iMyanmarHouse.com - Best Property Website for Myanmar
×


အခ်ိန္မကုန္ လြယ္ကူသက္သာတဲ့ နည္းလမ္း ျဖစ္ေပမယ့္ နည္းလမ္းမွန္မွန္နဲ ့ေတာ့ ဇြဲရွိရွိ လုပ္ရပါမယ္။

ပါဝင္ပစၥည္း မ်ားကေတာ့…

သံပုရာသီး တစ္လုံး
ဂ်င္း လက္ တစ္ဆစ္ခန္ ့ နဲ႔
ပ်ားရည္ ၂ ဇြန္းခန္ ့

ပထမဆုံး သံပုရာသီး နဲ ့ဂ်င္းလက္ တစ္ဆစ္ကုိ အခြံမခြါပဲ ေရစင္စင္ ေဆးပါၿပီးလွ်င္ ႏွစ္မ်ိဳးလုံးကုိ အကြင္းလုိက္ ပါးပါးေလး လွီးေပးပါ။ေကာ္ဖီ တစ္ခြက္စာ အဖုံးပါေသာ ေၾကြ သုိ ့ဖန္ခြက္ တစ္ခြက္ထဲသုိ ့ထည့္ၿပီး ပ်ားရည္ ထမင္းစားဇြန္း ၂ ဇြန္းထည့္ပါၿပီးရင္ ေရေႏြးဆူဆူ (လက္ဖက္ေျခာက္မပါ ရုိးရုိးေရေႏြး) ေလာင္းထည့္ၿပီး အဖုံးအုပ္ထားေပးပါ။နာရီဝက္ခန္ ့ေနလွ်င္ ေရေႏြးေႏြးေလး အေနအထားမွာ ဇြန္းျဖင့္ ေမႊေပးၿပီး တစ္ခြက္လုံးေသာက္ပါ။ အဖတ္ေတြ ကုိ လႊင့္ပစ္ရပါမယ္။

သတိထားရမွာကေတာ့ ညမအိပ္ခင္ အစားအေသာက္ အကုန္ စားၿပီးခ်ိန္နဲ ့ နာရီဝက္ခန္ ့ခြါ ၿပီး ေသာက္ ရပါမယ္။

ဒီေရေႏြး ေသာက္ၿပီး အစာ မစားေတာ့လွ်င္ အေကာင္းဆုံးပါပဲ။ အႏွစ္ႏွစ္ အလအလ အဆီပုိေတြ ျဖစ္တဲ့ အတြက္ အနည္းဆုံး ဆယ္ရက္ခန္ ့ေတာ့ ပုံမွန္ ေသာက္ၾကည့္ေပးပါ။သိသာတယ္ဆုိ ဆက္ေသာက္ခ်င္ လာပါလိမ့္မယ္။ ေသာက္တာ ရက္ ၂၀ ေလာက္ ရွိပါၿပီ သိသာပါတယ္။ညီမေလး တစ္ေယာက္ဆီက ရတဲ့ နည္းကုိ ျပန္ၿပီး မွ်ေဝေပးတာပါ။ သိသာလုိ ့ လက္တုိ ့လုိက္ ပါတယ္ေနာ္။

ႏို႕တုိက္မိခင္မ်ား နဲ ့ ကုိယ္ဝန္ရွိ အမ်ိဳးသမီးမ်ား မေသာက္သင့္ပါဘူး။ လူနည္းစုအေနနဲ ့ ေသာက္ေနတုန္း အခန္ ့မသင့္ ဗုိက္ေအာင့္ဗုိက္နာ ျဖစ္လာတာမ်ိဳး Pressure က်လာတယ္ ဆုိတဲ့ လူမ်ိဳးေတြေတာ့ ဆက္မေသာက္သင့္ပါဘူးရွင္။ပ်ားရည္နဲ ့ဂ်င္း ပါဝင္တာေၾကာင့္ သုံးမ်ိဳးေပါင္းၿပီး ထိန္းေပးသြားတယ္ လုိ ့ထင္ပါတယ္။ ေသာက္တာကလည္း ညအခ်ိန္ ျဖစ္ေတာ့ အစာေတြ ရွိေနၿပီေလ အစာအိမ္ကုိ မထိခုိက္နုိင္ပါဘူး။ အလြန္အကြ်ံ ေဘးထြက္ဆုိးက်ိဳးေတာ့ ျဖဴ မႀကံဳဖူးေသးပါဘူး။

ကုိယ္လုိခ်င္ သေလာက္ အတုိင္းအတာ ရၿပီ ဆုိရင္ ေန ့တုိင္းမေသာက္ပဲ တစ္ပတ္ မွာ ၃ ရက္ေလာက္ပဲ ေသာက္ပါရွင္။ စရိတ္နည္းတဲ့ နည္းမုိ ့လုိ ့ ထိန္းညွိၿပီး လုိသလုိ သုံးၾကည့္ၾကေပါ့။ပုိၿပီး ထိေရာက္ခ်င္ရင္ေတာ့ ဒါလည္းေသာက္မယ္ ေလ့က်င့္ခန္းလည္း လုပ္မယ္ အစားလည္း အနည္းငယ္ (အဆီမ်ားတဲ့ အစားအစာ) ေရွာင္မယ္ဆုိ သိပ္ကုိ ထိေရာက္မွာပါ။

