လက္႐ွိအခ်ိန္ ၿဗိတိန္မွာ လူေသဆံုးမႈအမ်ားဆံုးျဖစ္ေစတဲ့ အခ်က္ေတြထဲ တစ္ခ်က္က လူကို ႏွလံုးခုန္ႏႈန္း မမွန္ျဖစ္ေစတဲ့ ကဖင္းဓာတ္ေတြရဲ႕ အာနိသင္ပါ။ လူႀကိဳက္မ်ားလွစြာ ေသာက္သံုးေနတဲ့ စြမ္းအားျဖည့္အခ်ိဳရည္ဘူးေတြဟာ ႏွလံုးကိုဒဏ္ျဖစ္ေစတဲ့ ကဖင္းဓာတ္ေတြ အေျမာက္အမ်ားကို ပါဝင္ေနတာေၾကာင့္ စိုးရိမ္စရာ အႏၱရာယ္ ျဖစ္လာပါတယ္။
စြမ္းအားျဖည့္အခ်ိဳရည္ ပံုမွန္ေသာက္သံုးတတ္တဲ့အက်င့္က သင့္ကို သာမန္လူထက္ ေလျဖတ္ႏုိင္ေျခ ငါးဆပိုျမင့္ေစလာခဲ့ၿပီျဖစ္ေၾကာင္း မ်က္ကြယ္ျပဳမရတဲ့ ရလာဒ္ထြက္ေပၚလာခဲ့ပါၿပီ။
ပိုဆိုးတဲ့အခ်က္က စြမ္းအားျဖည့္အခ်ိဳရည္ေတြဟာ လူမသိသူမသိ အသံတိတ္လူသတ္သမားေတြျဖစ္ေနတာပါ။ အေၾကာင္းကေတာ့ သင့္မွာ အခ်ိဳရည္ထဲက ကဖင္းဓာတ္ဝန္ပိမႈကို ႏွစ္အနည္းငယ္ျကာခံစားလာရေပမယ့္ က်န္းမာေရးျပသနာျဖစ္ေနေၾကာင္း အခ်က္ျပအေနနဲ႔ သိသာထင္႐ွားတဲ့ ဘယ္လို ေရာဂါလကၡဏာမ်ိဳးမွ မျပသပါဘူး။ပံုမွန္ထက္ လြန္ကဲစြာေသာက္သံုးၿပီး ေရ႐ွည္စြဲျမဲလာခဲ့သူေတြမွာေတာ့ ႐ုတ္တရက္ ႏွလံုးေဖာက္ၿပီး ေလျဖတ္တာမ်ိဳးအထိ ျဖစ္ေစႏိုင္ပါတယ္။ သင္မသိလုိက္ႏို္င္တဲ့ အခ်ိန္မေရြးတိုင္းမွာ ဦးေႏွာက္ နဲ႔ ႏွလံုး အႏၱရာယ္ ၾကံဳရႏို္င္တာ သတိျပဳစရာပါ။
သာမန္ ၂၅၀ မီလီလီတာ အခ်ိဳရည္ဘူးရဲ႕ ကဖင္းဓာတ္က ၈၀ မီလီဂရမ္ႏႈန္းနဲ႔ ပါဝင္ေနၿပီး ဒါဟာ ကိုကာကိုလာ အခ်ိဳရည္ထက္ ၂ဆပိုမိုမ်ားျပားၿပီး ၆၀ မီလီလီတာ အက္စပရက္ဆုိ တစ္ခြက္နဲ႔ ညီမ်ွတဲ့ ကဖင္းဓာတ္အခ်ိဳးအစားျဖစ္ပါတယ္။တစ္ေန႔ကို ေကာ္ဖီ ၄-၅ ခြက္ ေသာက္သံုးျခင္းမွာေတာင္ အေတာ္မ်ားတဲ့ အႏၱရာယ္ျဖစ္ပါတယ္။ က်န္းမာေရး ျပသနာအရ ကဖင္းဓာတ္ဟာ ေသြးထဲစီးဆင္းမႈကေနတစ္ဆင့္ ဦးေႏွာက္နဲ႔ ႏွလံုးကို အဓိကတိုက္ခိုက္တာျဖစ္ပါတယ္။
ေကာ္ဖီ ေသာက္လိုက္ၿပီ၊ စြမ္းအားျဖည့္အခ်ဳိ ရည္ ေသာက္သံုးမိၿပီးလို႔ မူးမိုက္လာတယ္၊ ႏွလံုးတုန္ ရင္တုန္ခံစားလာရၿပီဆိုရင္ ဒါဟာ သင့္အတြက္ မသင့္ေလ်ာ္တဲ့ ကဖင္းဓာတ္ ျဖစ္ေၾကာင္း ခႏၶာကိုယ္က အခ်က္ျပျခင္းပါပဲ။ ဆင္ျခင္သိနဲ႕သာ ထိန္းသိမ္းရမွာပါ။
ဒီေန႔ေခတ္မွာ ကဖင္းဓာတ္ေျမာက္ျမားစြာပါဝင္ေနတဲ့ အခ်ဳိရည္ေတြကို ႏွစ္စဥ္တိုင္း လီတာ သန္း၆၀၀ အထိ ေသာက္သံုးေနၾကၿပီး ဆင္ျခင္ႏုိင္ကာမွ ေတာ္ကာက်ပါမယ့္ ေခတ္ႀကီးမွာ စီးပြားေရးအရ လူသားေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ လွံု႕ေဆာ္မႈကို အသံုးခ်လာတဲ့ စီးပြားျဖစ္ထုတ္ကုန္ေတြရဲ႕ အစားအေသာက္ နဲ႔ ရသာရမၼက္တပ္မက္မႈကေန က်န္းမာေရးအသိသတိဟာ ေပ်ာက္ျပယ္လာတာေၾကာင့္ အခုအေၾကာင္းအရာေလးကို ေဝမ်ွေပးလိုက္ရျခင္း ျဖစ္ပါတယ္။
Credit: Burmese.asia
