iMyanmarHouse.com - Best Property Website for Myanmar
×


အခုေခတ္ မိန္းကေလးေတြၾကား ေရပန္းစားလာတာက Glow Skin ျဖစ္ၿပီး ဒီလိုမ်ိဳး ဝင္းလက္ေစမယ့္ မိတ္ကပ္ေတြ၊ Skincare ေတြ အေရာင္းသြက္လာတာကို ေတြ႕ရပါတယ္။ နဂိုအသားအေရ မေကာင္းတဲ့သူေတြကလည္း Glow Look ကို Highlighter သုံးၿပီး ဖန္တီးႏိုင္ပါတယ္။ ဒါဆိုရင္ Highlighter ကို ဘယ္လိုအသုံးျပဳသင့္တယ္ဆိုတာ သိဖို႔အတြက္ လြယ္ကူသက္သာတဲ့ နည္းလမ္းေတြ ေဝမွ်ေပးလိုက္ပါတယ္။

(၁) ေဖာင္ေဒးရွင္းနဲ႔ လိုက္ဖက္ ညီပါေစ

သင္ဟာ မိတ္ကပ္ေဖာင္ေဒးရွင္း အရည္သုံးမယ္ဆိုရင္ Highlighter ကိုလည္း အရည္ပဲသုံးသင့္ပါတယ္။ ေပါင္ဒါ ေဖာင္ေဒးရွင္းမ်ိဳး သုံးမယ္ဆိုရင္ေတာ့ ခရင္မ္ Highlighter ကို သုံးပါ။

(၂) ေရာပါ

ပုံမွန္သိထားတာကေတာ့ Highlighter ကို မိတ္ကပ္လိမ္းၿပီးမွ အေပၚက ထပ္ျခယ္တယ္လို႔ပဲ သိၾကပါတယ္။ တကယ္ေတာ့ သင္လိမ္းမယ့္ ေဖာင္ေဒးရွင္းမွာ Highlighter အနည္းငယ္ေရာၿပီး မိတ္ကပ္ေဖာ့ေလးနဲ႔ လိမ္းတဲ့အခါ မကြက္ေတာ့ဘဲ သင့္မ်က္ႏွာက ဝင္းဝင္းေလးျဖစ္ေနမွာပါ။

(၃) အဓိကက်တဲ့ ေနရာေတြကို လိမ္းပါ

ဘယ္ေနရာေတြမွာ Highlighter သုံးရမလဲ မေသခ်ာရင္ ေနအဓိက ထိႏိုင္တဲ့ ေနရာမ်ိဳးကို စဥ္းစားပါ။ ဥပမာ- နဖူူး၊ ႏွာေခါင္း၊ ပါး႐ိုးနဲ႔ ေမး႐ိုးလို ေနရာမ်ိဳးမွာ သုံးေပးရင္ သဘာဝ ဆန္ဆန္ေလးနဲ႔ လွေနမွာပါ။

(၄) Highlighter အစား Facial Oil, Concealer သုံးလို႔ ရပါတယ္

Highlighter ကုန္ေနတဲ့ အခါမွာေတာ့ Concealer ကို အစားသုံးလို႔ ရပါတယ္။ သင္ Highlight လုပ္ခ်င္တဲ့ ေနရာေတြကို Concealer အရင္ အုပ္ပါ။ ၿပီးရင္ မိတ္ကပ္ေဖာ့မွာ Facial Oil ၂ စက္၊ ၃ စက္ ထည့္ၿပီး Concealer အေပၚမွာ ျပန႔္ေအာင္လိမ္းရင္းနဲ႔လည္း Glow Look ကို ဖန္တီးႏိုင္ပါတယ္။

(၅) ႏႈတ္ခမ္းနီကိုလည္း အသုံးျပဳႏိုင္ပါတယ္

အေရာင္မရွိတဲ့ Lip gloss ကို မ်က္ႏွာမွာ ျခယ္သျခင္းအားျဖင့္လည္း Glow မိတ္ကပ္လုပ္လို႔ ရပါတယ္။

(၆) နည္းနည္းပဲ သုံးပါ

မ်က္ႏွာမွာ Highlighter သုံးခ်င္တဲ့အခါ အမ်ားႀကီးလိမ္းတာမ်ိဳး မလုပ္ပါနဲ႔။ နည္းနည္းခ်င္းစီယူၿပီး ေသခ်ာ လိမ္းေပးသင့္ပါတယ္။ ဒါမွ သဘာဝဆန္ဆန္ လွေနမွာ ျဖစ္ပါတယ္။

(၇) ပါးနီနဲ႔ Highlighter ဘယ္ဟာ အရင္သုံးမလဲ

မိန္းကေလးေတြအတြက္ ပါးနီကလည္း မရွိမျဖစ္ပါဘဲ။ ဒါေၾကာင့္ ပါးနီနဲ႔ Highlighter သုံးတဲ့အခါ ပါးနီလိမ္းၿပီးမွ Highlighter အနည္းငယ္ ထပ္ျခယ္သပါ။ ဒီလို အေျခခံနည္းလမ္းေတြကို သိၿပီးတဲ့အခါ Highlighter တေခ်ာင္းေလာက္ ဝယ္ၿပီး အိမ္မွာ လက္တည့္စမ္းၾကည့္လို႔ ရပါၿပီ။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

