iMyanmarHouse.com - Best Property Website for Myanmar
×


ျမန္မာနိုင္ငံရဲ့ နာမည္ၾကီးမင္းသားေခ်ာ ထပ္ဆင့္အကယ္ဒမီေနတိုးကိုေတာ့ လက္ရွိမွာ မၾကိဳက္တဲ့သူက မရွိေလာက္ပါဘူး။ သူ႔ရဲ့ခန္႔ညားတဲ့ရုပ္ရည္ ပီျပင္တဲ့သရုပ္ေဆာင္မႈေတြေၾကာင့္ ပရိသတ္ေတြ အားေပးမႈေတြ ဆက္တိုက္ကို ရရွိေနတဲ့ မင္းသားေနတိုးကေတာ့ အခ်စ္ေရးအေၾကာင္းနဲ႔ ပတ္သက္ျပီး ဆက္တိုက္ ဆိုသလို သတင္းေတြ ထြက္ေပၚေနတာေၾကာင့္ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတ့ာ စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။ လက္ရွိမွာလည္း ေနတိုးရဲ့အခ်စ္ေရးကိုေတာ MC ကသြားေရာက္ေမးျမန္းထားျပီး ေနတိုးကေတာ့ သူ႕အခ်စ္ေရးနဲ႔ လက္ရွိလႈပ္ရွားမႈေတြကို ေျပာျပသြားခဲ့ပါတယ္။

ေနတိုးကေတာ့ MC နဲ႔အင္တာဗ်ဴးတြင္ သူနုပ်ိဳလာရတဲ့အေၾကာင္းရင္းက “ပရိသတ္ေတြရဲ့ ေျပာဆိုမႈအေပၚမွာေတာ့ ဘာေၾကာင့္ရယ္ ညာေၾကာင့္ရယ္ဆိုျပီးေတာ့ ေျပာစရာေတာ့မရွိပါဘူး။ ကြ်န္ေတာ့္ကိုထင္ခ်င္သလို ထင္လို႔ရပါတယ္။ အခ်စ္နဲ႔ေတြ႔လို ႏုပ်ိဳသြားတာလည္းျဖစ္ႏိုင္တယ္။ ေဆးလိပ္ျဖတ္လိုက္လို႔လည္း ျဖစ္ႏိုင္တယ္။ တကယ္လည္း ကြ်န္ေတာ္ေဆးလိပ္ျဖတ္လိုက္တာ ၆ လေလာက္ရွိေနပါျပီ။”


ဇာတ္ကားထဲမွာလို အျပင္ကအခ်စ္မွာ ရိုဆန္တတ္တဲ့ လူမ်ိဳးလားဆိုတဲ့ ေမးခြန္းနဲ႔ ပတ္သက္ျပီး “ရုိတတ္လားဆိုေတာ့ ကြ်န္ေတာ္တို႔က နားလည္မႈနဲ႔ အေျခခံတယ္။ အခ်စ္ဆုိတာက အရမ္းလည္း ႏူးညံတယ္။ အခ်စ္တစ္ခုျဖစ္ေပၚလာဖို႔ဆိုတာလည္ း ျဖစ္ေပၚလာဖို႔ အရမ္းခက္ခဲတယ္။ ဒါေၾကာင့္ ဒီလိုမ်ိဳးခဲယဥ္းတဲ့အရာတစ္ခုေပၚမွာေတာ့ တန္ဖိုးထားသိတတ္မႈကေတာ့ အေရးပါတယ္လို႔ ကြ်န္ေတာ္ျမင္ပါတယ္”

ခ်စ္သူကနားလည္ေပးလားဆိုတဲ့ အေပၚမွာ ေနတိုးက “ႏူးညံတဲ့ စိတ္ဓါတ္နဲ႔ တေယာက္ကို တေယာက္နားလည္ဖို႔ဆိုတာကေတာ့ ကြ်န္ေတာ္တို႔ အခ်ိန္ကာလတစ္ခုအေနနဲ႔ ျဖတ္ေက်ာ္လာခဲ့ျပီးျပီေပါ့။ ဒီလိုမ်ိဳးႏူးညံတဲ့ ေမတၱာတရားေတြနဲ႔ ဖြဲ႔စည္းထားတယ္လို႔ ကြ်န္ေတာ္ေတာ့ ထင္ပါတယ္။ ေလာေလာဆယ္ေတာ့ ကြ်န္ေတာ္ဒီေလာက္ပဲ ေျပာပါ့မယ္။ ေနာက္မွ ျပန္ေျပာပါမယ္။ ဒီေလာက္နဲ႔ပဲ ေက်နပ္ေပးၾကပါ”


ေနာက္ထပ္ဘယ္လို ကာရုိက္တာေတြနဲ႔ ့ျမင္ေတြ႔ရဖို႔ရွိလဲ ဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ “ကြ်န္ေတာ္တို႔ က်န္းမာေရးအရေရာ အသက္ရြယ္အရေရာ ထိန္းသိမ္းရမယ့္ အရြယ္ကိုေရာက္ေနျပီေပါ့ေနာ္။ ဒါေၾကာင့္ အက္ရွင္ကားေတြ ဇာတ္ၾကမ္းကားေတြ ကြ်န္ေတာ္တို႔ ရိုက္ကူးဖို႔ လိုအပ္ေနတဲ့ ဇာတ္ကားေတြရွိတယ္။ ျပီးေတာ့ အားကစားနဲ႔ ပတ္သက္တဲ့ ဇာတ္လမ္းေတြလည္း ရိုက္ဖို႔ရွိတဲ့အတြက္ေၾကာင့္ အရင္ကေတာ့ ကြ်န္ေတာ္ရုပ္ရွင္သမိုင္းမွာ ဒီလိုမ်ိဳးဇာတ္ကားေကာင္းေတြ သိပ္ရုိက္ေလ့မရွိပါဘူး။

