iMyanmarHouse.com - Best Property Website for Myanmar
×


စိုင္းစိုင္းခမ္းလႈိင္က ဘားအံၿမိဳ႕ ခ်စ္သူၿမိဳင္ပန္းၿခံ ေဖ်ာ္ေျဖပြဲမွာ ပရိသတ္ ၂ ေသာင္းေက်ာ္ လာေရာက္အားေပးၾကတာျဖစ္လို႔ ဝမ္းသာမဆုံးျဖစ္လို႔ ေနပါတယ္. သူဟာလက္ရွိမွာလည္း အႏုပညာအလုပ္ေတြ နဲ႔ ပတ္သက္ၿပီး ႀကိဳးစားေနဆဲလူတစ္ေယာက္ပါလို႔ ရင္ဖြင့္ေျပာျပထားပါေသးတယ္.

စိုင္းစိုင္းခမ္းလႈိင္တစ္ေယာက္ ဒီဇင္ဘာလ မွာ ေဖ်ာ္ေျဖေရးေတြ ဆက္တိုက္ ဆိုေနတာ ေတြ႕ရပါတယ္. မၾကာခင္ကလည္း ဘားအံၿမိဳ႕မွာ ေဖ်ာ္ေျဖ ပြဲ သီဆိုခဲ့တာျဖစ္တဲ့အတြက္ ပရိသတ္ ၂ ေသာင္းေက်ာ္ ေၾကာင့္ ေပ်ာ္႐ႊင္ခဲ့ရတယ္လို႔ ဆိုပါတယ္.

'' ခရစ္စမတ္ည ဘားအံၿမိဳ႕ ခ်စ္သူၿမိဳင္ပန္းၿခံ ေဖ်ာ္ေျဖပြဲ ပရိသတ္ဦးေရ ၂၀၀၀၀ ေက်ာ္ တက္ေရာက္ခဲ့ၿပီး မနက္ ၁ နာရီခန႔္ အထိေဖ်ာ္ေျဖခဲ့ၾကပါတယ္ . အင္မတန္ေပ်ာ္စရာေကာင္းတဲ့ ပြဲပါ'' ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၂၆ ရက္ေန႔ ညေန ၄ နာရီ ၈ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္. အဲ့ဒီေနာက္ ေဖ်ာ္ေျဖပြဲညက အမွတ္တရ ပုံေတြကိုလည္း တင္ခဲ့တာကို ေတြ႕ရပါတယ္.


စိုင္းစိုင္းခမ္းလႈိင္က အႏုပညာနဲ႔ ပတ္သက္လာရင္ သ႐ုပ္ေဆာင္အပိုင္းမွာေရာ၊ ဂီတအပိုင္းမွာပါ ေအာင္ျမင္သူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔ကို ခ်စ္တဲ့ ပရိသတ္အမ်ားႀကီးကို ပိုင္ဆိုင္ထားေပမယ့္လည္း ေဝဖန္တိုက္ခိုက္မႈေတြကိုအၿမဲခံရတဲ့သူတစ္ေယာက္ပါ။ ဒီ့အတြက္ေၾကာင့္လည္း ပရိသတ္တိုင္းရဲ႕ ဆႏၵနဲ႔ ထပ္တူမက်ႏိုင္တဲ့အေၾကာင္းေတြကို အခုလိုရင္ဖြင့္ေျပာျပလာပါတယ္။

'' ကြၽန္ေတာ္လည္း အမ်ားနည္းတူကိုယ့္ဘဝနဲ႔ ဆႏၵထပ္တူက်ဖို႔ ႀကိဳးစားေနတဲ့ေကာင္ပါပဲ။ ဘဝဆိုတာ ကိုယ့္ဆႏၵအတိုင္းေတာင္ ျဖစ္လာဖို႔ မ လြယ္ကူတာ ခင္ဗ်ားတို႔ ျဖစ္ေစခ်င္တဲ့ ဆႏၵနဲ႔ ကြၽန္ေတာ့္ဘဝ ထပ္တူမက်တဲ့အခါမွာလည္း နားလည္ခြင့္လႊတ္ေစခ်င္ပါတယ္'' ဆိုၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ဖူးပါတယ္.

