iMyanmarHouse.com - Best Property Website for Myanmar
×


ပရိသတ္ေတြ ေ႐ြးခ်ယ္ေပးလို႔ ရတဲ့ဆုကို ပရိသတ္ေတြအတြက္ ျပန္ၿပီး အက်ိဳးျပဳသြားမယ္လို႔ ေနတိုးက ဆိုပါတယ္။ဆုရေအာင္ ေတာင္းဆိုေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေနတိုးက ေက်းဇူးတင္ေၾကာင္းေျပာခဲ့သလို အဲ့ဒီသီခ်င္းဟာ သူ႔အတြက္ အမွတ္တရေတြ အမ်ားႀကီး ျဖစ္ေစခဲ့တဲ့ သီခ်င္းလို႔လည္း ဆိုပါတယ္။

သ႐ုပ္ေဆာင္ ေနတိုးဟာ Shwe FM ရဲ႕ (၉)ႏွစ္ျပည့္ပြဲမွာ ပရိသတ္ေတြေ႐ြးခ်ယ္ေပးတဲ့ ႐ုပ္ရွင္ဇာတ္ဝင္ေတးသံရွင္ဆုကို ရရွိခဲ့တာပါ။ဆုေပးပြဲေန႔က ႐ုပ္ရွင္႐ိုက္ကူးေရးနဲ႔ အေဝးမွာ ေရာက္ေနတာေၾကာင့္ ဆုေပးပြဲမွာ ဆုတက္မယူႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ကေန ပရိသတ္ေတြကို ေက်းဇူးတင္စကား ေျပာခဲ့ပါတယ္။


အခုေတာ့ ပရိသတ္ေတြေပးတဲ့ဆုကို ပရိသတ္ေတြအတြက္ ျပန္ၿပီး အသုံးျပဳသြားမယ္လို႔  ဒီဇင္ဘာ(၂၄) ရက္ေန႔က ျပဳလုပ္တဲ့ ႏွင္းဆီအၿငိမ့္ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေနတိုးက ေျပာျပခဲ့ပါတယ္။

“ဆုရေအာင္ ေတာင္းေပးခဲ့ၾကတဲ့အတြက္ ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္။၂၀၁၈ ဟာလည္း ဒီသီခ်င္းေလးက ကြၽန္ေတာ့္အတြက္ ေတာ္ေတာ္ အမွတ္တရျဖစ္ခဲ့ပါတယ္။ဒီသီခ်င္းနဲ႔ ပတ္သက္တဲ့ ဆုေတြကိုလည္း ပရိသတ္ေတြအတြက္ အမွတ္တရျဖစ္ေအာင္ လႉဒါန္းသြားမွာပါ။ “ ဆိုၿပီး မီဒီယာေတြကိုေျဖဆိုေပးခဲ့ပါတယ္။

ေနတိုးအတြက္၂၀၁၈ ခုႏွစ္ဟာ အမွတ္တရေတြအမ်ားႀကီးျဖစ္ခဲ့တဲ့ႏွစ္တစ္ႏွစ္ ျဖစ္သလို အကယ္ဒမီဆုႀကီးေတြ ေနာက္ထပ္ပိုင္ဆိုင္ဖို႔ အခြင့္အလမ္းေတြ ရခဲ့တဲ့ ႏွစ္တစ္ႏွစ္ျဖစ္ဖို႔ အလားအလာ ရွိလို႔ ေနပါတယ္။အကယ္ဒမီနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေနတိုးအတြက္ ဘယ္လိုရင္ခုန္မႈေတြ ရွိေနမလဲဆိုတာ ယခုလို ေျပာျပခဲ့ပါေသးတယ္။

“ဒါကႏွစ္စဥ္ႏွစ္တိုင္း ပရိသတ္ေတြက ခန႔္မွန္းေပးခဲ့တယ္။ ပရိသတ္ေတြရဲ႕ခန႔္မွန္းမႈတစ္ခုအေပၚမွာ ခန႔္မွန္းခြင့္ရေအာင္ ကိုယ္ကိုတိုင္ သ႐ုပ္ေဆာင္ ခြင့္ရတဲ့အတြက္လည္း ေက်နပ္မိပါတယ္။ ၾကည္ႏူးမိပါတယ္။ ရျခင္းမရျခင္း သည္ ကြၽန္ေတာ္တို႔နဲ႔ မဆိုင္သလို ကြၽန္ေတာ္တို႔ရဲ႕ ႀကိဳးစားအားထုတ္မႈ သည္ ပရိသတ္ေတြအတြက္ ေက်နပ္မႈ တစ္ခုရတယ္ဆိုရင္ပဲ ႀကိဳးစားရက်ိဳးနပ္ေနပါၿပီ” လို႔ ေနတိုးက ဆက္လက္ေျပာျပခဲ့ပါတယ္။


က်ရာဇာတ္႐ုပ္တိုုင္းကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္သူ တစ္ေယာက္ျဖစ္လာတဲ့ ေနတိုးဟာ မိုးညအိမ္မက္ျမဴ (၂၀၀၉)၊ နကၡတ္မွားတဲ့တိုက္ပြဲ (၂၀၁၅)၊ တာေတႀကီး (၂၀၁၇) ႐ုပ္ရွင္ကား ၃ ကားမွာ အေကာင္းဆုံးအမ်ိဳးသား ဇာတ္ေဆာင္ဆုတို႔ကို ရရွိခဲ့ပါတယ္။ေနတိုးဟာ အႏုပညာ အရည္အေသြးျပည့္ဝ တာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားသူ တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ေလာကမွာ ေအာင္ျမင္စြာ ရပ္တည္ေနသူတစ္ဦး ျဖစ္ပါတယ္။

