iMyanmarHouse.com - Best Property Website for Myanmar
×


ရခိုင္လူမ်ိဳး အႏုပညာရွင္ျဖစ္တာနဲ႔အညီ ရခိုင္ကိုယ္စားျပဳ ကစားေနတဲ့ ျမန္မာေနရွင္နယ္လိဂ္က ရခိုင္ယူႏိုက္တက္အသင္းကို ဒု-ဥကၠဌ တာ၀န္ယူေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

ျမန္မာ့ရုပ္ရွင္ေလာကမွာ ပရိသတ္ရဲ႕ ေမတၱာကို အခိုင္အမာရယူထားႏိုင္ခဲ့တဲ့ ရုပ္ရွင္မင္းသားႀကီး ေနထက္လင္းကေတာ့ ျမန္မာ့ေဘာလုံးေလာကရဲ႕ တစ္ေထာင့္တစ္ေနရာကို ၀င္ေရာက္လာခဲ့ပါၿပီ။ရခိုင္လူမ်ိဳး ျဖစ္တာနဲ႔အညီ ျမန္မာေနရွင္နယ္လိဂ္ ၿပိဳင္ပြဲ၀င္ ရခိုင္ယူႏိုက္တက္အသင္းကို ဒု - ဥကၠဌ တာ၀န္ ကိုထမ္းေဆာင္သြားမွာ ျဖစ္ပါတယ္။

“ကြ်န္ေတာ္ရခုိင္တုိင္းရင္းသားတစ္ေယာက္အေနနဲ႕ ကြ်န္ေတာ္တုိ႕ ျပည္နယ္ကုိ ကုိယ္စားျပဳ ဝင္ေရာက္ယွဥ္ ျပိဳင္ ေနတဲ့ ေဘာလုံးအသင္းတုိးတက္ေအာင္ကူညီေပးသြားမယ္။ပရိသတ္ေတြတုိးလာေအာင္၊အသင္းမွာ ရွယ္ယာ ရွင္ေတြမ်ားလာေအာင္ စည္းရုံးေပးသြားမယ္။ရခုိင္ျပည္နယ္တစ္ခုလုံးမွာ ရွိတဲ့ လူငယ္ေတြကုိ ေဘာလုံး ကစားနည္းမွာ စိတ္ဝင္စားလာျပီး ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေတြျဖစ္ျပီး ႏုိင္ငံလက္ေရြးစင္ ကစားသမားေတြ ျဖစ္ေအာင္ ကူညီခ်င္တဲ့အတြက္ ဒုဥကၠဌ ရာထူးကုိလက္ခံခဲ့တာပါ”လို႔ သရုပ္ေဆာင္ ေနထက္လင္းက ရခိုင္ယူႏိုက္တက္ မီဒီယာကို ေျပာပါတယ္။

ေနထက္လင္းအခုလို ေဘာလုံးေလာကထဲ ၀င္ေရာက္လာတာဟာ ျမန္မာေနရွင္နယ္လိဂ္ ၿပိဳင္၀င္ ရခိုင္ယူႏိုက္တက္အသင္းအတြက္သာမက ျမန္မာ့ေဘာလုံးေလာကအတြက္လည္း အားတစ္ရပ္ျဖစ္ေစခဲ့ၿပီး လိဂ္ရဲ႕ ပုံရိပ္ကို မ်ားစြာ ျမင့္တက္လာေစဖို႔ ရွိေနတာလည္း ေတြ႕ျမင္ရပါတယ္။

ဒါ့အျပင္ အႏုပညာရွင္မ်ားစြာကလည္း အစကတည္းက ျမန္မာ့လက္ေရြးစင္အသင္းေတြကို ၀န္းရံခဲ့တာေတြ ရွိ ေပမယ့္ အခုလို ကလပ္အသင္းကို အႏုပညာရွင္ေတြ ၀န္းရံမႈေတြကေတာ့ လက္ေရြးစင္အသင္းထက္ စာလွ်င္ အနည္းငယ္မွ် နည္းပါးေနတာလည္း ျဖစ္ပါတယ္။

လက္ရွိ ျမန္မာေနရွင္နယ္လိိဂ္ (၁) ၿပိဳင္ပြဲ၀င္ ၁၂ သင္းမွာ တစ္သင္းအပါအ၀င္ျဖစ္တဲ့စစ္ကိုင္းယူႏုိက္တက္ အသင္းကိုေတာ့ အႏုပညာရွင္ ဖိုးခ်စ္က တည္ေထာင္ထားတာ ျဖစ္ၿပီး ေနထက္လင္း ရခိုင္ယူႏုိက္တက္ကို ဒု- ဥကၠဌ တာ၀န္ယူမယ္ဆိုေတာ့ ဒါဟာ လိဂ္ကို ေနာက္ထပ္ အႏုပညာရွင္တစ္ေရာက္ ထပ္မံ ေရာက္ရွိလာတာ လည္း ျဖစ္ပါတယ္။

