iMyanmarHouse.com - Best Property Website for Myanmar
×


အိမ္တြင္းကုထုံး နည္းလမ္းေတြဆိုတာ ဘိုးေဘးဘီဘင္ အဆက္ဆက္ လက္ဆင့္ကမ္းလာၾကတာပါ။ မီးဖိုေခ်ာင္မွာ အလြယ္တကူရႏိုင္တဲ့ ပစၥည္းေတြသုံးၿပီး ကုသႏိုင္တဲ့ နည္းလမ္းေတြကို ေခတ္မမီဘူးဆိုၿပီး ဒီေန႔ေခတ္မွာ ပစ္ပယ္ထားလို႔ မရပါဘူး။အိမ္ေတြမွာ အဘိုးအဘြားေတြ ေၾကးနီခြက္ထဲ ေရထည့္ေသာက္တာ ေတြ႕ဖူးၾကမွာပါ။

ဒါဟာ က်န္းမာေရးကို အက်ိဳးျဖစ္ေစတဲ့ အက်င့္တခုပါ။ ေၾကးနီခြက္ထဲ ထည့္ေသာက္တဲ့ ေရကိုေသာက္ေပးရင္ ကိုယ္တြင္းဓာတ္ကို ညီၫႊတ္ မွ်တေအာင္ ထိန္းညႇိေပးႏိုင္လို႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရပါတယ္။ပထမဆုံးအခ်က္ကေတာ့ အက္စစ္ဓာတ္နဲ႔ ဂတ္စ္ေတြက အစာအိမ္ကို ထိခိုက္ေစပါတယ္။ ဒီဓာတ္ေတြပါတဲ့ အစားအေသာက္၊ ေဖ်ာ္ရည္ေတြ ေသာက္မိတဲ့အခါ အစာမေၾက မျဖစ္ေအာင္ ေၾကးနီက ေျဖေလ်ာ့ေပးပါတယ္။

အစာေျခစနစ္ကို ပိုေကာင္းေစၿပီး မေကာင္းတဲ့ပိုးေတြကို ေသေစႏိုင္စြမ္းရွိသလို ဗိုက္ေအာင့္ ဗိုက္နာ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။အသည္း၊ ေက်ာက္ကပ္နဲ႔ အစာအိမ္ေတြထဲက မေကာင္းတဲ့ အညစ္အေၾကးေတြကိုလည္း သန႔္စင္ဖယ္ရွား ေပးႏိုင္ပါတယ္။ ကိုယ္အေလးခ်ိန္က်ေအာင္ နည္းလမ္းမ်ိဳးစုံ သုံးေပမယ့္ သိသိသာသာ မက်ျဖစ္ေနရင္ ေၾကးနီခြက္နဲ႔ ေရထည့္ ေသာက္ၾကည့္ပါ။ ေၾကးနီရဲ႕ဓာတ္သေဘာကိုက ကိုယ္တြင္းအဆီေတြကို ေခ်ဖ်က္ေပးႏိုင္ပါတယ္။

ေနာက္တခ်က္က ျပင္ပေရာင္ရမ္းမႈ ဒဏ္ေတြအတြက္ မထိေရာက္ေပမယ့္ ကိုယ္တြင္း အစိတ္အပိုင္းေတြ အတြက္ေတာ့ အေကာင္းဆုံး ကုစားေပးႏိုင္ပါတယ္။ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးၿပီး ကိုယ္တြင္းဝင္ေရာက္လာတဲ့ ပိုးမႊားေတြကို ေသေစႏိုင္ပါတယ္။ေၾကးနီဟာ အေကာင္းဆုံး Anti-oxidant တမ်ိဳးျဖစ္သလို ဆဲလ္အသစ္ေတြ ျဖစ္ေပၚလာေအာင္ ကူညီေပးပါတယ္။