ဒါ့အျပင္ ေနတိုးဟာ ကိုယ္ပိုင္စတူဒီယိုတစ္ခုျဖစ္တဲ့ Story Book Movie Studio ကို ေျမာက္ဒဂုံၿမိဳ႕နယ္၊ ၄၁ တိုးခ်ဲ႕ရပ္ကြက္၊ ေတာ္ဝင္ အိမ္ရာ၊ ျမတ္ေလးလမ္း၊ No.(G-10) ေနရာမွာ ဖြင့္လွစ္ထားပါတယ္။


Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ပရိသတ်တွေ ရွေးချယ်ပေးလို့ ရတဲ့ဆုကို ပရိသတ်တွေအတွက် ပြန်ပြီး အကျိုးပြုသွားမယ်လို့ နေတိုးက ဆိုပါတယ်။ဆုရအောင် တောင်းဆိုပေးကြတဲ့ ပရိသတ်တွေကိုလည်း နေတိုးက ကျေးဇူးတင်ကြောင်းပြောခဲ့သလို အဲ့ဒီသီချင်းဟာ သူ့အတွက် အမှတ်တရတွေ အများကြီး ဖြစ်စေခဲ့တဲ့ သီချင်းလို့လည်း ဆိုပါတယ်။

သရုပ်ဆောင် နေတိုးဟာ Shwe FM ရဲ့ (၉)နှစ်ပြည့်ပွဲမှာ ပရိသတ်တွေရွေးချယ်ပေးတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးသံရှင်ဆုကို ရရှိခဲ့တာပါ။ဆုပေးပွဲနေ့က ရုပ်ရှင်ရိုက်ကူးရေးနဲ့ အဝေးမှာ ရောက်နေတာကြောင့် ဆုပေးပွဲမှာ ဆုတက်မယူနိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

အခုတော့ ပရိသတ်တွေပေးတဲ့ဆုကို ပရိသတ်တွေအတွက် ပြန်ပြီး အသုံးပြုသွားမယ်လို့  ဒီဇင်ဘာ(၂၄) ရက်နေ့က ပြုလုပ်တဲ့ နှင်းဆီအငြိမ့်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ နေတိုးက ပြောပြခဲ့ပါတယ်။

“ဆုရအောင် တောင်းပေးခဲ့ကြတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။၂၀၁၈ ဟာလည်း ဒီသီချင်းလေးက ကျွန်တော့်အတွက် တော်တော် အမှတ်တရဖြစ်ခဲ့ပါတယ်။ဒီသီချင်းနဲ့ ပတ်သက်တဲ့ ဆုတွေကိုလည်း ပရိသတ်တွေအတွက် အမှတ်တရဖြစ်အောင် လှူဒါန်းသွားမှာပါ။ “ ဆိုပြီး မီဒီယာတွေကိုဖြေဆိုပေးခဲ့ပါတယ်။

နေတိုးအတွက်၂၀၁၈ ခုနှစ်ဟာ အမှတ်တရတွေအများကြီးဖြစ်ခဲ့တဲ့နှစ်တစ်နှစ် ဖြစ်သလို အကယ်ဒမီဆုကြီးတွေ နောက်ထပ်ပိုင်ဆိုင်ဖို့ အခွင့်အလမ်းတွေ ရခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ဖို့ အလားအလာ ရှိလို့ နေပါတယ်။အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့လည်း နေတိုးအတွက် ဘယ်လိုရင်ခုန်မှုတွေ ရှိနေမလဲဆိုတာ ယခုလို ပြောပြခဲ့ပါသေးတယ်။

“ဒါကနှစ်စဉ်နှစ်တိုင်း ပရိသတ်တွေက ခန့်မှန်းပေးခဲ့တယ်။ ပရိသတ်တွေရဲ့ခန့်မှန်းမှုတစ်ခုအပေါ်မှာ ခန့်မှန်းခွင့်ရအောင် ကိုယ်ကိုတိုင် သရုပ်ဆောင် ခွင့်ရတဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ကြည်နူးမိပါတယ်။ ရခြင်းမရခြင်း သည် ကျွန်တော်တို့နဲ့ မဆိုင်သလို ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု သည် ပရိသတ်တွေအတွက် ကျေနပ်မှု တစ်ခုရတယ်ဆိုရင်ပဲ ကြိုးစားရကျိုးနပ်နေပါပြီ” လို့ နေတိုးက ဆက်လက်ပြောပြခဲ့ပါတယ်။

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။နေတိုးဟာ အနုပညာ အရည်အသွေးပြည့်ဝ တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် နေတိုးဟာ ကိုယ်ပိုင်စတူဒီယိုတစ်ခုဖြစ်တဲ့ Story Book Movie Studio ကို မြောက်ဒဂုံမြို့နယ်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ တော်ဝင် အိမ်ရာ၊ မြတ်လေးလမ်း၊ No.(G-10) နေရာမှာ ဖွင့်လှစ်ထားပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top