ရခိုင္ယူႏိုက္တက္အသင္းကေတာ့ ၂၀၁၉ ျမန္မာေနရွင္နယ္လိဂ္ ပထမအေက်ာ့ ပြဲစဥ္ ၁၁ ပြဲစလုံးကို ရာသီဥတု အေျခအေနအရ စစ္ေတြၿမိဳ႕မွာ တစ္ဆက္တည္း ကစားဖို႔ ရွိေနပါတယ္။

Credit: Duwun

#Unicode Version#

ရခိုင်လူမျိုး အနုပညာရှင်ဖြစ်တာနဲ့အညီ ရခိုင်ကိုယ်စားပြု ကစားနေတဲ့ မြန်မာနေရှင်နယ်လိဂ်က ရခိုင်ယူနိုက်တက်အသင်းကို ဒု-ဥက္ကဌ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်လောကမှာ ပရိသတ်ရဲ့ မေတ္တာကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး နေထက်လင်းကတော့ မြန်မာ့ဘောလုံးလောကရဲ့ တစ်ထောင့်တစ်နေရာကို ဝင်ရောက်လာခဲ့ပါပြီ။ရခိုင်လူမျိုး ဖြစ်တာနဲ့အညီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ရခိုင်ယူနိုက်တက်အသင်းကို ဒု - ဥက္ကဌ တာဝန် ကိုထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ပြည်နယ်ကို ကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင် နေတဲ့ ဘောလုံးအသင်းတိုးတက်အောင်ကူညီပေးသွားမယ်။ပရိသတ်တွေတိုးလာအောင်၊အသင်းမှာ ရှယ်ယာ ရှင်တွေများလာအောင် စည်းရုံးပေးသွားမယ်။ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ရှိတဲ့ လူငယ်တွေကို ဘောလုံး ကစားနည်းမှာ စိတ်ဝင်စားလာပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေဖြစ်ပြီး နိုင်ငံလက်ရွေးစင် ကစားသမားတွေ ဖြစ်အောင် ကူညီချင်တဲ့အတွက် ဒုဥက္ကဌ ရာထူးကိုလက်ခံခဲ့တာပါ”လို့ သရုပ်ဆောင် နေထက်လင်းက ရခိုင်ယူနိုက်တက် မီဒီယာကို ပြောပါတယ်။

နေထက်လင်းအခုလို ဘောလုံးလောကထဲ ဝင်ရောက်လာတာဟာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ဝင် ရခိုင်ယူနိုက်တက်အသင်းအတွက်သာမက မြန်မာ့ဘောလုံးလောကအတွက်လည်း အားတစ်ရပ်ဖြစ်စေခဲ့ပြီး လိဂ်ရဲ့ ပုံရိပ်ကို များစွာ မြင့်တက်လာစေဖို့ ရှိနေတာလည်း တွေ့မြင်ရပါတယ်။

ဒါ့အပြင် အနုပညာရှင်များစွာကလည်း အစကတည်းက မြန်မာ့လက်ရွေးစင်အသင်းတွေကို ဝန်းရံခဲ့တာတွေ ရှိ ပေမယ့် အခုလို ကလပ်အသင်းကို အနုပညာရှင်တွေ ဝန်းရံမှုတွေကတော့ လက်ရွေးစင်အသင်းထက် စာလျှင် အနည်းငယ်မျှ နည်းပါးနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာနေရှင်နယ်လိဂ် (၁) ပြိုင်ပွဲဝင် ၁၂ သင်းမှာ တစ်သင်းအပါအဝင်ဖြစ်တဲ့စစ်ကိုင်းယူနိုက်တက် အသင်းကိုတော့ အနုပညာရှင် ဖိုးချစ်က တည်ထောင်ထားတာ ဖြစ်ပြီး နေထက်လင်း ရခိုင်ယူနိုက်တက်ကို ဒု- ဥက္ကဌ တာဝန်ယူမယ်ဆိုတော့ ဒါဟာ လိဂ်ကို နောက်ထပ် အနုပညာရှင်တစ်ရောက် ထပ်မံ ရောက်ရှိလာတာ လည်း ဖြစ်ပါတယ်။

ရခိုင်ယူနိုက်တက်အသင်းကတော့ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ် ၁၁ ပွဲစလုံးကို ရာသီဥတု အခြေအနေအရ စစ်တွေမြို့မှာ တစ်ဆက်တည်း ကစားဖို့ ရှိနေပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top