ဒါေသာက္တာက အဆီျပင္ေတြကုိ ေပ်ာ့ေပ်ာင္းလာေစၿပီး ေလ့က်င့္ခန္းေႀကာင့္ က်စ္လစ္လာမွာပါ …

Credit: Daw A Phyu Yaung

# Unicode Version ျဖင့္ ဖတ္ပါ #

အချိန်မကုန် လွယ်ကူသက်သာတဲ့ နည်းလမ်း ဖြစ်ပေမယ့် နည်းလမ်းမှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ရပါမယ်။

ပါဝင်ပစ္စည်း များကတော့…

သံပုရာသီး တစ်လုံး
ဂျင်း လက် တစ်ဆစ်ခန့် နဲ့
ပျားရည် ၂ ဇွန်းခန့်

ပထမဆုံး သံပုရာသီး နဲ့ဂျင်းလက် တစ်ဆစ်ကို အခွံမခွါပဲ ရေစင်စင် ဆေးပါပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက် ပါးပါးလေး လှီးပေးပါ။ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ဖန်ခွက် တစ်ခွက်ထဲသို့ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ်ထားပေးပါ။နာရီဝက်ခန့်နေလျှင် ရေနွေးနွေးလေး အနေအထားမှာ ဇွန်းဖြင့် မွှေပေးပြီး တစ်ခွက်လုံးသောက်ပါ။ အဖတ်တွေ ကို လွှင့်ပစ်ရပါမယ်။

သတိထားရမှာကတော့ ညမအိပ်ခင် အစားအသောက် အကုန် စားပြီးချိန်နဲ့ နာရီဝက်ခန့်ခွါ ပြီး သောက် ရပါမယ်။

ဒီရေနွေး သောက်ပြီး အစာ မစားတော့လျှင် အကောင်းဆုံးပါပဲ။ အနှစ်နှစ် အလအလ အဆီပိုတွေ ဖြစ်တဲ့ အတွက် အနည်းဆုံး ဆယ်ရက်ခန့်တော့ ပုံမှန် သောက်ကြည့်ပေးပါ။သိသာတယ်ဆို ဆက်သောက်ချင် လာပါလိမ့်မယ်။ သောက်တာ ရက် ၂၀ လောက် ရှိပါပြီ သိသာပါတယ်။ညီမလေး တစ်ယောက်ဆီက ရတဲ့ နည်းကို ပြန်ပြီး မျှဝေပေးတာပါ။ သိသာလို့ လက်တို့လိုက် ပါတယ်နော်။

နို့တိုက်မိခင်များ နဲ့ ကိုယ်ဝန်ရှိ အမျိုးသမီးများ မသောက်သင့်ပါဘူး။ လူနည်းစုအနေနဲ့ သောက်နေတုန်း အခန့်မသင့် ဗိုက်အောင့်ဗိုက်နာ ဖြစ်လာတာမျိုး Pressure ကျလာတယ် ဆိုတဲ့ လူမျိုးတွေတော့ ဆက်မသောက်သင့်ပါဘူးရှင်။ပျားရည်နဲ့ဂျင်း ပါဝင်တာကြောင့် သုံးမျိုးပေါင်းပြီး ထိန်းပေးသွားတယ် လို့ထင်ပါတယ်။ သောက်တာကလည်း ညအချိန် ဖြစ်တော့ အစာတွေ ရှိနေပြီလေ အစာအိမ်ကို မထိခိုက်နိုင်ပါဘူး။ အလွန်အကျွံ ဘေးထွက်ဆိုးကျိုးတော့ ဖြူ မကြုံဖူးသေးပါဘူး။

ကိုယ်လိုချင် သလောက် အတိုင်းအတာ ရပြီ ဆိုရင် နေ့တိုင်းမသောက်ပဲ တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါရှင်။ စရိတ်နည်းတဲ့ နည်းမို့လို့ ထိန်းညှိပြီး လိုသလို သုံးကြည့်ကြပေါ့။ပိုပြီး ထိရောက်ချင်ရင်တော့ ဒါလည်းသောက်မယ် လေ့ကျင့်ခန်းလည်း လုပ်မယ် အစားလည်း အနည်းငယ် (အဆီများတဲ့ အစားအစာ) ရှောင်မယ်ဆို သိပ်ကို ထိရောက်မှာပါ။

ဒါသောက်တာက အဆီပြင်တွေကို ပျော့ပျောင်းလာစေပြီး လေ့ကျင့်ခန်းကြောင့် ကျစ်လစ်လာမှာပါ …
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top