iMyanmarHouse.com - Best Property Website for Myanmar
×


ေလ့လာေတြ႔ရွိခ်က္ေတြအရေတာ့ တစ္ပတ္လံုးမွာ တနလၤာ ေန႔ကို အမုန္းမ်ားၾကတာကိုေတြ႔ရတယ္။ ဒါေပမဲ့ ခိုင္လံုတဲ့ အေၾကာင္းျပခ်က္ေတြလည္း သူတို႔မွာ ရွိၾကတယ္။ ဘာလို႔လဲဆိုေတာ့ လြတ္လပ္မႈေတြ ဆံုး႐ံႈးသြား လို႔ပဲျဖစ္ပါတယ္။ တနလၤာေန႔မနက္လိုမ်ိဳးမွာ ဘယ္သူမဆို ေကာင္းေကာင္းအိပ္ၿပီး၊ ေကာင္းေကာင္းစားၿပီး နားနားေနေနနဲ႔ ဘယ္သူမဆို အခ်ိန္ကုန္ဆံုးခ်င္ၾကတာပဲမဟုတ္လား။

တကယ္လို႔သာ တနလၤာေန႔မနက္မွာ အိပ္ရာေစာေစာထေနရတာကိုက သင့္အတြက္ ဒုုကၡတစ္ခုလိုျဖစ္ေနမယ္ဆိုရင္ သင့္အလုပ္ကိုလည္း စိတ္ပ်က္ေနမိမွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ တနလၤာေန႔မနက္မွာ ဒီလိုေတြမျဖစ္ရေလေအာင္ ဘယ္လိုလုပ္ သင့္တယ္ဆိုတာ အႀကံျပဳေပးလိုက္ပါတယ္။

(၁) အလုပ္ပိတ္ရက္မွာ အေပ်ာ္ခရီးတိုထြက္ဖို႔ အစီအစဥ္ဆြဲပါ

ရက္သတၱတစ္ပတ္ ႐ံုးပိတ္ရက္ျဖစ္တဲ့ စေနတနဂၤေႏြလို ေန႔မ်ိဳးေတြမွာပဲျဖစ္ျဖစ္ သင့္ရဲ႕ အမွတ္ဉာဏ္အားေတြ ေကာင္းမြန္ လာဖို႔အတြက္ သင့္ရဲ႕စိတ္ဝိညာဥ္ကလည္း လန္းဆန္းၿပီး ၾကည္လင္ေနဖို႔လိုပါတယ္။ ဒါေၾကာင့္ ႐ံုးပိတ္ရက္ေလးေတြမွာ သူငယ္ခ်င္းေတြနဲ႔ပဲျဖစ္ျဖစ္ အနီးအနားေနရာေတြကို အေပ်ာ္ခရီးတိုေလး ထြက္ေပးပါ။ အဆင္ေျပေျပရွိႏိုင္မယ့္ ေနရာမ်ိဳး ေလးေတြကို ေရြးသြားၿပီး အခ်ိန္ျဖဳန္းပစ္လိုက္ပါ။

(၂) သင့္အလုပ္မွာ စိတ္ထြက္ေပါက္ရွာပါ

လြတ္လပ္မႈေတြ ေပ်ာက္ဆံုးေနတယ္လို႔ ဘာ့ေၾကာင့္ ကၽြန္ေတာ္တို႔ေတြ ခံစားေနၾကရတာလဲဆိုရင္ တနလၤာေန႔ မနက္ကို အလုပ္ဆင္းရက္အျဖစ္ ထည့္တြက္ထားလို႔ပါ။ တကယ္ေတာ့ တနလၤာေန႔မနက္ဟာ လုပ္ငန္းခြင္နဲ႔ စိန္ေခၚေနရမယ့္ ေန႔မ်ိဳး မျဖစ္သင့္ပါဘူး။ အတိအက်ဆိုရမယ္ဆိုရင္ေတာ့ တစ္ပတ္စာအတြက္ ျပင္ဆင္ရမယ့္ေန႔ ျဖစ္ပါတယ္။ ဒါဆို တနလၤာေန႔ အစား တစ္ျခားမနက္ခင္းတစ္ခုျဖစ္လာဖို႔ ေမွ်ာ္လင့္ေနမယ့္အစား အဲဒီေန႔ကို တစ္ပတ္စာအတြက္ ထုတ္လုပ္မႈပိုေကာင္း ေအာင္ လုပ္ရမယ့္ေန႔လို႔ပဲ စိတ္မွာပိုက္ၿပီး အဲဒီေန႔မွာ ျပင္ဆင္မႈေတြ ကို အဓိကထား လုပ္ေဆာင္ပါ။