အသက္အ႐ြယ္ႀကီးရင့္လို႔ ျဖစ္ေပၚလာတဲ့ အေရးအေၾကာင္းျဖစ္ျခင္းကို ဟန႔္တားေပးႏိုင္သလို ကိုယ္ခံ စနစ္ေကာင္းေစၿပီး Free radical တိုက္ဖ်က္ေပးလို႔ ကင္ဆာျဖစ္ေစႏိုင္တဲ့ဆိုးက်ိဳးေတြကို ဟန႔္တားေပးပါတယ္။ေၾကးနီမွာပါတဲ့ သဘာဝပိုးသတ္ေဆး Oligodynamic က Ecoli လိုကူးဆက္ေရာဂါပိုးမႊားေတြအျပင္ ေရကတဆင့္ ျဖစ္ႏိုင္တဲ့ ဝမ္းကိုက္၊ ဝမ္းေလ်ာေရာဂါေတြကိုပါ ေသေစႏိုင္စြမ္းရွိပါတယ္။

အသက္ႀကီးတဲ့အခါ ျဖစ္လာႏိုင္တဲ့ အာ႐ုံေၾကာစနစ္ ေႏွးေကြးသြားတာကို ဟန႔္တားေပးၿပီး ဦးေႏွာက္လုပ္ငန္းေဆာင္တာေတြ သြက္လက္ျမန္ဆန္ေစပါတယ္။ေနေရာင္ျခည္ေၾကာင့္ ပ်က္စီးသြားတဲ့အသားေရနဲ႔ ထိခိုက္ဒဏ္ရာ အမာ႐ြတ္ေတြကို ေမွးမွိန္ေအာင္ လုပ္ေပးႏိုင္ပါေသးတယ္။ ေၾကးနီခြက္ထဲ ေန႔စဥ္ ေရထည့္ေသာက္ျခင္းေၾကာင့္ သင့္အသားေရ ထူးျခားေျပာင္းလဲလာတာကို လက္ေတြ႕သိျမင္လာမွာပါ။ ခႏၶာကိုယ္က လိုအပ္တဲ့ သံဓာတ္နဲ႔တျခားသတၱဳဓာတ္ေတြ စုပ္ယူမႈ အားေကာင္းေစလို႔ ေသြးအားနည္းေရာဂါကို ကာကြယ္ေပးပါတယ္။


ေၾကးနီနဲ႔ ပတ္သက္တဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြ ရွိေနေသးေပမယ့္ မိ႐ိုးဖလာနည္းလမ္းေတြမို႔ သိပၸံနည္းအရ အတည္မျပဳႏိုင္တာေတြလည္း ရွိပါတယ္။ ဒါေပမဲ့လည္း ေၾကးနီဓာတ္သဘာဝဟာ က်န္းမာေရးကို အေထာက္အကူ ျပဳႏိုင္တယ္ဆိုတဲ့အခ်က္ကိုေတာ့ လက္ခံလာၾကပါၿပီ။ေၾကးနီခြက္ ဝယ္မယ္ဆိုရင္ အရင္ဆုံးသိထားရမွာက ေၾကးနီစစ္စစ္နဲ႔ လုပ္ထားတဲ့ သတၱဳခြက္ေတြ ျဖစ္ရပါမယ္။ ေၾကးနီခြက္ေတြကို သန႔္စင္ေဆးေၾကာတဲ့အခါ ဘရွက္ အၾကမ္းဖတ္ေတြ မသုံးဘဲ သံပုရာသီးတျခမ္းကို ခြက္အႏွံ႔ တိုက္ၿပီးရင္ ေရသန႔္သန႔္နဲ႔ ျပန္ေဆးေပးပါ။

