iMyanmarHouse.com - Best Property Website for Myanmar
×


စူပါေမာ္ဒယ္ သႏၱာလႈိင္ကေတာ့ မိန္းကေလးတိုင္းအားက်ရတဲ့ အမိုက္စား Body ကို ပိုင္ဆိုင္ထားသူပါ။ အသက္ (၄၀) ေက်ာ္၊သားသမီး ႏွစ္ေယာက္ရဲ႕ ေမေမဆိုေပမယ့္ တကယ့္ကို အပ်ိဳေလးေတြ ရႈံးရေလာက္တဲ့ က်စ္္လစ္က်န္းမာ လွပတဲ့ အခ်ိဳးအစားကို ပိုင္ဆိုင္ထားသူပါ။ ဒီလို Body မ်ိဳးကိုရေအာင္ ကိုယ္တိုင္လည္း Body Fitness ကို ဂရုတစိုက္နဲ႔ အခ်ိန္ေပးႀကိဳးစား လုပ္ တတ္သူပါ။

စူပါေမာ္ဒယ္ သႏၱာလႈိင္ကေတာ့ T’s Workshop ဆုိတဲ့ Fitness Gym ကိုလည္း ဖြင့္လွစ္ၿပီး လူတိုင္းရဲ႕ စိတ္ကူး အိမ္ မက္ထဲက Body မ်ိဳးကို ရေအာင္္ တစ္ဖက္တစ္လမ္းကေန ကူညီေပးေနသူပါ။ သႏၱာလႈိင္ကေတာ့ သူမရဲ႕ fb မွာ Workout ဗီဒီယိုဖိုင္ေလးတစ္ခုကိို ရွယ္ထားပါတယ္။ ကိရိယာလြတ္ျဖစ္တဲ့ အတြက္ Gym သြားဖို႔ အခ်ိန္မရွိသူေတြ အေနနဲ႔ အိမ္မွာအလြယ္တကူလုပ္လို႔ရပါတယ္။ တင္ပါးနဲ႔ေပါင္ကၾကြက္သားေတြကို က်စ္လစ္ၿပီး အဆီေတြ ေပ်ာ္က်လာေစ မယ့္ ကစားကြက္ေလးလို႔လည္း ေျပာထားပါတယ္။

“ခ်စ္တို႔ေရ…. ဒီေန႔ ေလ့က်င့္ခန္းကေတာ့ စက္ကရိယာေတြ သံုးစရာမလိုပဲ ကိုယ့္ခႏၶာကိုယ္ ဝိတ္ကိုပဲ သံုးၿပီး တိုတိုနဲ႔ ထိေရာက္ေအာင္ လုပ္ေပးထားပါတယ္… တင္ပါးနဲ႔ ေပါင္က ႂကြက္သားေလးေတြ က်စ္လစ္ၿပီး တစ္ကိုယ္လံုးက အဆီေတြ ေပ်ာ္က်လာေစမယ့္ ကစားကြက္ေလးပါ။
အပတ္တိုင္း ႀကိဳးစားၿပီး တင္ေပးမယ္ေနာ္… ဒီအေကာင့္ေလးကို ေဖာ္လို လုပ္ထားပါ…

ဒီလို အားကစားနည္းေတြကို နည္းလမ္းတက် သင္တန္း မွာ ဆရာေတြနဲ႔ ကိုယ္တိုင္သင္ခ်င္တဲ့သူေတြအတြက္ New Year present ၃၀% ရာႏႈန္း ေလွ်ာ့ေပးေနပါၿပီေနာ္…. လက္ခံရယူဖို႔ ကို မိမိရဲ႕ ဖုန္းနံပတ္ကို ေကာ္မင့္မွာ မန္႔ထားခဲ့ပါ… ဒါမွမဟုတ္ အခုပဲ မက္ေဆ့ကို ႏွိပ္ၿပီး စံုစမ္းလိုက္ပါ။

