iMyanmarHouse.com - Best Property Website for Myanmar
×












Credit:Auntymay

# Unicode Version ဖြင့် ဖတ်ပါ #

tvN ရဲ့ ဒရမ်မာဇာတ်ကားသစ်  ‘Encounter’  မှာတော့ မင်းသမီးချော ဆောင်းဟေကိုနဲ့ ပတ်ဘိုဂန်တို့ အတူသရုပ်ဆောင်ထားပါတယ်။DOTS ပြီးတည်းက ပျောက်ချက်သားကောင်းနေတဲ့ ဆောင်းဟေကိုအတွက်ကတော့ ဒါဟာ DOTS အပြီး ပထမဆုံး ပြန်ရိုက်တဲ့ ဇာတ်ကားပါ။

ထူးခြားတာကတော့ ခင်ပွန်းဖြစ်သူ ဆောင်ဂျွန်ကီရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်တဲ့ ပတ်ဘိုဂန်နဲ့ အတူတွဲသရုပ်ဆောင်ထားတာပါ။ဒါကြောင့်လည်း   ‘Encounter’  ဇာတ်ကား ဟာ မရိုက်ကူး ခင် တည်းက ပရိသတ်တွေရဲ့ အထူးစိတ်ဝင်စားမှုကို ရခဲ့တာပါ။

နိုဝင်ဘာ (၂၈)ရက်နေ့မှာတော့ ‘Encounter’  ကို စတင်ထုတ်လွှင့်ပြသခဲ့ပါတယ်။ပထမဆုံး ထုတ်လွှင့် ပြသတဲ့ အပိုင်း တစ်မှာတင်ပဲ ကြည့်ရှုနှုန်းအရမ်းကို ကောင်းခဲ့ပြီး တကယ့်ကို ကျေနပ်စရာကောင်းတဲ့ ကြည့်ရှုနှုန်း ( 8.7% viewership ratings ) ရခဲ့ပါတယ်။ဒီကားကတော့အခုဆိုရင် tvN ရဲ့သမိုင်းတစ်လျှောက်  Wednesday-Thursday  ထုတ်လွှင့်ပြသ ခဲ့တဲ့ ဒရမ်မာ ကားတွေထဲကမှ ပထမနေ့မှာပဲ ကြည့်ရှုနှုန်းအကောင်းဆုံး ရခဲ့တဲ့ ဇာတ်ကား ဖြစ်လာ ခဲ့ပါတယ်။

အခုလို  အပိုင်းတစ်မှာပဲ ကြည့်ရှုနှုန်းကောင်းခဲ့ဖူးတဲ့ ဇာတ်ကားတော့ရှိပါတယ်။အဲ့ဒါကတော့ မင်းသာလီဗြောင်ဟွန်း သရုပ် ေ ဆာင်ထားတဲ့ ‘Mr. Sunshine’  ပါ။’Mr. Sunshine’  ရခဲ့တဲ့ ကြည့်ရှုနှုန်းကတော့ (8.86% viewership ratings ) ပါ။

‘Encounter’ ဇာတ်ကားမှာတော့ Song Hyekyo က Cha Soohyun ဆိုတဲ့ ဇာတ်ကောင်နေရာ Park Bogum ကတော့ Kim Jinhyuk ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားပါတယ်။ Cha Soohyun ကတော့ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာသူပါ။

 မိခင်စီစဉ်တဲ့ လက်ထပ် ပွဲ ကို လက်ခံခဲ့ပြီး သူမရဲ့ ပျော်ရွှင်မှုတွေကို ခင်ပွန်းဖြစ်သူရဲ့ အလုပ်အတွက် စတေးပေးထားရသူပါ။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ချမ်းသာတဲ့ ခင်ပွန်းက သူမနဲ့ ကလေးကို ထားပစ်ခဲ့ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top