iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္ဖို႔ေကာင္းတဲ့ မ်က္နွာေလးနဲ႔ စြဲမက္စရာဟန္အမူအရာေလးေတြေၾကာင့္ မၾကာမီအခ်ိန္ကပဲတရွိန္ထုိးေအာင္ျမင္လာတဲ့ ခ်ာလီဆိုတဲ့ေမာ္ဒယ္မင္းသားေလးကုိ ပရိသတ္ေတာ္ေတာ္မ်ားမ်ားသိျပီးျဖစ္မွာပါ။ ခ်ာလီဟာ အခုတေလာ သင္ဇာဝင့္ေက်ာ္နဲ႔အရမ္းကုိတပူးတြဲတြဲျဖစ္ေနတာေၾကာင့္ သင္ဇာရဲ႕ခ်စ္သူအသစ္ေလးလားဆိုျပီး ထင္ေၾကးေပးခံေနရသူလည္းျဖစ္ပါတယ္။ အခုေတာ့ မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ သင္ဇာနဲ႔ပတ္သက္မႈကုိဖြင့္ဟလာပါတယ္။

ခ်ာလီက သူနဲ႔ခ်စ္သူေတြပါလုိ႔သတင္းထြက္ေနတဲ့ သင္ဇာဝင့္ေက်ာ္အေပၚအျမင္ကို “ဘယ္လိုျမင္လဲဆိုေတာ့ သူက အရြဲ႕တုိက္တတ္တယ္ဗ်။ သူ႔ရဲ႕စိတ္ရင္းကေပါင္းၾကည့္မွသိတယ္။ လူေတြကအမ်ိဳးစံုေျပာၾကတယ္။ဒါေပမယ့္ သူက အရမ္းကုိရိုးရွင္းတယ္။ သူလုပ္ခ်င္တာကိုသူလုပ္တယ္။ သိပ္ျပီးေတာ့ ေဘးစကားေတြကုိအေလးမထားတတ္ဘူး”လို႔ ေျပာျပထားပါတယ္။


သင္ဇာနဲ႔ ခ်စ္သူေတြလားလုိ႔ေမးခဲ့ရာမွာေတာ့ “သူငယ္ခ်င္းေတြပါဗ်ာ။မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔က ဒီရက္ပုိင္းေတြမွာပိုျပီးေတာ့ hangout လုပ္ျဖစ္တယ္။ ပြဲေတြတူတူပုိျပီးသြားျဖစ္တယ္။ ခုိင္သဇင္ငုဝါတုိ႔ သဲသဲပုိတု႔ိအားလံုးနဲ႔ ပုိျပီး Hangout လုပ္ျဖစ္တဲ့အခါက်ေတာ့ လူေတြလည္းပုိျမင္သြားတာျဖစ္ပါလိမ့္မယ္”လို႔ ေျဖရွင္းထားပါတယ္။