(၃) အိပ္ေရးဝဝအိပ္ပါ

ဒါကေတာ့ ပုဂၢိဳလ္ေရးအေတြ႔အႀကံဳတစ္ခုကေန ေရာက္လာတတ္တာမ်ိဳးပဲ။ မအိပ္ပဲေနမယ္ဆိုရင္ တစ္ပတ္လံုး စိတ္ဖိစီးမႈ ေတြပဲ ရေနလိမ့္မယ္။ တစ္နဂၤေႏြေန႔ညမွာပဲ အိပ္ရာေစာေစာဝင္ဖို႔မဟုတ္ဘူး။ အိပ္ေရးဝဝအိပ္ႏိုင္ဖို႔အတြက္ ေလ့က်င့္ျပင္ ဆင္ရမယ့္အရာေတြ ရွိတယ္။ သီးသန္႔အခန္းတစ္ခုေလာက္ စီစဥ္ၿပီး အလင္းေရာင္ကို ခပ္မွိန္မွိန္ပဲ ထားပါ။ ေပါ့ေပါ့ပါးပါး သီခ်င္းေလးတစ္ပုဒ္ေလာက္ဖြင့္ၿပီး ဖိစီးေနတဲ့စိတ္ေတြကို သင့္ရဲ႕ စိတ္ဝိညာဥ္ ကေန ဖယ္ခြာသုတ္သင္ပစ္လိုက္ပါ။ ဒါဆို ႐ံုးပိတ္ရက္မွာ သိပ္ကို ေက်နပ္အားရစရာေကာင္းတဲ့ အိပ္စက္ျခင္းေလးတစ္ခု ျဖစ္လာပါလိမ့္မယ္။

(၄) မနက္စာကို အရသာရွိရွိစားပါ

မနက္စာကို က်န္းမာေရးတို႔၊ ဓာတ္စာတိုနဲ႔ ခ်ိန္ထိုးၿပီး စားေနမယ္ဆိုရင္ေတာင္မွ တနလၤာေန႔မနက္ မွာေတာ့ နည္းနည္း ေလာက္ ေျပာင္းလဲၿပီး စားၾကည့္လိုက္ပါ။ အလုပ္သြားတဲ့အခ်ိန္က်ရင္ စိတ္အားတက္ၾကြေနေစဖို႔အတြက္ တနလၤာေန႔ရဲ႕ မနက္စာကို စိတ္ႀကိဳက္ျပင္ဆင္ၿပီးမွ စားေပးပါ။ ၿပီးေတာ့ သင့္အေနနဲ႔ သၾကားဓာတ္ပါတဲ့ အစားအေသာက္ေတြကို ေရွာင္ခ်င္ေကာင္း ေရွာင္ခ်င္ေနပါလိမ့္မယ္။ ဒါေပမဲ့ သၾကားဟာ သင့္အတြက္ လိုအပ္ေနတဲ့ စြမ္းအင္ေတြနဲ႔ ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ျမန္ျမန္ဆန္ဆန္ ျပန္ျဖည့္ေပးႏိုင္ပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

လေ့လာတွေ့ရှိချက်တွေအရတော့ တစ်ပတ်လုံးမှာ တနင်္လာ နေ့ကို အမုန်းများကြတာကိုတွေ့ရတယ်။ ဒါပေမဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေလည်း သူတို့မှာ ရှိကြတယ်။ ဘာလို့လဲဆိုတော့ လွတ်လပ်မှုတွေ ဆုံးရှုံးသွား လို့ပဲဖြစ်ပါတယ်။ တနင်္လာနေ့မနက်လိုမျိုးမှာ ဘယ်သူမဆို ကောင်းကောင်းအိပ်ပြီး၊ ကောင်းကောင်းစားပြီး နားနားနေနေနဲ့ ဘယ်သူမဆို အချိန်ကုန်ဆုံးချင်ကြတာပဲမဟုတ်လား။

တကယ်လို့သာ တနင်္လာနေ့မနက်မှာ အိပ်ရာစောစောထနေရတာကိုက သင့်အတွက် ဒုက္ခတစ်ခုလိုဖြစ်နေမယ်ဆိုရင် သင့်အလုပ်ကိုလည်း စိတ်ပျက်နေမိမှာ သေချာပါတယ်။ ဒါကြောင့် တနင်္လာနေ့မနက်မှာ ဒီလိုတွေမဖြစ်ရလေအောင် ဘယ်လိုလုပ် သင့်တယ်ဆိုတာ အကြံပြုပေးလိုက်ပါတယ်။

(၁) အလုပ်ပိတ်ရက်မှာ အပျော်ခရီးတိုထွက်ဖို့ အစီအစဉ်ဆွဲပါ

ရက်သတ္တတစ်ပတ် ရုံးပိတ်ရက်ဖြစ်တဲ့ စနေတနင်္ဂနွေလို နေ့မျိုးတွေမှာပဲဖြစ်ဖြစ် သင့်ရဲ့ အမှတ်ဉာဏ်အားတွေ ကောင်းမွန် လာဖို့အတွက် သင့်ရဲ့စိတ်ဝိညာဉ်ကလည်း လန်းဆန်းပြီး ကြည်လင်နေဖို့လိုပါတယ်။ ဒါကြောင့် ရုံးပိတ်ရက်လေးတွေမှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အနီးအနားနေရာတွေကို အပျော်ခရီးတိုလေး ထွက်ပေးပါ။ အဆင်ပြေပြေရှိနိုင်မယ့် နေရာမျိုး လေးတွေကို ရွေးသွားပြီး အချိန်ဖြုန်းပစ်လိုက်ပါ။