# Unicode Version ျဖင့္ ဖတ္ပါ #
လက်ရှိအချိန် ဗြိတိန်မှာ လူသေဆုံးမှုအများဆုံးဖြစ်စေတဲ့ အချက်တွေထဲ တစ်ချက်က လူကို နှလုံးခုန်နှုန်း မမှန်ဖြစ်စေတဲ့ ကဖင်းဓာတ်တွေရဲ့ အာနိသင်ပါ။ လူကြိုက်များလှစွာ သောက်သုံးနေတဲ့ စွမ်းအားဖြည့်အချိုရည်ဘူးတွေဟာ နှလုံးကိုဒဏ်ဖြစ်စေတဲ့ ကဖင်းဓာတ်တွေ အမြောက်အများကို ပါဝင်နေတာကြောင့် စိုးရိမ်စရာ အန္တရာယ် ဖြစ်လာပါတယ်။
စွမ်းအားဖြည့်အချိုရည် ပုံမှန်သောက်သုံးတတ်တဲ့အကျင့်က သင့်ကို သာမန်လူထက် လေဖြတ်နိုင်ခြေ ငါးဆပိုမြင့်စေလာခဲ့ပြီဖြစ်ကြောင်း မျက်ကွယ်ပြုမရတဲ့ ရလာဒ်ထွက်ပေါ်လာခဲ့ပါပြီ။
ပိုဆိုးတဲ့အချက်က စွမ်းအားဖြည့်အချိုရည်တွေဟာ လူမသိသူမသိ အသံတိတ်လူသတ်သမားတွေဖြစ်နေတာပါ။ အကြောင်းကတော့ သင့်မှာ အချိုရည်ထဲက ကဖင်းဓာတ်ဝန်ပိမှုကို နှစ်အနည်းငယ်ကြာခံစားလာရပေမယ့် ကျန်းမာရေးပြသနာဖြစ်နေကြောင်း အချက်ပြအနေနဲ့ သိသာထင်ရှားတဲ့ ဘယ်လို ရောဂါလက္ခဏာမျိုးမှ မပြသပါဘူး။ပုံမှန်ထက် လွန်ကဲစွာသောက်သုံးပြီး ရေရှည်စွဲမြဲလာခဲ့သူတွေမှာတော့ ရုတ်တရက် နှလုံးဖောက်ပြီး လေဖြတ်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ သင်မသိလိုက်နိုင်တဲ့ အချိန်မရွေးတိုင်းမှာ ဦးနှောက် နဲ့ နှလုံး အန္တရာယ် ကြုံရနိုင်တာ သတိပြုစရာပါ။
သာမန် ၂၅၀ မီလီလီတာ အချိုရည်ဘူးရဲ့ ကဖင်းဓာတ်က ၈၀ မီလီဂရမ်နှုန်းနဲ့ ပါဝင်နေပြီး ဒါဟာ ကိုကာကိုလာ အချိုရည်ထက် ၂ဆပိုမိုများပြားပြီး ၆၀ မီလီလီတာ အက်စပရက်ဆို တစ်ခွက်နဲ့ ညီမျှတဲ့ ကဖင်းဓာတ်အချိုးအစားဖြစ်ပါတယ်။တစ်နေ့ကို ကော်ဖီ ၄-၅ ခွက် သောက်သုံးခြင်းမှာတောင် အတော်များတဲ့ အန္တရာယ်ဖြစ်ပါတယ်။ ကျန်းမာရေး ပြသနာအရ ကဖင်းဓာတ်ဟာ သွေးထဲစီးဆင်းမှုကနေတစ်ဆင့် ဦးနှောက်နဲ့ နှလုံးကို အဓိကတိုက်ခိုက်တာဖြစ်ပါတယ်။
ကော်ဖီ သောက်လိုက်ပြီ၊ စွမ်းအားဖြည့်အချို ရည် သောက်သုံးမိပြီးလို့ မူးမိုက်လာတယ်၊ နှလုံးတုန် ရင်တုန်ခံစားလာရပြီဆိုရင် ဒါဟာ သင့်အတွက် မသင့်လျော်တဲ့ ကဖင်းဓာတ် ဖြစ်ကြောင်း ခန္ဓာကိုယ်က အချက်ပြခြင်းပါပဲ။ ဆင်ခြင်သိနဲ့သာ ထိန်းသိမ်းရမှာပါ။
ဒီနေ့ခေတ်မှာ ကဖင်းဓာတ်မြောက်မြားစွာပါဝင်နေတဲ့ အချိုရည်တွေကို နှစ်စဉ်တိုင်း လီတာ သန်း၆၀၀ အထိ သောက်သုံးနေကြပြီး ဆင်ခြင်နိုင်ကာမှ တော်ကာကျပါမယ့် ခေတ်ကြီးမှာ စီးပွားရေးအရ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို အသုံးချလာတဲ့ စီးပွားဖြစ်ထုတ်ကုန်တွေရဲ့ အစားအသောက် နဲ့ ရသာရမ္မက်တပ်မက်မှုကနေ ကျန်းမာရေးအသိသတိဟာ ပျောက်ပြယ်လာတာကြောင့် အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ရခြင်း ဖြစ်ပါတယ်။