ဒီမွာ ျပထားတဲ့အတိုင္းကို ေအာက္ပါ မိနစ္ စကၠန္႔အတိုင္း ph ထဲက timer နဲ႔ alarm ေပးၿပီး အတိအက်ကစားပါ…
စလုပ္ခ်ိန္ကို စာအုပ္ထဲမွာ ခ်ေရးပါ ၿပီးတဲ့အခ်ိန္ကိုလဲ ခ်ေရးပါ။


Double Tap x ၆၀ စကၠန္႔
Reverse Lunges x ၆၀ စကၠန္႔
Lateral Leg Raise x ၆၀ စကၠန္႔
Squat x ၆၀ စကၠန္႔
Donkey Kick x ၆၀ စကၠန္႔
—————————————-
၂ မိနစ္နားၿပီ အစအဆံုး ၃ ခါ ျပန္ေက်ာ့ ကစားပါ…
ၿပီးရင္ အေၾကာေလွ်ာ့ပါ

၃ ေက်ာ့လံုးကို အားလံုးေပါင္း မိနစ္ ၃၀ အတြင္း ဝင္ေအာင္ ကစားပါ။ တစ္ကယ္ကစားတဲ့ အခ်ိန္က ၁၅ မိနစ္ပဲ ရွိပါတယ္။ က်န္တာက နားခ်ိန္ေတြပါ ၿပီးရင္ ဘယ္လိုခံစားရလဲ ေသခ်ာေလး မန္႔ေပးသြားပါေနာ္….

ဒီလို အိမ္မွာ လုပ္လို႔ရတဲ့ နည္းေတြကို သင္တန္းက ဆရာေတြနဲ႔ တစ္ခ်ိန္ျဖစ္ျဖစ္ ၂ ခိ်န္ပဲ ျဖစ္ျဖစ္ လာသင္ခ်င္တယ္ဆိုရင္ေတာ့ မိမိရဲ႕နံပတ္ကို မန္႔ထားခဲ့ပါ… သို႔မဟုတ္ ေအာက္က မက္ေဆ့ကို ႏွိပ္ျပီး ေမးလို႔ရပါတယ္ ။အားလံုး လွပက်န္းမာေစဖို႔…” ဆုိၿပီး ေ၀မွ်ေပးထားတာပါ။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

စူပါမော်ဒယ် သန္တာလှိုင်ကတော့ မိန်းကလေးတိုင်းအားကျရတဲ့ အမိုက်စား Body ကို ပိုင်ဆိုင်ထားသူပါ။ အသက် (၄၀) ကျော်၊သားသမီး နှစ်ယောက်ရဲ့ မေမေဆိုပေမယ့် တကယ့်ကို အပျိုလေးတွေ ရှုံးရလောက်တဲ့ ကျစ်လစ်ကျန်းမာ လှပတဲ့ အချိုးအစားကို ပိုင်ဆိုင်ထားသူပါ။ ဒီလို Body မျိုးကိုရအောင် ကိုယ်တိုင်လည်း Body Fitness ကို ဂရုတစိုက်နဲ့ အချိန်ပေးကြိုးစား လုပ် တတ်သူပါ။

စူပါမော်ဒယ် သန္တာလှိုင်ကတော့ T’s Workshop ဆိုတဲ့ Fitness Gym ကိုလည်း ဖွင့်လှစ်ပြီး လူတိုင်းရဲ့ စိတ်ကူး အိမ် မက်ထဲက Body မျိုးကို ရအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေသူပါ။ သန္တာလှိုင်ကတော့ သူမရဲ့ fb မှာ Workout ဗီဒီယိုဖိုင်လေးတစ်ခုကို ရှယ်ထားပါတယ်။ ကိရိယာလွတ်ဖြစ်တဲ့ အတွက် Gym သွားဖို့ အချိန်မရှိသူတွေ အနေနဲ့ အိမ်မှာအလွယ်တကူလုပ်လို့ရပါတယ်။ တင်ပါးနဲ့ပေါင်ကကြွက်သားတွေကို ကျစ်လစ်ပြီး အဆီတွေ ပျော်ကျလာစေ မယ့် ကစားကွက်လေးလို့လည်း ပြောထားပါတယ်။

