iMyanmarHouse.com - Best Property Website for Myanmar
×


အႏုပညာေလာကမွာ အက္ရွင္မင္းသမီးတစ္ေယာက္အျဖစ္ လူသိမ်ားတဲ့ ခြန္းဆင့္ေနျခည္ ကေတာ့ ပရိသတ္ေတြ သိၿပီးျဖစ္မွာပါေနာ္ ။ တျခားမင္းသမီးေတြနဲ႔မတူ ဘဲ ေဖာက္ထြက္ေနတဲ့ အက္ရွင္ကားေတာ္ေတာ္မ်ားမ်ားကို သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္လက္ခံအားေပးမႈ ေတြရရွိခဲ့တာပါ ။ လတ္တေလာ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရပန္းစားေနတဲ့ တရားစြဲဆိုၾကတဲ ကိစၥေတြနဲ႔ပတ္သက္ျပီး ခြန္းဆင့္ကလည္း တရားစြဲေတာ့မယ္လုိ႔ ဆိုလာပါတယ္ ။

” ကၽြန္မကိုရက္ရက္စက္စက္ ေစာ္ကားေမာ္ကားလုပ္သြားတဲ့ သတၱဝါစိတ္နဲ႔ရွင္သန္ေနတဲ့သူတစ္ေယာက္ကို တရားစြဲမွာပါ ကိုယ္ေတြကေအးရာေအးေၾကာင္းေနတတ္သူေတြဆိုေတာ့ အႏိုင္က်င့္ခ်င္ၾကတယ္ေလ တရားေလးေတာ့စြဲၿပီးမွတ္ေလာက္သားေလာက္ေအာင္ ပညာျပလိုက္အံုးမွ ဘာရမလဲ ခြန္းဆင့္ေနျခည္တဲ့ မွတ္ထားေနာင္တရသြားေစရမယ္ ” ဆိုတဲ့စာသားနဲ႕အတူ သူမရဲ႕မေက်နပ္ခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာပါ ။


သူ(မ) ကို ပရိသတ္ေတြနဲ႔ေလးႏွစ္ေက်ာ္အဆက္ျဖတ္ခဲ့တဲ့အတြက္ရယ္ ၊ သူနဲ႔ပတ္သက္ၿပီးတဲ့ေနာက္ပိုင္းမွာ ပိုက္ဆံေတြအမ်ားႀကီးကုန္က်ခံခဲ့ရတာေတြအတြက္ရယ္ ၊ ခြန္းဆင့္ကိုေလးႏွစ္ေက်ာ္အတြင္း အႀကိမ္ႀကိမ္စိတ္ပင္ပန္းဆင္းရဲေအာင္လုပ္ခဲ့တဲ့အတြက္ရယ္၊ သူနဲ႔ပတ္သက္ခဲ့မိလို႔ ခြန္းဆင့္ ဘဝေရတိမ္မွာနစ္ရသူလို ဆုပ္လည္းဆူး စားလည္း႐ူးရမဲ့အေျခအေနတစ္ခုနဲ႔ရင္ဆိုင္ခဲ့ရတာေတာင္ သူေကာင္းစားဖို႔အတြက္ အခက္အခဲႏြံထဲမွာ သူအဆင္ေျပေအာင္လို႔ သူ႔ဘဝေလးသာယာလွပေအာင္လို႔ လူတကာကိုဖားၿပီး မ်က္ႏွာငယ္ေလးနဲ႔ တစ္ေယာက္ထဲမေသရံုတမယ္ ခက္ခက္ခဲခဲႀကိဳးစား႐ုန္းကန္ျပီးသူ႔အတြက္အေကာင္းဆံုးေတြၾကီးပဲ ေပးဆပ္ခဲ့ပါတယ္လို႕သူ(မ)ရဲ႕ခံစားခ်က္ေတြကို ရင္ဖြင့္ခဲ့ပါတယ္ ။