(၂) သင့်အလုပ်မှာ စိတ်ထွက်ပေါက်ရှာပါ

လွတ်လပ်မှုတွေ ပျောက်ဆုံးနေတယ်လို့ ဘာ့ကြောင့် ကျွန်တော်တို့တွေ ခံစားနေကြရတာလဲဆိုရင် တနင်္လာနေ့ မနက်ကို အလုပ်ဆင်းရက်အဖြစ် ထည့်တွက်ထားလို့ပါ။ တကယ်တော့ တနင်္လာနေ့မနက်ဟာ လုပ်ငန်းခွင်နဲ့ စိန်ခေါ်နေရမယ့် နေ့မျိုး မဖြစ်သင့်ပါဘူး။ အတိအကျဆိုရမယ်ဆိုရင်တော့ တစ်ပတ်စာအတွက် ပြင်ဆင်ရမယ့်နေ့ ဖြစ်ပါတယ်။ ဒါဆို တနင်္လာနေ့ အစား တစ်ခြားမနက်ခင်းတစ်ခုဖြစ်လာဖို့ မျှော်လင့်နေမယ့်အစား အဲဒီနေ့ကို တစ်ပတ်စာအတွက် ထုတ်လုပ်မှုပိုကောင်း အောင် လုပ်ရမယ့်နေ့လို့ပဲ စိတ်မှာပိုက်ပြီး အဲဒီနေ့မှာ ပြင်ဆင်မှုတွေ ကို အဓိကထား လုပ်ဆောင်ပါ။

(၃) အိပ်ရေးဝဝအိပ်ပါ

ဒါကတော့ ပုဂ္ဂိုလ်ရေးအတွေ့အကြုံတစ်ခုကနေ ရောက်လာတတ်တာမျိုးပဲ။ မအိပ်ပဲနေမယ်ဆိုရင် တစ်ပတ်လုံး စိတ်ဖိစီးမှု တွေပဲ ရနေလိမ့်မယ်။ တစ်နင်္ဂနွေနေ့ညမှာပဲ အိပ်ရာစောစောဝင်ဖို့မဟုတ်ဘူး။ အိပ်ရေးဝဝအိပ်နိုင်ဖို့အတွက် လေ့ကျင့်ပြင် ဆင်ရမယ့်အရာတွေ ရှိတယ်။ သီးသန့်အခန်းတစ်ခုလောက် စီစဉ်ပြီး အလင်းရောင်ကို ခပ်မှိန်မှိန်ပဲ ထားပါ။ ပေါ့ပေါ့ပါးပါး သီချင်းလေးတစ်ပုဒ်လောက်ဖွင့်ပြီး ဖိစီးနေတဲ့စိတ်တွေကို သင့်ရဲ့ စိတ်ဝိညာဉ် ကနေ ဖယ်ခွာသုတ်သင်ပစ်လိုက်ပါ။ ဒါဆို ရုံးပိတ်ရက်မှာ သိပ်ကို ကျေနပ်အားရစရာကောင်းတဲ့ အိပ်စက်ခြင်းလေးတစ်ခု ဖြစ်လာပါလိမ့်မယ်။

(၄) မနက်စာကို အရသာရှိရှိစားပါ

မနက်စာကို ကျန်းမာရေးတို့၊ ဓာတ်စာတိုနဲ့ ချိန်ထိုးပြီး စားနေမယ်ဆိုရင်တောင်မှ တနင်္လာနေ့မနက် မှာတော့ နည်းနည်း လောက် ပြောင်းလဲပြီး စားကြည့်လိုက်ပါ။ အလုပ်သွားတဲ့အချိန်ကျရင် စိတ်အားတက်ကြွနေစေဖို့အတွက် တနင်္လာနေ့ရဲ့ မနက်စာကို စိတ်ကြိုက်ပြင်ဆင်ပြီးမှ စားပေးပါ။ ပြီးတော့ သင့်အနေနဲ့ သကြားဓာတ်ပါတဲ့ အစားအသောက်တွေကို ရှောင်ချင်ကောင်း ရှောင်ချင်နေပါလိမ့်မယ်။ ဒါပေမဲ့ သကြားဟာ သင့်အတွက် လိုအပ်နေတဲ့ စွမ်းအင်တွေနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို မြန်မြန်ဆန်ဆန် ပြန်ဖြည့်ပေးနိုင်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top