iMyanmarHouse.com - Best Property Website for Myanmar
×


ကိုယ့္ရဲ႕ေဖ့စ္ဘြတ္အေကာင့္ထဲမွာ တစ္ေယာက္ကိုတစ္ေယာက္ အရမ္းခ်စ္ၾကၿပီး ဘယ္လိုေတြခ်စ္ခင္ဂရုစိုက္သလဲဆုိတာကိုလည္း အဆက္မျပတ္ေရးေနၾက၊ ႏွစ္ေယာက္တြဲပံုေတြ တင္ေနၾကတဲ့ စံုတြဲတစ္တြဲေတာ့ အနည္းဆံုး ရွိတတ္ပါတယ္။ သူတုိ႔ကိုၾကည့္ရတာ ေဟာလိဝုဒ္႐ုပ္ရွင္ေတြထဲက အခ်စ္သီခ်င္းတစ္ပုဒ္လို အရမ္းကို႐ိုမန္႔တစ္ျဖစ္ေနတယ္လို႔လည္း ထင္ရပါတယ္။ ဒါေပမဲ့ တကယ့္လက္ေတြ႔မွာေတာ့ ထင္ထားသလို မဟုတ္ႏိုင္ပါဘူး။

လိင္မႈေဗဒပညာ႐ွင္ နစ္ကီဂိုးလ္စတိုင္းရဲ႕ အဆုိအရ ကိုယ့္အခ်စ္ေရးရာပတ္သတ္မႈကို လူမႈကြန္ရက္ေပၚမွာတင္ေနၾကသူအမ်ားစုဟာ သူတို႔ရဲ႕ပတ္သက္မႈအတြက္ အျခားလူေတြထံကေန အေထာက္အထားရဖို႔ ေတာင္းခံေနၾကသူေတြသာျဖစ္တယ္လုိ႔ ဆိုပါတယ္။ Like နဲ႔ Comment ေတြကိုလည္း ကိုယ္အမူအရာေတြထက္ ပိုၿပီးအေလးထားေနၾကပါတယ္လို႔ ဂိုးလ္စတိုင္းက Mail Online ကို ေျပာခဲ့ပါတယ္။

ကိုယ့္ရဲ႕အခ်စ္ေရးရာပတ္သက္မႈနဲ႔ဆိုင္တာေတြကို ေဖ့စ္ဘြတ္ေပၚအဆက္မျပတ္တင္ေနၾကၿပီဆုိရင္ ဒီစံုတြဲဟာ တစ္ေယာက္ကိုတစ္ေယာက္ အူလႈိက္သည္းလႈိက္မုန္းေနၾကတာလည္း ျဖစ္ႏုိင္တယ္လို႔ သူကဆိုပါတယ္။ ၿပီးေတာ့ ဒီလိုမ်ိဳးပို႔စ္ေတြတင္ရျခင္းဟာ စံုတြဲႏွစ္ဦးအနက္ တစ္ဦးဦးက က်န္တစ္ဦးကိုထိန္းခ်ဳပ္ေနတာျဖစ္ႏိုင္သလို သူပိုင္ဆိုင္ထားသူျဖစ္ေၾကာင္း လူသိေအာင္ျပသလိုၾကတာျဖစ္ႏိုင္တယ္လို႔ ဂိုးလ္စတုိင္းက သတိေပးထားပါတယ္။

ဘ႐ူနယ္တကၠသိုလ္က ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုမွာလည္း ကိုယ့္ခ်စ္သူနဲ႔ ႐ိုမန္႔တစ္ျဖစ္စရာကိစၥေတြကို ေဖ့စ္ဘြတ္ေပၚမွာ မၾကာခဏတင္ေလ့ရွိသူေတြဟာ ကိုယ့္ကိုယ္ကိုယ္အထင္ႀကီးေလးစားမႈ နည္းပါးသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခဲ့ဖူးပါတယ္။ အဆိုပါသုေတသနကေတာ့ ေဖ့စ္ဘြတ္အသံုးျပဳသူ ၅၅၅ ဦးကို စစ္တမ္းေကာက္ယူၿပီး ေလ့လာခဲ့တာျဖစ္ပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ကိုယ့်ရဲ့ဖေ့စ်ဘွတ်အကောင့်ထဲမှာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး ဘယ်လိုတွေချစ်ခင်ဂရုစိုက်သလဲဆိုတာကိုလည်း အဆက်မပြတ်ရေးနေကြ၊ နှစ်ယောက်တွဲပုံတွေ တင်နေကြတဲ့ စုံတွဲတစ်တွဲတော့ အနည်းဆုံး ရှိတတ်ပါတယ်။ သူတို့ကိုကြည့်ရတာ ဟောလိဝုဒ်ရုပ်ရှင်တွေထဲက အချစ်သီချင်းတစ်ပုဒ်လို အရမ်းကိုရိုမန့်တစ်ဖြစ်နေတယ်လို့လည်း ထင်ရပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ထင်ထားသလို မဟုတ်နိုင်ပါဘူး။

လိင်မှုဗေဒပညာရှင် နစ်ကီဂိုးလ်စတိုင်းရဲ့ အဆိုအရ ကိုယ့်အချစ်ရေးရာပတ်သတ်မှုကို လူမှုကွန်ရက်ပေါ်မှာတင်နေကြသူအများစုဟာ သူတို့ရဲ့ပတ်သက်မှုအတွက် အခြားလူတွေထံကနေ အထောက်အထားရဖို့ တောင်းခံနေကြသူတွေသာဖြစ်တယ်လို့ ဆိုပါတယ်။ Like နဲ့ Comment တွေကိုလည်း ကိုယ်အမူအရာတွေထက် ပိုပြီးအလေးထားနေကြပါတယ်လို့ ဂိုးလ်စတိုင်းက Mail Online ကို ပြောခဲ့ပါတယ်။

ကိုယ့်ရဲ့အချစ်ရေးရာပတ်သက်မှုနဲ့ဆိုင်တာတွေကို ဖေ့စ်ဘွတ်ပေါ်အဆက်မပြတ်တင်နေကြပြီဆိုရင် ဒီစုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် အူလှိုက်သည်းလှိုက်မုန်းနေကြတာလည်း ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။ ပြီးတော့ ဒီလိုမျိုးပို့စ်တွေတင်ရခြင်းဟာ စုံတွဲနှစ်ဦးအနက် တစ်ဦးဦးက ကျန်တစ်ဦးကိုထိန်းချုပ်နေတာဖြစ်နိုင်သလို သူပိုင်ဆိုင်ထားသူဖြစ်ကြောင်း လူသိအောင်ပြသလိုကြတာဖြစ်နိုင်တယ်လို့ ဂိုးလ်စတိုင်းက သတိပေးထားပါတယ်။

ဘရူနယ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း ကိုယ့်ချစ်သူနဲ့ ရိုမန့်တစ်ဖြစ်စရာကိစ္စတွေကို ဖေ့စ်ဘွတ်ပေါ်မှာ မကြာခဏတင်လေ့ရှိသူတွေဟာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလေးစားမှု နည်းပါးသူတွေဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဆိုပါသုတေသနကတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ၅၅၅ ဦးကို စစ်တမ်းကောက်ယူပြီး လေ့လာခဲ့တာဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top