iMyanmarHouse.com - Best Property Website for Myanmar
×


ကိုယ္အေလးခ်ိန္ကို ေလ့က်င့္ခန္းေတြျပဳလုပ္႐ုံ၊ အစားေလ်ာ့စား႐ုံနဲ႔သာမကဘဲ အနံ႔ရႈရႈိက္႐ုံနဲ႔ ေလ်ာ့က်ေစႏိုင္တယ္ ဆိုတာဟာ အနည္းငယ္ေတာ့ ထူးဆန္းေကာင္းထူးဆန္းေနႏိုင္ပါတယ္။

ဒါေပမယ့္ ဒါဟာ ထူးဆန္း႐ုံသက္သက္မဟုတ္ဘဲ ရနံ႔ကုထုံးပညာရွင္ေတြနဲ႔ ေလ့လာသူေတြ သုေတသနျပဳလုပ္ထားတဲ့ မွတ္တမ္းေတြအရ အမွန္တကယ္ထိေရာက္ေစတဲ့ နည္းလမ္းတခုျဖစ္တာေၾကာင့္ သဘာဝအနံ႔ေတြ ရႈရႈိက္႐ုံနဲ႔ ဝိတ္က်ေစမယ့္ နည္းလမ္းေတြကို ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။


(၁) ပူစီနံ႐ြက္အနံ႔

ပူစီနံအ႐ြက္ကေနထုတ္လုပ္ထားတဲ့ ပူစီနံအဆီ ဒါမွမဟုတ္ ပူစီနံ႐ြက္အနံ႔ဟာ Trigeminal အာ႐ုံေၾကာကို ႏႈိးဆြေပးႏိုင္ၿပီး ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ကို ျမင့္တက္ေစႏိုင္တယ္လို႔ ရနံ႔ကုထုံးပညာရွင္ေတြကဆိုပါတယ္။ ပူစီနံ႐ြက္ရဲ႕ ပူရွိန္းရွိန္း ရနံ႔ဟာ ေသြးထဲက အဆီဓာတ္ေတြကို ဖယ္ရွားေပးႏိုင္တယ္လို႔လည္း သိရပါတယ္။

(၂) ပန္းသီးစိမ္းနဲ႔ ငွက္ေပ်ာသီးအနံ႔

Smell and taste သုေတသနေဖာင္ေဒးရွင္းရဲ႕ ေလ့လာခ်က္ေတြအရ ကိုယ္အေလးခ်ိန္ျမင့္တက္သူေတြကို ၎တို႔ အလြန္အမင္း အစာစားခ်င္စိတ္ျဖစ္ေပၚေနစဥ္အေတာ အတြင္းမွာ ပန္းသီးစိမ္းအနံ႔နဲ႔ ငွက္ေပ်ာသီးအနံ႔တို႔ကို ရႈရႈိက္ေစျခင္းေၾကာင့္ အစားစားခ်င္စိတ္ကို အဟန႔္အတားျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။

(၃) ၾကက္သြန္ျဖဴအနံ႔

၂၀၁၂ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ ေလ့လာခ်က္ေတြအရ ဟင္းခတ္အေမႊးအႀကိဳင္မ်ိဳးဝင္ေတြျဖစ္တဲ့ ၾကက္သြန္၊ င႐ုတ္ေကာင္းနဲ႔ င႐ုတ္သီးတို႔စားသုံးျခင္းဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစဖို႔ အေထာက္အကူေပးႏိုင္တဲ့အျပင္ အနံ႔ကို ရႈရႈိက္ျခင္း အားျဖင့္လည္း အကူအညီျဖစ္ေစတယ္လို႔ ေဖာ္ျပထားပါတယ္။

