကိုင္လ်က္ ရွိပါတယ္။

Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #

သင်ဇာဝင့်ကျော်က ဒီနေ့(ဒီဇင်ဘာလ ၄) ရက်နေ့မှာပဲ အသက် ၃၁ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာတော့ သူငယ်ချင်းတွေ၊ We Love တွေရဲ့ Birthday Surprise ကြောင့် ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့က သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီမွေးနေ့လေးမှာလည်း သူငယ်ချင်းတွေဖြစ်တဲ့ ခိုင်သဇင်ငုဝါ၊ ချာလီ၊ စည်သူဟိန်းနဲ့  ဟိန်းထက်မင်းထွန်း တို့ရဲ့ Birthday Surprise လုပ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီ့အတွက်လည်း သူ့ရဲ့ ခံစားချက်တွေကို အခုလိုပြောပြထားပါသေးတယ်။

'' Thx u all so much for surprise birthday cake & present . it means a lot to me @khaing_thazin_ngu_wah @charliekelen @sithuhein146 @hein_htet_min_htun'' ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်က ဒီနေ့မှာတော့ အသက် ၃၁နှစ် ပြည့်တာဖြစ်ပါတယ်။ ဒီနေ့မွေးနေ့မှာလည်း သူငယ်ချင်းတွေသာမက ပရိသတ်တွေ ကလည်း Birthday Surprise လုပ်ခဲ့ကြပါသေးတယ်။ အဲ့ဒီနောက် ဖေ့စ်ဘွတ် Comment ကနေတဆင့် နောက်ထပ်ပရိသတ်များစွာတို့ ကလည်း မွေးနေ့ဆုတောင်းစကားတွေ ပြောပြထားတာတွေ့ရပါတယ်။

သူမဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ် ပါတယ်။ မကြာသေးခင်ကလည်း ချစ်သူနဲ့ လမ်းခွဲ ခဲ့တာကြောင့် အခုဆိုရင်တော့ သူ့ရဲ့ အချစ်ရေးက တစ်ယောက်တည်းဖြစ်နေပြီလို့ သိရပါတယ်။ Single ဖြစ်နေတဲ့ သင်ဇာကတော့ သူ့ကို နားလည်ပေးနိုင်မယ့် ချစ်သူကိုတော့ ရွေးချယ်နေတုန်းပဲ လို့ ဆိုပါတယ်။

'' ရွေးနေတုန်းဆိုတာကတော့ အမြဲတမ်း ရွေးနေရတာပဲလေ၊ ဘာကြောင့်လဲ ဆိုတော့ ရွေးချယ်စရာတွေက အများကြီးပေါ်ပေါ်လာတာကို။ အပျိုကြီးလို့ အခေါ်ခံရတာပေါ့ အသက် ၂၈ နှစ်ကတည်းက အပျိုကြီးလို့ အခေါ်ခံရတာ။ အခု ၃၀ ရောက်ပြီဆိုတော့ ပိုတောင် အခေါ်ခံရသေး တယ်'' ဆိုတာကို အောက်တိုဘာလ ၂၅ ရက်နေ့က လျှို့ဝှက်စာတမ်း ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top