ဒါေၾကာင့္ ဒီလိုဇာတ္ကားေတြ ရုိက္ဖို႔လိုအပ္တယ္။ အက္ရွင္ကားေတြ ရိုက္ဖို႔လိုအပ္တာေၾကာင့္ ေဘာ္ဒီပိုင္းမွာေတာင့္တင္းမႈရွိဖုိ႔အတြက္ ကြ်န္ေတာ္အမ်ားၾကီး ျပင္ဆင္မႈေတြ ျပဳလုပ္ထားပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit:Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသားချော ထပ်ဆင့်အကယ်ဒမီနေတိုးကိုတော့ လက်ရှိမှာ မကြိုက်တဲ့သူက မရှိလောက်ပါဘူး။ သူ့ရဲ့ခန့်ညားတဲ့ရုပ်ရည် ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ အားပေးမှုတွေ ဆက်တိုက်ကို ရရှိနေတဲ့ မင်းသားနေတိုးကတော့ အချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီး ဆက်တိုက် ဆိုသလို သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပရိသတ်တော်တော်များများကတေ့ာ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေတိုးရဲ့အချစ်ရေးကိုတော MC ကသွားရောက်မေးမြန်းထားပြီး နေတိုးကတော့ သူ့အချစ်ရေးနဲ့ လက်ရှိလှုပ်ရှားမှုတွေကို ပြောပြသွားခဲ့ပါတယ်။

နေတိုးကတော့ MC နဲ့အင်တာဗျူးတွင် သူနုပျိုလာရတဲ့အကြောင်းရင်းက “ပရိသတ်တွေရဲ့ ပြောဆိုမှုအပေါ်မှာတော့ ဘာကြောင့်ရယ် ညာကြောင့်ရယ်ဆိုပြီးတော့ ပြောစရာတော့မရှိပါဘူး။ ကျွန်တော့်ကိုထင်ချင်သလို ထင်လို့ရပါတယ်။ အချစ်နဲ့တွေ့လို နုပျိုသွားတာလည်းဖြစ်နိုင်တယ်။ ဆေးလိပ်ဖြတ်လိုက်လို့လည်း ဖြစ်နိုင်တယ်။ တကယ်လည်း ကျွန်တော်ဆေးလိပ်ဖြတ်လိုက်တာ ၆ လလောက်ရှိနေပါပြီ။”

ဇာတ်ကားထဲမှာလို အပြင်ကအချစ်မှာ ရိုဆန်တတ်တဲ့ လူမျိုးလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး “ရိုတတ်လားဆိုတော့ ကျွန်တော်တို့က နားလည်မှုနဲ့ အခြေခံတယ်။ အချစ်ဆိုတာက အရမ်းလည်း နူးညံတယ်။ အချစ်တစ်ခုဖြစ်ပေါ်လာဖို့ဆိုတာလည် း ဖြစ်ပေါ်လာဖို့ အရမ်းခက်ခဲတယ်။ ဒါကြောင့် ဒီလိုမျိုးခဲယဉ်းတဲ့အရာတစ်ခုပေါ်မှာတော့ တန်ဖိုးထားသိတတ်မှုကတော့ အရေးပါတယ်လို့ ကျွန်တော်မြင်ပါတယ်”
 
ချစ်သူကနားလည်ပေးလားဆိုတဲ့ အပေါ်မှာ နေတိုးက “နူးညံတဲ့ စိတ်ဓါတ်နဲ့ တယောက်ကို တယောက်နားလည်ဖို့ဆိုတာကတော့ ကျွန်တော်တို့ အချိန်ကာလတစ်ခုအနေနဲ့ ဖြတ်ကျော်လာခဲ့ပြီးပြီပေါ့။ ဒီလိုမျိုးနူးညံတဲ့ မေတ္တာတရားတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ကျွန်တော်တော့ ထင်ပါတယ်။ လောလောဆယ်တော့ ကျွန်တော်ဒီလောက်ပဲ ပြောပါ့မယ်။ နောက်မှ ပြန်ပြောပါမယ်။ ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါ”

နောက်ထပ်ဘယ်လို ကာရိုက်တာတွေနဲ့မြင်တွေ့ရဖို့ရှိလဲ ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “ကျွန်တော်တို့ ကျန်းမာရေးအရရော အသက်ရွယ်အရရော ထိန်းသိမ်းရမယ့် အရွယ်ကိုရောက်နေပြီပေါ့နော်။ ဒါကြောင့် အက်ရှင်ကားတွေ ဇာတ်ကြမ်းကားတွေ ကျွန်တော်တို့ ရိုက်ကူးဖို့ လိုအပ်နေတဲ့ ဇာတ်ကားတွေရှိတယ်။ ပြီးတော့ အားကစားနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေလည်း ရိုက်ဖို့ရှိတဲ့အတွက်ကြောင့် အရင်ကတော့ ကျွန်တော်ရုပ်ရှင်သမိုင်းမှာ ဒီလိုမျိုးဇာတ်ကားကောင်းတွေ သိပ်ရိုက်လေ့မရှိပါဘူး။ ဒါကြောင့် ဒီလိုဇာတ်ကားတွေ ရိုက်ဖို့လိုအပ်တယ်။ အက်ရှင်ကားတွေ ရိုက်ဖို့လိုအပ်တာကြောင့် ဘော်ဒီပိုင်းမှာတောင့်တင်းမှုရှိဖို့အတွက် ကျွန်တော်အများကြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top