(၄) ဂရိတ္ဖ႐ုသီးအနံ႔

ေလ့လာခ်က္ေတြအရ ဂရိတ္ဖ႐ုသီးကို မစားခင္ အနံ႔ကို ၂ မိနစ္ ၃ မိနစ္ခန႔္ ရႈရႈိက္ေပးျခင္းဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က် ေစဖို႔အတြက္ အေထာက္အကူျဖစ္ေစတယ္လို႔ ဆိုပါတယ္။ Osaka တကၠသိုလ္ရဲ႕ သုေတသနေလ့လာခ်က္ေတြ အရ ဂရိတ္ဖ႐ုသီးရဲ႕ရနံ႔ဟာ အစာစားခ်င္စိတ္ကိုေလ်ာ့က်ေစတဲ့အျပင္ အသည္းက်န္းမာေရးအတြက္ပါ အက်ိဳးျပဳေစတယ္လို႔ ဆိုပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ကိုယ်အလေးချိန်ကို လေ့ကျင့်ခန်းတွေပြုလုပ်ရုံ၊ အစားလျော့စားရုံနဲ့သာမကဘဲ အနံ့ရှုရှိုက်ရုံနဲ့ လျော့ကျစေနိုင်တယ် ဆိုတာဟာ အနည်းငယ်တော့ ထူးဆန်းကောင်းထူးဆန်းနေနိုင်ပါတယ်။

ဒါပေမယ့် ဒါဟာ ထူးဆန်းရုံသက်သက်မဟုတ်ဘဲ ရနံ့ကုထုံးပညာရှင်တွေနဲ့ လေ့လာသူတွေ သုတေသနပြုလုပ်ထားတဲ့ မှတ်တမ်းတွေအရ အမှန်တကယ်ထိရောက်စေတဲ့ နည်းလမ်းတခုဖြစ်တာကြောင့် သဘာဝအနံ့တွေ ရှုရှိုက်ရုံနဲ့ ဝိတ်ကျစေမယ့် နည်းလမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) ပူစီနံရွက်အနံ့

ပူစီနံအရွက်ကနေထုတ်လုပ်ထားတဲ့ ပူစီနံအဆီ ဒါမှမဟုတ် ပူစီနံရွက်အနံ့ဟာ Trigeminal အာရုံကြောကို နှိုးဆွပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြင့်တက်စေနိုင်တယ်လို့ ရနံ့ကုထုံးပညာရှင်တွေကဆိုပါတယ်။ ပူစီနံရွက်ရဲ့ ပူရှိန်းရှိန်း ရနံ့ဟာ သွေးထဲက အဆီဓာတ်တွေကို ဖယ်ရှားပေးနိုင်တယ်လို့လည်း သိရပါတယ်။

(၂) ပန်းသီးစိမ်းနဲ့ ငှက်ပျောသီးအနံ့

Smell and taste သုတေသနဖောင်ဒေးရှင်းရဲ့ လေ့လာချက်တွေအရ ကိုယ်အလေးချိန်မြင့်တက်သူတွေကို ၎င်းတို့ အလွန်အမင်း အစာစားချင်စိတ်ဖြစ်ပေါ်နေစဉ်အတော အတွင်းမှာ ပန်းသီးစိမ်းအနံ့နဲ့ ငှက်ပျောသီးအနံ့တို့ကို ရှုရှိုက်စေခြင်းကြောင့် အစားစားချင်စိတ်ကို အဟန့်အတားဖြစ်စေခဲ့တယ်လို့ သိရပါတယ်။

(၃) ကြက်သွန်ဖြူအနံ့

၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ ဟင်းခတ်အမွှေးအကြိုင်မျိုးဝင်တွေဖြစ်တဲ့ ကြက်သွန်၊ ငရုတ်ကောင်းနဲ့ ငရုတ်သီးတို့စားသုံးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျစေဖို့ အထောက်အကူပေးနိုင်တဲ့အပြင် အနံ့ကို ရှုရှိုက်ခြင်း အားဖြင့်လည်း အကူအညီဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

(၄) ဂရိတ်ဖရုသီးအနံ့

လေ့လာချက်တွေအရ ဂရိတ်ဖရုသီးကို မစားခင် အနံ့ကို ၂ မိနစ် ၃ မိနစ်ခန့် ရှုရှိုက်ပေးခြင်းဟာ ကိုယ်အလေးချိန်လျော့ကျ စေဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ Osaka တက္ကသိုလ်ရဲ့ သုတေသနလေ့လာချက်တွေ အရ ဂရိတ်ဖရုသီးရဲ့ရနံ့ဟာ အစာစားချင်စိတ်ကိုလျော့ကျစေတဲ့အပြင် အသည်းကျန်းမာရေးအတွက်ပါ အကျိုးပြုစေတယ်လို့ ဆိုပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top