iMyanmarHouse.com - Best Property Website for Myanmar
×








Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

မော်ဒယ်သရုပ်ဆောင် ဥက္ကာမင်းမောင်လို့ ပြောလိုက်တာနဲ့ မသိတဲ့သူတွေ မရှိလောက်အောင် ရှားပါးလွန်းလှပါတယ်။ တစ်ချိန်က ဇာတ်ကားတွေ များစွာမှာ သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ သူကတော့ ယခုဆိုရင် အနုပညာအလုပ်ဘက်ကို လျော့နည်းလာပြီး ပရိသတ်တွေနဲ့ ကင်းကွာနေခဲ့ရတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်ကို ဆက်လက် လုပ်ကိုင်မှုမရှိတာ့ပေမယ့်လည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားခဲ့ရတဲ့ သူဟာဆိုရင် ချစ်တဲ့ သူတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ဖန်တီးတည်ဆောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။

ဥက္ကာမင်းမောင် ကတော့ ယခုဆိုရင် သိပ်ချစ်ရတဲ့ ချစ်သူနဲ့အတူ နယူးယောက်မြို့မှာ ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ ခရစ်စမတ် ချိန်ခါလေးမှာ ချစ်သူနဲ့ အတူတူရှိနေခဲ့ရတဲ့ ဥက္ကာမင်းမောင်ကတော့ “All I want for Christmas is you .” ဆိုပြီး ချစ်သူအတွက် ဆုတောင်းစကားလေး ဆိုပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်သူကို ခရစ်စမတ် ဆုတောင်းစကားလေး ဆိုပေးထားခဲ့တဲ့ ဥက္ကာမင်းမောင်ကတော့ ချစ်သူရဲ့ မိဘများထံမှ မုန့်ဖိုးငွေတွေ ရရှိခဲ့ကြောင်းကို ” ကျွန်တော့် ချစ်ချစ်ရဲ့ ဖေဖေနဲ့ မေမေက ခရစ်စမတ် လက်ဆောင်ပေးတာ.. ငှဲငှဲ..  ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲဖြစ်ပါတယ်။

ချစ်သူနဲ့အတူ ပျော်ရွှင်စရာ အချစ်ရေးကို ထူထောင်ထားနိုင်ခဲ့တဲ့ ဥက္ကာမင်းမောင်ကတော့ ချစ်ချစ်ရဲ့ ဖေဖေနဲ့ မေမေက ခရစ်စမတ် လက်ဆောင်အဖြစ် မုန့်ဖိုးငွေတွေ အများကြီးပေးလို့ အပျော်ကြီး ပျော်ရွှင်နေခဲ့ရတာကြောင့် ပရိသတ်ကြီးလည်း သဘောကျ နှစ်သက်မိမယ်လို့ ထင်ပါတယ်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို  ကျေးဇူးအထူးတင်ရှိပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top