iMyanmarHouse.com - Best Property Website for Myanmar
×



သရုပ္ေဆာင္ မ်ိဳးစႏၵီေက်ာ္က ခင္ပြန္းျဖစ္သူ ျဖိဳးေက်ာ္ေက်ာ္ျမတ္နဲ႕ ကြာရွင္းဖို႕အတြက္ တရားရင္ဆိုင္ေနတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ single mother အျဖစ္ ရပ္တည္ေနျပီး သမီးေလး အိမ္စည္ျမင့္မိုရ္ေက်ာ္ နဲ႕အတူ ေနထိုင္ေနတာ ျဖစ္ပါတယ္။ အိမ္ေထာင္သက္ ၆ ႏွစ္အထိ ေပါင္းသင္းခဲ့ေပမဲ့ ညွိလို႕မရေတာ့တဲ့ အေျခအေနေတြမို႕ လမ္းခြဲခဲ့ၾကခ်ိန္မွာ ျပတ္သားႏိုင္ခဲ့တဲ့ မ်ိဳးစႏၵီေက်ာ္ ျဖစ္ပါတယ္။

The Radar နဲ႕ အင္တာဗ်ဴး မွာ မ်ိဳးစႏၵီေက်ာ္က သမီးေလးနဲ႕ အေၾကာင္းကို ခုလိုရင္ဖြင့္လာပါတယ္။


“ အိမ္ေထာင္ေရး အဆင္မေျပလို႕ single mother အျဖစ္ ရပ္တည္ေနခ်ိန္မွာ စိတ္ဓာတ္ခြန္အားကေတာ့ သမီးေလးပါပဲ။ သမီးအတြက္ဆိုရင္ အေကာင္းဆံုး ၾကိဳးစားသြားမွာပါ။ ဘယ္မိန္းမမွေတာ့ ေယာက်္ားယူျပီးရင္ မကြဲခ်င္ပါဘူး။ ညွိလို႕ မရလို႕သာ အဆင္မေျပလို႕သာ လမ္းခြဲၾကတာေလ။ အမတို႕ ဆယ္လီမွ မဟုတ္ပါဘူး။ အျပင္မွာလည္း လမ္းခြဲၾကတဲ့လူေတြ အမ်ားၾကီးပါ။ အႏုပညာသမားေတြကေတာ့ အာရံုစိုက္ခံရတာပါပဲ။ သမီးက နဂိုတည္းက ဥာဏ္ေကာင္းတယ္။ လူတိုင္းနဲ႕အဆင္ေျပေအာင္ ေနတတ္တယ္။ သမီးကို ခုခ်ိန္မွာ ေပ်ာ္ေအာင္ထားေပးတယ္။” လို႕ ဆိုပါတယ္။


ခင္ပြန္းသည္နဲ႕ ပတ္သက္တဲ့ ခံစားခ်က္ကိုလည္း မ်ိဳးစႏၵီေက်ာ္က ခုလို ေျပာလာပါတယ္။ကိုယ္ခ်င္းစာတရား တရားမွ်တမႈ နားလည္မႈ မရွိတဲ့ အိမ္ေထာင္ေရးမ်ိဳးဆိုေတာ့ အမလည္း ေရွ႕မဆက္ခ်င္ဘူး။ ၃ ႏွစ္ေလာက္ထိ ညွိခဲ့ေပမွ သူ႕ဘက္က မလႈပ္ဘူး။ သူေဖ့စ္ဘြတ္ေပၚမွာ သမီးေလးကို လြမ္းေၾကာင္းေတြတင္ရင္ အမကေတာ့ ရယ္ခ်င္တယ္။ တကယ္ခ်စ္တဲ့လူဆိုရင္ သမီးေလးမ်က္ႏွာေထာက္ျပီး အမဘက္က ညွိခဲ့တည္းက စဥ္းစားေပးခဲ့ရမွာ” ဆိုျပီး ေျပာသြားပါတယ္။