 ေနာက္တနည္းကေတာ့ မုန႔္ဖုတ္ေဆာ္ဒါနဲ႔ ေရ ေရာၿပီး ပြတ္တိုက္ပါ။ မိနစ္ အနည္းငယ္ေလာက္ထားၿပီး ေရျပန္ေဆးလိုက္ရင္ သန႔္စင္သြားပါၿပီ။“တန္ေဆးလြန္ေဘး”ဆိုတဲ့ စကားအတိုင္း ေၾကးနီခြက္ထဲထည့္ေသာက္တဲ့ ေရက က်န္းမာေရးေကာင္းတယ္ဆိုၿပီး အမ်ားႀကီး မေသာက္သုံးသင့္ပါဘူး။ FDA က ထုတ္ျပန္ခ်က္အရ လူတေယာက္ဟာ တေန႔ကို ေကာ့ပါးဓာတ္ ၁၂ မီလီဂရမ္ေလာက္ပဲ လိုအပ္ပါတယ္။ ဒါေၾကာင့္ တေန႔ကို ေၾကးနီခြက္နဲ႔ အမ်ားဆုံး ေရ ၂ ခြက္ကေန ၃ ခြက္ေလာက္ပဲ ေသာက္ပါ။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

အိမ်တွင်းကုထုံး နည်းလမ်းတွေဆိုတာ ဘိုးဘေးဘီဘင် အဆက်ဆက် လက်ဆင့်ကမ်းလာကြတာပါ။ မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေသုံးပြီး ကုသနိုင်တဲ့ နည်းလမ်းတွေကို ခေတ်မမီဘူးဆိုပြီး ဒီနေ့ခေတ်မှာ ပစ်ပယ်ထားလို့ မရပါဘူး။အိမ်တွေမှာ အဘိုးအဘွားတွေ ကြေးနီခွက်ထဲ ရေထည့်သောက်တာ တွေ့ဖူးကြမှာပါ။

ဒါဟာ ကျန်းမာရေးကို အကျိုးဖြစ်စေတဲ့ အကျင့်တခုပါ။ ကြေးနီခွက်ထဲ ထည့်သောက်တဲ့ ရေကိုသောက်ပေးရင် ကိုယ်တွင်းဓာတ်ကို ညီညွှတ် မျှတအောင် ထိန်းညှိပေးနိုင်လို့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရပါတယ်။ပထမဆုံးအချက်ကတော့ အက်စစ်ဓာတ်နဲ့ ဂတ်စ်တွေက အစာအိမ်ကို ထိခိုက်စေပါတယ်။ ဒီဓာတ်တွေပါတဲ့ အစားအသောက်၊ ဖျော်ရည်တွေ သောက်မိတဲ့အခါ အစာမကြေ မဖြစ်အောင် ကြေးနီက ဖြေလျော့ပေးပါတယ်။

အစာခြေစနစ်ကို ပိုကောင်းစေပြီး မကောင်းတဲ့ပိုးတွေကို သေစေနိုင်စွမ်းရှိသလို ဗိုက်အောင့် ဗိုက်နာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။အသည်း၊ ကျောက်ကပ်နဲ့ အစာအိမ်တွေထဲက မကောင်းတဲ့ အညစ်အကြေးတွေကိုလည်း သန့်စင်ဖယ်ရှား ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျအောင် နည်းလမ်းမျိုးစုံ သုံးပေမယ့် သိသိသာသာ မကျဖြစ်နေရင် ကြေးနီခွက်နဲ့ ရေထည့် သောက်ကြည့်ပါ။ ကြေးနီရဲ့ဓာတ်သဘောကိုက ကိုယ်တွင်းအဆီတွေကို ချေဖျက်ပေးနိုင်ပါတယ်။

နောက်တချက်က ပြင်ပရောင်ရမ်းမှု ဒဏ်တွေအတွက် မထိရောက်ပေမယ့် ကိုယ်တွင်း အစိတ်အပိုင်းတွေ အတွက်တော့ အကောင်းဆုံး ကုစားပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်တွင်းဝင်ရောက်လာတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ကြေးနီဟာ အကောင်းဆုံး Anti-oxidant တမျိုးဖြစ်သလို ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာအောင် ကူညီပေးပါတယ်။

