iMyanmarHouse.com - Best Property Website for Myanmar
×
Credit:burmese.asia
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေချစ်ကြတဲ့ အစီ်စဉ်တင်ဆက်သူ ကိုမောင်မောင်အေးဟာ စကားအပြောအဆို သိမ်မွေ့ပြီး ကျွမ်းကျင်တာကြောင့် နာမည်ကြီးသူတစ်ဦးပါ။ မောင်မောင်အေးဟာ စကားပြောကောင်းရုံသာမကပဲ ပွဲအခမ်းအနားတစ်ခုကိုလဲ ကောင်းမွန်စွာ ထိန်းသိမ်းနိုင်တာကြောင့်လဲ ပရိသတ်တွေက သဘောကျနှစ်သက်ကြတာပဲဖြစ်ပါတယ်။ မောင်မောင်အေး အခမ်းအနားမှူးအဖြစ် စီစဉ်တင်ဆက်ခဲ့တဲ့ ပွဲအခမ်းအနား၊ အစီအစဉ်တွေကလဲ အောင်မြင်ခဲ့တာချည်းပါပဲ။
မိတ်ဆွေ၊ သူငယ်ချင်းတွေက လူပျိူကြီးလို့ စနောက်ခံခဲ့ရတဲ့ မောင်မောင်အေးဟာ ဘယ်သူမှမထင်မှတ်တဲ့ အချိန်မှာ ရုတ်တရက်ကြီး မင်္ဂလာဆောင်သွားခဲ့ပါတယ်။ မောင်မောင်အေးဟာ သူ့ရဲ့ချစ်သူနဲ့ ဒီဇင်ဘာလ(၃)ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီး ဒီဇင်ဘာ(၅)ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။
မောင်မောင်အေးက ပရိသတ်တွေကို ထူးထူးဆန်းဆန်းတွေပဲ ဖန်တီးပေးတတ်သူမို့ သူ့ရဲ့ မင်္ဂလာဆောင်ကိုလဲ သူများနု့မတူအောင် ဆန်းပြားစွာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် မောင်မောင်အေးမင်္ဂလာဆောင်အမှတ်တရ ဗီဒီယိုလေးကို တင်ပြပေးလိုက်ပါတယ်။
မင်္ဂလာခန်းမထဲကို အမိုက်စားကားတွေ၊ ဆိုက်ကယ်တွေနဲ့ ဝင်လာပြီး မင်္ဂလာဆောင်မှာ တရုတ်နဂါးကတာမျိုး ပရိသတ်ကြီး မြင်ဖူးနေကျမဟုတ်တာတွေကို မောင်မောင်အေးက ထည့်သွင်းထားပါတယ်။ ပြီးတော့ မင်္ဂလာဆောင်လေး စည်ကားသိုက်မြိုက်အောင် အကအဖွဲ့တွေနဲ့အတူတူ ကပြီး ဖျော်ဖြေကြတာ ပျော်စရာကြီးနော်။
တစ်သက်မှာတစ်ခါသာ ဆောင်ရတဲ့ မင်္ဂလာအခမ်းအနားလေးကို အံ့သြဖွယ် ခမ်းခမ်းနားနား စီစဉ်ထားတဲ့ ကိုမောင်မောင်အေးရဲ့ စီစဉ်မှုကတော့ အံ့မခန်းပဲ။ မောင်မောင်အေးတို့ ဇနီးမောင်နှံရော၊ မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ပေးခဲ့တဲ့ ဧည့်ပရိသတ်တွေရော ဒီလိုခမ်းနားတဲ့ မင်္ဂလာပွဲလေးကို တစ်သက်လုံး မေ့နိုင်မယ်မထင်ပါဘူး။ မောင်မောင်အေးရဲ့ မင်္ဂလာပွဲလေးကို သဘောကျနှစ်ခြိုက်ရင် ဒီပိုစ့်လေးကို Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top