“ချစ်တို့ရေ…. ဒီနေ့ လေ့ကျင့်ခန်းကတော့ စက်ကရိယာတွေ သုံးစရာမလိုပဲ ကိုယ့်ခန္ဓာကိုယ် ဝိတ်ကိုပဲ သုံးပြီး တိုတိုနဲ့ ထိရောက်အောင် လုပ်ပေးထားပါတယ်… တင်ပါးနဲ့ ပေါင်က ကြွက်သားလေးတွေ ကျစ်လစ်ပြီး တစ်ကိုယ်လုံးက အဆီတွေ ပျော်ကျလာစေမယ့် ကစားကွက်လေးပါ။
အပတ်တိုင်း ကြိုးစားပြီး တင်ပေးမယ်နော်… ဒီအကောင့်လေးကို ဖော်လို လုပ်ထားပါ…

ဒီလို အားကစားနည်းတွေကို နည်းလမ်းတကျ သင်တန်း မှာ ဆရာတွေနဲ့ ကိုယ်တိုင်သင်ချင်တဲ့သူတွေအတွက် New Year present ၃၀% ရာနှုန်း လျှော့ပေးနေပါပြီနော်…. လက်ခံရယူဖို့ ကို မိမိရဲ့ ဖုန်းနံပတ်ကို ကော်မင့်မှာ မန့်ထားခဲ့ပါ… ဒါမှမဟုတ် အခုပဲ မက်ဆေ့ကို နှိပ်ပြီး စုံစမ်းလိုက်ပါ။

ဒီမှာ ပြထားတဲ့အတိုင်းကို အောက်ပါ မိနစ် စက္ကန့်အတိုင်း ph ထဲက timer နဲ့ alarm ပေးပြီး အတိအကျကစားပါ…
စလုပ်ချိန်ကို စာအုပ်ထဲမှာ ချရေးပါ ပြီးတဲ့အချိန်ကိုလဲ ချရေးပါ။

Double Tap x ၆၀ စက္ကန့်
Reverse Lunges x ၆၀ စက္ကန့်
Lateral Leg Raise x ၆၀ စက္ကန့်
Squat x ၆၀ စက္ကန့်
Donkey Kick x ၆၀ စက္ကန့်
—————————————-
၂ မိနစ်နားပြီ အစအဆုံး ၃ ခါ ပြန်ကျော့ ကစားပါ…
ပြီးရင် အကြောလျှော့ပါ

၃ ကျော့လုံးကို အားလုံးပေါင်း မိနစ် ၃၀ အတွင်း ဝင်အောင် ကစားပါ။ တစ်ကယ်ကစားတဲ့ အချိန်က ၁၅ မိနစ်ပဲ ရှိပါတယ်။ ကျန်တာက နားချိန်တွေပါ ပြီးရင် ဘယ်လိုခံစားရလဲ သေချာလေး မန့်ပေးသွားပါနော်….

ဒီလို အိမ်မှာ လုပ်လို့ရတဲ့ နည်းတွေကို သင်တန်းက ဆရာတွေနဲ့ တစ်ချိန်ဖြစ်ဖြစ် ၂ ချိန်ပဲ ဖြစ်ဖြစ် လာသင်ချင်တယ်ဆိုရင်တော့ မိမိရဲ့နံပတ်ကို မန့်ထားခဲ့ပါ… သို့မဟုတ် အောက်က မက်ဆေ့ကို နှိပ်ပြီး မေးလို့ရပါတယ် ။အားလုံး လှပကျန်းမာစေဖို့…” ဆိုပြီး ဝေမျှပေးထားတာပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top