ေဝဖန္သူေတြၾကားထဲမွာ သူ႔႐ုပ္ထြက္ေလးလွေအာင္လို႔ ႏိုင္ငံျခားသားေတြဆီမွာအပ္ႏွံၿပီးေပါင္းတင္ေပးခဲ့ရသလို လိုေလေသးမရွိ သူ႔အတြက္ဆိုကုန္ခ်င္သေလာက္ကုန္ပါေစဆိုၿပီး ေပးဆပ္ခဲ့ပါတယ္တဲ့ ။ ကိုယ့္သားသမီးေလးသဖြယ္ ဂ႐ုတစိုက္နဲ႔တျမတ္တႏိုး ဘက္စံုတန္ဆာဆင္ေပးခဲ့တဲ့ သူ(မ) ကို ရက္ရက္စက္စက္ ညိဳမဲေနေအာင္ ကိုက္ခဲခဲ့တယ္လို႔လည္းသိရပါတယ္ ။ ” သူ႔ဆီကပိုးေတြမကူးေအာင္လို႔ အနာခံၿပီး ေဆးရွစ္လံုးထိုးခဲ့ရတာေတြကိုလည္း ပရိသတ္ေတြအားလံုး သိသူေတြသိထားၾကၿပီးသားပါ ကၽြန္မတရားစြဲသင့္ဆံုးသူကသူဘဲ။ ကၽြန္မကိုမညႇာမတာစိတ္ပင္ပန္းလူပင္ပန္းျဖစ္ေအာင္လုပ္ခဲ့လို႔ စဥ္းစားေလေဒါသထြက္ေလဘဲ ခု လံုး၀ သည္းမခံႏိုင္ေတာ့ဘူး ကၽြန္မ ေခတ္မီေအာင္လို႔ တရားစြဲဖို႔ဆံုးျဖတ္လိုက္ပါၿပီ ” လို႕ ေရးသားထားတာ ေတြ႕ရပါတယ္ ။

သူရွိတဲ့ ထိုင္းႏိုင္ငံကိုလိုက္သြားခဲ့ေပမယ့္ သူ(မ) ေမွ်ာ္လင့္သလိုျဖစ္မလာခဲ့ဘူး သူ႔ကိုရွာမေတြ႕ေတာ့ဘူး လို႕ဆုိပါတယ္ ။ သူအပါအဝင္ သူတို႔တစ္မ်ိဳးလံုးေနထိုင္ၾကတဲ့ ဘုန္းႀကီးေက်ာင္းကို ထိုင္းအစိုးရက ပိတ္လိုက္ၿပီး သူတို႔ကို တျခားေနရာမွာ ေျပာင္းေနခိုင္းလိုက္ၾကတယ္ ဆုိတဲ့သတင္းၾကားခဲ့ရပါတယ္ ။

 ခြန္းဆင့္တရားစြဲမယ့္ သူကေတာ့ သမန္းက်ား ရုပ္ရွင္ကားၾကီး ရိုုက္ကူးေနစဥ္က သူမကို ကိုက္ခဲ့တဲ့ က်ားၾကီးပဲ ျဖစ္ပါတယ္ ။ တကယ္ေတာ့ ခြန္းဆင့္တစ္ေယာက္ သူမရဲ႕ဖန္ေတြကို စိတ္ပူေအာင္ ေရးျပီး ခ်စ္စႏိုးနဲ႕စေနာက္လုိက္တာပါ ။ တကယ္ေတာ့ ဘယ္သူကိုမွ တရားမစြဲပါဘူးတဲ့ေနာ္ ။

Credit: celegabar

# Unicode Version ျဖင့္ ဖတ္ပါ #

အနုပညာလောကမှာ အက်ရှင်မင်းသမီးတစ်ယောက်အဖြစ် လူသိများတဲ့ ခွန်းဆင့်နေခြည် ကတော့ ပရိသတ်တွေ သိပြီးဖြစ်မှာပါနော် ။ တခြားမင်းသမီးတွေနဲ့မတူ ဘဲ ဖောက်ထွက်နေတဲ့ အက်ရှင်ကားတော်တော်များများကို သရုပ်ဆောင်ခဲ့ပြီး ပရိသတ်လက်ခံအားပေးမှု တွေရရှိခဲ့တာပါ ။ လတ်တလော လူမှုကွန်ရက်စာမျက်နှာမှာ ရေပန်းစားနေတဲ့ တရားစွဲဆိုကြတဲ ကိစ္စတွေနဲ့ပတ်သက်ပြီး ခွန်းဆင့်ကလည်း တရားစွဲတော့မယ်လို့ ဆိုလာပါတယ် ။

” ကျွန်မကိုရက်ရက်စက်စက် စော်ကားမော်ကားလုပ်သွားတဲ့ သတ္တဝါစိတ်နဲ့ရှင်သန်နေတဲ့သူတစ်ယောက်ကို တရားစွဲမှာပါ ကိုယ်တွေကအေးရာအေးကြောင်းနေတတ်သူတွေဆိုတော့ အနိုင်ကျင့်ချင်ကြတယ်လေ တရားလေးတော့စွဲပြီးမှတ်လောက်သားလောက်အောင် ပညာပြလိုက်အုံးမှ ဘာရမလဲ ခွန်းဆင့်နေခြည်တဲ့ မှတ်ထားနောင်တရသွားစေရမယ် ” ဆိုတဲ့စာသားနဲ့အတူ သူမရဲ့မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာပါ ။