အႏုပညာေလာကနဲ႕ ခဏတာေဝးကြာခဲ့တဲ့ မ်ိဳးစႏၵီေက်ာ္က အႏုပညာအလုပ္ျပန္လုပ္မွာ ျဖစ္သလို သီခ်င္းေတြဆိုျပီး ဇာတ္ကားေတြ ရိုက္သြားမယ္လို႕လည္း သိရပါတယ္။

Credit:Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

သရုပ်ဆောင် မျိုးစန္ဒီကျော်က ခင်ပွန်းဖြစ်သူ ဖြိုးကျော်ကျော်မြတ်နဲ့ ကွာရှင်းဖို့အတွက် တရားရင်ဆိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ single mother အဖြစ် ရပ်တည်နေပြီး သမီးလေး အိမ်စည်မြင့်မိုရ်ကျော် နဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ်။ အိမ်ထောင်သက် ၆ နှစ်အထိ ပေါင်းသင်းခဲ့ပေမဲ့ ညှိလို့မရတော့တဲ့ အခြေအနေတွေမို့ လမ်းခွဲခဲ့ကြချိန်မှာ ပြတ်သားနိုင်ခဲ့တဲ့ မျိုးစန္ဒီကျော် ဖြစ်ပါတယ်။

The Radar နဲ့ အင်တာဗျူး မှာ မျိုးစန္ဒီကျော်က သမီးလေးနဲ့ အကြောင်းကို ခုလိုရင်ဖွင့်လာပါတယ်။

“ အိမ်ထောင်ရေး အဆင်မပြေလို့ single mother အဖြစ် ရပ်တည်နေချိန်မှာ စိတ်ဓာတ်ခွန်အားကတော့ သမီးလေးပါပဲ။ သမီးအတွက်ဆိုရင် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဘယ်မိန်းမမှတော့ ယောကျ်ားယူပြီးရင် မကွဲချင်ပါဘူး။ ညှိလို့ မရလို့သာ အဆင်မပြေလို့သာ လမ်းခွဲကြတာလေ။ အမတို့ ဆယ်လီမှ မဟုတ်ပါဘူး။ အပြင်မှာလည်း လမ်းခွဲကြတဲ့လူတွေ အများကြီးပါ။ အနုပညာသမားတွေကတော့ အာရုံစိုက်ခံရတာပါပဲ။ သမီးက နဂိုတည်းက ဉာဏ်ကောင်းတယ်။ လူတိုင်းနဲ့အဆင်ပြေအောင် နေတတ်တယ်။ သမီးကို ခုချိန်မှာ ပျော်အောင်ထားပေးတယ်။” လို့ ဆိုပါတယ်။

ခင်ပွန်းသည်နဲ့ ပတ်သက်တဲ့ ခံစားချက်ကိုလည်း မျိုးစန္ဒီကျော်က ခုလို ပြောလာပါတယ်။ကိုယ်ချင်းစာတရား တရားမျှတမှု နားလည်မှု မရှိတဲ့ အိမ်ထောင်ရေးမျိုးဆိုတော့ အမလည်း ရှေ့မဆက်ချင်ဘူး။ ၃ နှစ်လောက်ထိ ညှိခဲ့ပေမှ သူ့ဘက်က မလှုပ်ဘူး။ သူဖေ့စ်ဘွတ်ပေါ်မှာ သမီးလေးကို လွမ်းကြောင်းတွေတင်ရင် အမကတော့ ရယ်ချင်တယ်။ တကယ်ချစ်တဲ့လူဆိုရင် သမီးလေးမျက်နှာထောက်ပြီး အမဘက်က ညှိခဲ့တည်းက စဉ်းစားပေးခဲ့ရမှာ” ဆိုပြီး ပြောသွားပါတယ်။

အနုပညာလောကနဲ့ ခဏတာဝေးကွာခဲ့တဲ့ မျိုးစန္ဒီကျော်က အနုပညာအလုပ်ပြန်လုပ်မှာ ဖြစ်သလို သီချင်းတွေဆိုပြီး ဇာတ်ကားတွေ ရိုက်သွားမယ်လို့လည်း သိရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top