စိုင္းစိုင္းရဲ႕ Facebook Page မွာေတာ့ အားေပးသူ ပရိသတ္ေပါင္း ၈ သန္းေက်ာ္ ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ Instagram မွာေတာ့ အားေပး သူ ပရိသတ္ေပါင္း ၄ သိန္း ၇ ေသာင္းေက်ာ္ ရွိတာကို ေတြ႕ရပါတယ္။ စိုင္းစိုင္းခမ္းလႈိင္ ဟာ သူ႔ရဲ႕ ကိုယ္ပိုင္ Instagram အေကာင့္မွာလည္း အႏုပညာလႈပ္ရွားမႈေတြအေၾကာင္းကို တင္ေလ့ရွိပါတယ္။

ျမန္မာႏိုင္ငံ ဂီတေလာကရဲ႕ ထိပ္ဆုံးမွာ ေအာင္ျမင္မႈေတြနဲ႔ ရပ္တည္ေနတဲ့ အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္ ရဲ႕ တရားဝင္ Facebook Page ကေတာ့ ဇြန္လ ၁၆ ရက္ေန႔ ညမွာပဲ Follower ၈ သန္းျပည့္သြားခဲ့တာျဖစ္ပါတယ္။ သူ႔ကို အားေပးခ်စ္ခင္ေနၾကတဲ့ ပရိသတ္ေတြအတြက္ လည္း ဒီ့ထက္ပိုႀကိဳးစားသြားဦးမယ္လို႔ ဆိုပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

စိုင်းစိုင်းခမ်းလှိုင်က ဘားအံမြို့ ချစ်သူမြိုင်ပန်းခြံ ဖျော်ဖြေပွဲမှာ ပရိသတ် ၂ သောင်းကျော် လာရောက်အားပေးကြတာဖြစ်လို့ ဝမ်းသာမဆုံးဖြစ်လို့ နေပါတယ်. သူဟာလက်ရှိမှာလည်း အနုပညာအလုပ်တွေ နဲ့ ပတ်သက်ပြီး ကြိုးစားနေဆဲလူတစ်ယောက်ပါလို့ ရင်ဖွင့်ပြောပြထားပါသေးတယ်.

စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ဒီဇင်ဘာလ မှာ ဖျော်ဖြေရေးတွေ ဆက်တိုက် ဆိုနေတာ တွေ့ရပါတယ်. မကြာခင်ကလည်း ဘားအံမြို့မှာ ဖျော်ဖြေ ပွဲ သီဆိုခဲ့တာဖြစ်တဲ့အတွက် ပရိသတ် ၂ သောင်းကျော် ကြောင့် ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်.

'' ခရစ်စမတ်ည ဘားအံမြို့ ချစ်သူမြိုင်ပန်းခြံ ဖျော်ဖြေပွဲ ပရိသတ်ဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ပြီး မနက် ၁ နာရီခန့် အထိဖျော်ဖြေခဲ့ကြပါတယ် . အင်မတန်ပျော်စရာကောင်းတဲ့ ပွဲပါ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်. အဲ့ဒီနောက် ဖျော်ဖြေပွဲညက အမှတ်တရ ပုံတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်.

စိုင်းစိုင်းခမ်းလှိုင်က အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းမှာရော၊ ဂီတအပိုင်းမှာပါ အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားပေမယ့်လည်း ဝေဖန်တိုက်ခိုက်မှုတွေကိုအမြဲခံရတဲ့သူတစ်ယောက်ပါ။ ဒီ့အတွက်ကြောင့်လည်း ပရိသတ်တိုင်းရဲ့ ဆန္ဒနဲ့ ထပ်တူမကျနိုင်တဲ့အကြောင်းတွေကို အခုလိုရင်ဖွင့်ပြောပြလာပါတယ်။

'' ကျွန်တော်လည်း အများနည်းတူကိုယ့်ဘဝနဲ့ ဆန္ဒထပ်တူကျဖို့ ကြိုးစားနေတဲ့ကောင်ပါပဲ။ ဘဝဆိုတာ ကိုယ့်ဆန္ဒအတိုင်းတောင် ဖြစ်လာဖို့ မ လွယ်ကူတာ ခင်ဗျားတို့ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော့်ဘဝ ထပ်တူမကျတဲ့အခါမှာလည်း နားလည်ခွင့်လွှတ်စေချင်ပါတယ်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်.

စိုင်းစိုင်းရဲ့ Facebook Page မှာတော့ အားပေးသူ ပရိသတ်ပေါင်း ၈ သန်းကျော် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Instagram မှာတော့ အားပေး သူ ပရိသတ်ပေါင်း ၄ သိန်း ၇ သောင်းကျော် ရှိတာကို တွေ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဟာ သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာလည်း အနုပညာလှုပ်ရှားမှုတွေအကြောင်းကို တင်လေ့ရှိပါတယ်။

မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရဲ့ တရားဝင် Facebook Page ကတော့ ဇွန်လ ၁၆ ရက်နေ့ ညမှာပဲ Follower ၈ သန်းပြည့်သွားခဲ့တာဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက် လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top