သူ(မ) ကို ပရိသတ်တွေနဲ့လေးနှစ်ကျော်အဆက်ဖြတ်ခဲ့တဲ့အတွက်ရယ် ၊ သူနဲ့ပတ်သက်ပြီးတဲ့နောက်ပိုင်းမှာ ပိုက်ဆံတွေအများကြီးကုန်ကျခံခဲ့ရတာတွေအတွက်ရယ် ၊ ခွန်းဆင့်ကိုလေးနှစ်ကျော်အတွင်း အကြိမ်ကြိမ်စိတ်ပင်ပန်းဆင်းရဲအောင်လုပ်ခဲ့တဲ့အတွက်ရယ်၊ သူနဲ့ပတ်သက်ခဲ့မိလို့ ခွန်းဆင့် ဘဝရေတိမ်မှာနစ်ရသူလို ဆုပ်လည်းဆူး စားလည်းရူးရမဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတာတောင် သူကောင်းစားဖို့အတွက် အခက်အခဲနွံထဲမှာ သူအဆင်ပြေအောင်လို့ သူ့ဘဝလေးသာယာလှပအောင်လို့ လူတကာကိုဖားပြီး မျက်နှာငယ်လေးနဲ့ တစ်ယောက်ထဲမသေရုံတမယ် ခက်ခက်ခဲခဲကြိုးစားရုန်းကန်ပြီးသူ့အတွက်အကောင်းဆုံးတွေကြီးပဲ ပေးဆပ်ခဲ့ပါတယ်လို့သူ(မ)ရဲ့ခံစားချက်တွေကို ရင်ဖွင့်ခဲ့ပါတယ် ။

ဝေဖန်သူတွေကြားထဲမှာ သူ့ရုပ်ထွက်လေးလှအောင်လို့ နိုင်ငံခြားသားတွေဆီမှာအပ်နှံပြီးပေါင်းတင်ပေးခဲ့ရသလို လိုလေသေးမရှိ သူ့အတွက်ဆိုကုန်ချင်သလောက်ကုန်ပါစေဆိုပြီး ပေးဆပ်ခဲ့ပါတယ်တဲ့ ။ ကိုယ့်သားသမီးလေးသဖွယ် ဂရုတစိုက်နဲ့တမြတ်တနိုး ဘက်စုံတန်ဆာဆင်ပေးခဲ့တဲ့ သူ(မ) ကို ရက်ရက်စက်စက် ညိုမဲနေအောင် ကိုက်ခဲခဲ့တယ်လို့လည်းသိရပါတယ် ။ ” သူ့ဆီကပိုးတွေမကူးအောင်လို့ အနာခံပြီး ဆေးရှစ်လုံးထိုးခဲ့ရတာတွေကိုလည်း ပရိသတ်တွေအားလုံး သိသူတွေသိထားကြပြီးသားပါ ကျွန်မတရားစွဲသင့်ဆုံးသူကသူဘဲ။ ကျွန်မကိုမညှာမတာစိတ်ပင်ပန်းလူပင်ပန်းဖြစ်အောင်လုပ်ခဲ့လို့ စဉ်းစားလေဒေါသထွက်လေဘဲ ခု လုံး၀ သည်းမခံနိုင်တော့ဘူး ကျွန်မ ခေတ်မီအောင်လို့ တရားစွဲဖို့ဆုံးဖြတ်လိုက်ပါပြီ ” လို့ ရေးသားထားတာ တွေ့ရပါတယ် ။

သူရှိတဲ့ ထိုင်းနိုင်ငံကိုလိုက်သွားခဲ့ပေမယ့် သူ(မ) မျှော်လင့်သလိုဖြစ်မလာခဲ့ဘူး သူ့ကိုရှာမတွေ့တော့ဘူး လို့ဆိုပါတယ် ။ သူအပါအဝင် သူတို့တစ်မျိုးလုံးနေထိုင်ကြတဲ့ ဘုန်းကြီးကျောင်းကို ထိုင်းအစိုးရက ပိတ်လိုက်ပြီး သူတို့ကို တခြားနေရာမှာ ပြောင်းနေခိုင်းလိုက်ကြတယ် ဆိုတဲ့သတင်းကြားခဲ့ရပါတယ် ။ ခွန်းဆင့်တရားစွဲမယ့် သူကတော့ သမန်းကျား ရုပ်ရှင်ကားကြီး ရိုက်ကူးနေစဉ်က သူမကို ကိုက်ခဲ့တဲ့ ကျားကြီးပဲ ဖြစ်ပါတယ် ။ တကယ်တော့ ခွန်းဆင့်တစ်ယောက် သူမရဲ့ဖန်တွေကို စိတ်ပူအောင် ရေးပြီး ချစ်စနိုးနဲ့စနောက်လိုက်တာပါ ။ တကယ်တော့ ဘယ်သူကိုမှ တရားမစွဲပါဘူးတဲ့နော် ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top