အသက်အရွယ်ကြီးရင့်လို့ ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းဖြစ်ခြင်းကို ဟန့်တားပေးနိုင်သလို ကိုယ်ခံ စနစ်ကောင်းစေပြီး Free radical တိုက်ဖျက်ပေးလို့ ကင်ဆာဖြစ်စေနိုင်တဲ့ဆိုးကျိုးတွေကို ဟန့်တားပေးပါတယ်။ကြေးနီမှာပါတဲ့ သဘာဝပိုးသတ်ဆေး Oligodynamic က Ecoli လိုကူးဆက်ရောဂါပိုးမွှားတွေအပြင် ရေကတဆင့် ဖြစ်နိုင်တဲ့ ဝမ်းကိုက်၊ ဝမ်းလျောရောဂါတွေကိုပါ သေစေနိုင်စွမ်းရှိပါတယ်။

အသက်ကြီးတဲ့အခါ ဖြစ်လာနိုင်တဲ့ အာရုံကြောစနစ် နှေးကွေးသွားတာကို ဟန့်တားပေးပြီး ဦးနှောက်လုပ်ငန်းဆောင်တာတွေ သွက်လက်မြန်ဆန်စေပါတယ်။နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့အသားရေနဲ့ ထိခိုက်ဒဏ်ရာ အမာရွတ်တွေကို မှေးမှိန်အောင် လုပ်ပေးနိုင်ပါသေးတယ်။ ကြေးနီခွက်ထဲ နေ့စဉ် ရေထည့်သောက်ခြင်းကြောင့် သင့်အသားရေ ထူးခြားပြောင်းလဲလာတာကို လက်တွေ့သိမြင်လာမှာပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ သံဓာတ်နဲ့တခြားသတ္တုဓာတ်တွေ စုပ်ယူမှု အားကောင်းစေလို့ သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။

ကြေးနီနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေသေးပေမယ့် မိရိုးဖလာနည်းလမ်းတွေမို့ သိပ္ပံနည်းအရ အတည်မပြုနိုင်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ကြေးနီဓာတ်သဘာဝဟာ ကျန်းမာရေးကို အထောက်အကူ ပြုနိုင်တယ်ဆိုတဲ့အချက်ကိုတော့ လက်ခံလာကြပါပြီ။ကြေးနီခွက် ဝယ်မယ်ဆိုရင် အရင်ဆုံးသိထားရမှာက ကြေးနီစစ်စစ်နဲ့ လုပ်ထားတဲ့ သတ္တုခွက်တွေ ဖြစ်ရပါမယ်။ ကြေးနီခွက်တွေကို သန့်စင်ဆေးကြောတဲ့အခါ ဘရှက် အကြမ်းဖတ်တွေ မသုံးဘဲ သံပုရာသီးတခြမ်းကို ခွက်အနှံ့ တိုက်ပြီးရင် ရေသန့်သန့်နဲ့ ပြန်ဆေးပေးပါ။

 နောက်တနည်းကတော့ မုန့်ဖုတ်ဆော်ဒါနဲ့ ရေ ရောပြီး ပွတ်တိုက်ပါ။ မိနစ် အနည်းငယ်လောက်ထားပြီး ရေပြန်ဆေးလိုက်ရင် သန့်စင်သွားပါပြီ။“တန်ဆေးလွန်ဘေး”ဆိုတဲ့ စကားအတိုင်း ကြေးနီခွက်ထဲထည့်သောက်တဲ့ ရေက ကျန်းမာရေးကောင်းတယ်ဆိုပြီး အများကြီး မသောက်သုံးသင့်ပါဘူး။ FDA က ထုတ်ပြန်ချက်အရ လူတယောက်ဟာ တနေ့ကို ကော့ပါးဓာတ် ၁၂ မီလီဂရမ်လောက်ပဲ လိုအပ်ပါတယ်။ ဒါကြောင့် တနေ့ကို ကြေးနီခွက်နဲ့ အများဆုံး ရေ ၂ ခွက်ကနေ ၃ ခွက်လောက်ပဲ သောက်ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top