သင္ဇာရဲ႕စိတ္ေနစိတ္ထားအေၾကာင္းကုိ ခ်ာလီက “သူ႔ကုိ ပထမ မခင္တုန္းကေတာ့ ဒီလိုပဲျမင္ၾကတာေပါ့ေနာ္။ ရင္းနွီးတဲ့အခါက်ေတာ့ မျမင္ေတာ့ဘူး။ သူကအဲ့လိုလံုးဝ simple ျဖစ္တဲ့သူတစ္ေယာက္ေပါ့။ သာမန္လူေတြထက္ပုိျပီး သူက သင္ဇာဝင့္ေက်ာ္ဆိုတဲ့စိတ္မ်ိဳးမရွိဘူး။ အဲဒီစိတ္ကုိကြ်န္ေတာ္က ပုိျပီးေလးစားတာပါ”လို႔ ေျပာထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ.. လူငယ္ေလးခ်ာလီကုိ ခ်စ္ၾကလား။ သရုပ္ေဆာင္နယ္ပယ္ထဲကုိေျခခ်ေနျပီျဖစ္တဲ့ ခ်ာလီရဲ႕ရုပ္ရွင္ကားၾကီးေတြထြက္လာရင္ေရာအားေပးၾကမွာလား။ ခ်ာလီကုိ သင္ဇာဝင့္ေက်ာ္နဲ႔သေဘာတူၾကလား။ေျပာခဲ့ၾကဦးေနာ္။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ စွဲမက်စရာဟန်အမူအရာလေးတွေကြောင့် မကြာမီအချိန်ကပဲတရှိန်ထိုးအောင်မြင်လာတဲ့ ချာလီဆိုတဲ့မော်ဒယ်မင်းသားလေးကို ပရိသတ်တော်တော်များများသိပြီးဖြစ်မှာပါ။ ချာလီဟာ အခုတလော သင်ဇာဝင့်ကျော်နဲ့အရမ်းကိုတပူးတွဲတွဲဖြစ်နေတာကြောင့် သင်ဇာရဲ့ချစ်သူအသစ်လေးလားဆိုပြီး ထင်ကြေးပေးခံနေရသူလည်းဖြစ်ပါတယ်။ အခုတော့ မီဒီယာတွေနဲ့အင်တာဗျူးမှာ သင်ဇာနဲ့ပတ်သက်မှုကိုဖွင့်ဟလာပါတယ်။

ချာလီက သူနဲ့ချစ်သူတွေပါလို့သတင်းထွက်နေတဲ့ သင်ဇာဝင့်ကျော်အပေါ်အမြင်ကို “ဘယ်လိုမြင်လဲဆိုတော့ သူက အရွဲ့တိုက်တတ်တယ်ဗျ။ သူ့ရဲ့စိတ်ရင်းကပေါင်းကြည့်မှသိတယ်။ လူတွေကအမျိုးစုံပြောကြတယ်။ဒါပေမယ့် သူက အရမ်းကိုရိုးရှင်းတယ်။ သူလုပ်ချင်တာကိုသူလုပ်တယ်။ သိပ်ပြီးတော့ ဘေးစကားတွေကိုအလေးမထားတတ်ဘူး”လို့ ပြောပြထားပါတယ်။

သင်ဇာနဲ့ ချစ်သူတွေလားလို့မေးခဲ့ရာမှာတော့ “သူငယ်ချင်းတွေပါဗျာ။မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီရက်ပိုင်းတွေမှာပိုပြီးတော့ hangout လုပ်ဖြစ်တယ်။ ပွဲတွေတူတူပိုပြီးသွားဖြစ်တယ်။ ခိုင်သဇင်ငုဝါတို့ သဲသဲပိုတု့ိအားလုံးနဲ့ ပိုပြီး Hangout လုပ်ဖြစ်တဲ့အခါကျတော့ လူတွေလည်းပိုမြင်သွားတာဖြစ်ပါလိမ့်မယ်”လို့ ဖြေရှင်းထားပါတယ်။

သင်ဇာရဲ့စိတ်နေစိတ်ထားအကြောင်းကို ချာလီက “သူ့ကို ပထမ မခင်တုန်းကတော့ ဒီလိုပဲမြင်ကြတာပေါ့နော်။ ရင်းနှီးတဲ့အခါကျတော့ မမြင်တော့ဘူး။ သူကအဲ့လိုလုံးဝ simple ဖြစ်တဲ့သူတစ်ယောက်ပေါ့။ သာမန်လူတွေထက်ပိုပြီး သူက သင်ဇာဝင့်ကျော်ဆိုတဲ့စိတ်မျိုးမရှိဘူး။ အဲဒီစိတ်ကိုကျွန်တော်က ပိုပြီးလေးစားတာပါ”လို့ ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. လူငယ်လေးချာလီကို ချစ်ကြလား။ သရုပ်ဆောင်နယ်ပယ်ထဲကိုခြေချနေပြီဖြစ်တဲ့ ချာလီရဲ့ရုပ်ရှင်ကားကြီးတွေထွက်လာရင်ရောအားပေးကြမှာလား။ ချာလီကို သင်ဇာဝင့်ကျော်နဲ့သဘောတူကြလား။ပြောခဲ့ကြဦးနော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top