အခုခေတ် မိန်းကလေးတွေကြား ရေပန်းစားလာတာက Glow Skin ဖြစ်ပြီး ဒီလိုမျိုး ဝင်းလက်စေမယ့် မိတ်ကပ်တွေ၊ Skincare တွေ အရောင်းသွက်လာတာကို တွေ့ရပါတယ်။ နဂိုအသားအရေ မကောင်းတဲ့သူတွေကလည်း Glow Look ကို Highlighter သုံးပြီး ဖန်တီးနိုင်ပါတယ်။ ဒါဆိုရင် Highlighter ကို ဘယ်လိုအသုံးပြုသင့်တယ်ဆိုတာ သိဖို့အတွက် လွယ်ကူသက်သာတဲ့ နည်းလမ်းတွေ ဝေမျှပေးလိုက်ပါတယ်။

(၁) ဖောင်ဒေးရှင်းနဲ့ လိုက်ဖက် ညီပါစေ

သင်ဟာ မိတ်ကပ်ဖောင်ဒေးရှင်း အရည်သုံးမယ်ဆိုရင် Highlighter ကိုလည်း အရည်ပဲသုံးသင့်ပါတယ်။ ပေါင်ဒါ ဖောင်ဒေးရှင်းမျိုး သုံးမယ်ဆိုရင်တော့ ခရင်မ် Highlighter ကို သုံးပါ။

(၂) ရောပါ

ပုံမှန်သိထားတာကတော့ Highlighter ကို မိတ်ကပ်လိမ်းပြီးမှ အပေါ်က ထပ်ခြယ်တယ်လို့ပဲ သိကြပါတယ်။ တကယ်တော့ သင်လိမ်းမယ့် ဖောင်ဒေးရှင်းမှာ Highlighter အနည်းငယ်ရောပြီး မိတ်ကပ်ဖော့လေးနဲ့ လိမ်းတဲ့အခါ မကွက်တော့ဘဲ သင့်မျက်နှာက ဝင်းဝင်းလေးဖြစ်နေမှာပါ။

(၃) အဓိကကျတဲ့ နေရာတွေကို လိမ်းပါ

ဘယ်နေရာတွေမှာ Highlighter သုံးရမလဲ မသေချာရင် နေအဓိက ထိနိုင်တဲ့ နေရာမျိုးကို စဉ်းစားပါ။ ဥပမာ- နဖူူး၊ နှာခေါင်း၊ ပါးရိုးနဲ့ မေးရိုးလို နေရာမျိုးမှာ သုံးပေးရင် သဘာဝ ဆန်ဆန်လေးနဲ့ လှနေမှာပါ။

(၄) Highlighter အစား Facial Oil, Concealer သုံးလို့ ရပါတယ်

Highlighter ကုန်နေတဲ့ အခါမှာတော့ Concealer ကို အစားသုံးလို့ ရပါတယ်။ သင် Highlight လုပ်ချင်တဲ့ နေရာတွေကို Concealer အရင် အုပ်ပါ။ ပြီးရင် မိတ်ကပ်ဖော့မှာ Facial Oil ၂ စက်၊ ၃ စက် ထည့်ပြီး Concealer အပေါ်မှာ ပြန့်အောင်လိမ်းရင်းနဲ့လည်း Glow Look ကို ဖန်တီးနိုင်ပါတယ်။

(၅) နှုတ်ခမ်းနီကိုလည်း အသုံးပြုနိုင်ပါတယ်

အရောင်မရှိတဲ့ Lip gloss ကို မျက်နှာမှာ ခြယ်သခြင်းအားဖြင့်လည်း Glow မိတ်ကပ်လုပ်လို့ ရပါတယ်။

(၆) နည်းနည်းပဲ သုံးပါ

မျက်နှာမှာ Highlighter သုံးချင်တဲ့အခါ အများကြီးလိမ်းတာမျိုး မလုပ်ပါနဲ့။ နည်းနည်းချင်းစီယူပြီး သေချာ လိမ်းပေးသင့်ပါတယ်။ ဒါမှ သဘာဝဆန်ဆန် လှနေမှာ ဖြစ်ပါတယ်။

(၇) ပါးနီနဲ့ Highlighter ဘယ်ဟာ အရင်သုံးမလဲ

မိန်းကလေးတွေအတွက် ပါးနီကလည်း မရှိမဖြစ်ပါဘဲ။ ဒါကြောင့် ပါးနီနဲ့ Highlighter သုံးတဲ့အခါ ပါးနီလိမ်းပြီးမှ Highlighter အနည်းငယ် ထပ်ခြယ်သပါ။ ဒီလို အခြေခံနည်းလမ်းတွေကို သိပြီးတဲ့အခါ Highlighter တချောင်းလောက် ဝယ်ပြီး အိမ်မှာ လက်တည့်စမ်းကြည့်လို့ ရပါပြီ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top