iMyanmarHouse.com - Best Property Website for Myanmar
×


ျပတ္သြားၿပီးတဲ့ ex နဲ႔တစ္ေနရာထဲမွာ အလုပ္လုပ္တူတူလုပ္ေနရတာ နည္းနည္းေတာ့ ကိုယ့္ကိုယ္ကိုယ္ ႐ူးေၾကာင္ေၾကာင္ႏိုင္တယ္လို႔ထင္တယ္ မဟုတ္လား။ ကိုယ္ရွိေနတဲ့ အလုပ္ကို အဲဒီ ex ကေရာက္လာခဲ့လို႔ပဲျဖစ္ျဖစ္၊ အစထဲက အတူတူအလုပ္လုပ္ေနရင္း၊ တြဲေနရင္းနဲ႔မွ ျပတ္သြားလို႔ပဲျဖစ္ျဖစ္ ဘယ္လိုေနရမယ္၊ ထိုင္ရမယ္မွန္းမသိျဖစ္ေနရင္ေတာ့ ဒီေဆာင္းပါးေလးဟာ အဲဒီလိုသူေတြအတြက္ သီးသန္႔ရည္စူးၿပီးေရးေပးထားတဲ့ ေဆာင္းပါးလို႔သာမွတ္လိုက္ပါေတာ့။

၁။ အလုပ္မွာပဲ အာ႐ုံစိုက္ပါ

လိမၼာရင္ေတာ့ အျမတ္ခ်ည္းပါပဲ။ အစထဲက ၿပီးသြားၿပီလို႔ သတ္မွတ္ထားတဲ့ ဆက္ဆံေရးျဖစ္တာရယ္ေၾကာင့္ ဟိုလိုလိုဒီလိုလိုနဲ႔ ဘာမွေပရွည္ေနစရာမလိုေတာ့ပါဘူး။ ဆိုေတာ့ လုပ္ငန္းခြင္မွာ ex နဲ႔အတူတူအလုပ္လုပ္မယ္ဆို သူ႕ေၾကာင့္အာ႐ုံမစားေစဖို႔ရာ အလုပ္ကိုသာအာ႐ုံစိုက္ထားပါ။ အလုပ္ကို ပိုအာ႐ုံစိုက္ထားေလေလ ကိုယ့္ရဲ႕ေအာင္ျမင္မႈလမ္းေၾကာင္းက ျမင့္လာေလေလပါ။ ဒါေၾကာင့္ သူ႕ကိုအာ႐ုံမထားပါနဲ႔။ ကိုယ္လုပ္စရာရွိတဲ့ အလုပ္ကိုသာ အေကာင္းဆုံးၿပီးဆုံးေအာင္ လုပ္ေပးလိုက္ပါ။

၂။ ဂ႐ုမစိုက္ပါနဲ႔

ဘယ္လိုပဲ ဂ႐ုမစိုက္နဲ႔လို႔ေျပာေျပာ ကိုယ္က႐ူးေနတဲ့သူ၊ အတိတ္ေမ့ေနတဲ့သူလည္း မဟုတ္ေတာ့ အတိတ္ေတြဆိုတာက ေဖ်ာက္ဖ်က္လို႔ရတဲ့အရာထဲမွာ ပါမွာမဟုတ္ပါဘူး ဆိုေပမဲ့ ကိုယ့္အထာနဲ႔သာ ကိုယ္ေနပါ။ ၿပဳံးၿမဲၿပဳံးထားပါ။ အလုပ္ကလူေတြနဲ႔လည္း စကားေျပာေပးပါ။ ကိုယ့္ပုံစံအတိုင္းရွင္သန္ပါ။ ကိုယ္ဘာခံစားေနရတယ္ဆိုတာကို မျပသပါနဲ႔။ အလုပ္ထဲကို ခံစားခ်က္ေတြသယ္မသြားပါနဲ႔။ အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာခြဲထားပါ။ ထပ္ေျပာပါမယ္။ ဂ႐ုမစိုက္ပါနဲ႔။


၃။ ေဘာ့စ္ကိုအသိေပးထားပါ

အတတ္ႏိုင္ဆုံးေတာ့ သူ႕ကိုေရွာင္ၿပီးလုပ္ေနတာပဲ။ ဒါေပမဲ့ အထက္လူႀကီးကခိုင္းလာတဲ့ အခါမ်ိဳးက်ရင္ေတာ့ ကၽြန္ေတာ္/ကၽြန္မက သူနဲ႔အတူတူ အလုပ္လုပ္မလုပ္ခ်င္လို႔ပါလို႔ ျငင္းလို႔မရေတာ့ပါဘူး။ ဒါေၾကာင့္ ေဘာစ့္ကိုလည္းအသိေပးထားပါ။ ကိုယ့္ရဲ႕ခံစားခ်က္ေတြအားလုံးကိုအိတ္သြန္ဖာေမွာက္ေျပာျပတာမ်ိဳးမဟုတ္ဘဲ "ကိုယ္ကေတာ့သူနဲ႔တြဲခဲ့ဖူးတယ္။ ဒါေပမဲ့ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတာ့မရွိခဲ့ဘူးေပါ့။" ဒီေလာက္ဆိုလုံေလာက္ပါၿပီ။ သူလည္းလူႀကီးပဲ။ ဒီေလာက္ေတာ့ နားလည္ပါတယ္။

၄။ စိတ္ရွင္းရွင္းထားပါ

ကိုယ့္ရဲ႕ၾကည္လင္ေနတဲ့စိတ္ကို သူ႕ေၾကာင့္အရွပ္ေထြးမခံပါနဲ႔။ ex က ကိုယ့္ေဘာစ့္ျဖစ္ေနတဲ့အခါမ်ိဳးမွာ၊ အထက္လူႀကီးျဖစ္ေနတဲ့အခါမ်ိဳးမွာနဲ႔ အဖြဲ႕အစည္းတစ္ခုထဲမွာ အလုပ္တူတူလုပ္ေနရတဲ့အခါမွာဆို ဒီအေျခအေနမ်ိဳးက ပိုဆိုးပါတယ္။ ေရွာင္လႊဲလို႔လည္းမရပါဘဲ ကိုယ့္ေန႔စဥ္ဘဝထဲမွာ ပါေနေလေတာ့ ပိုၿပီးအာ႐ုံေနာက္ရမွာပါ။

ဒါေၾကာင့္ ဘာကိုမွမလုပ္ခင္၊ ႐ုံးမသြားခင္၊ သူ႕မ်က္ႏွာႀကီးကို မေတြ႕ခင္ ကိုယ့္ကိုယ္ကိုယ္အရင္ဆုံး သတိေပးလိုက္ပါ။ ex က ex။ အလုပ္ကအလုပ္ပါပဲ။ ကိုယ္တန္ဖိုးထားတဲ့အခ်ိန္ေတြ၊ ဝါသနာေတြ၊ အလုပ္ေတြကို သူ႕ေၾကာင့္မေရာေထြးသြားပါေစနဲ႔။ ကိုယ့္အရည္အေသြးကိုသာ ေသြးၿပီးရင္းေသြးႏိုင္ေအာင္ ႀကိဳးစားပါ။


၅။ သူနဲ႔လည္း စကားေျပာေပးပါ

ၿပီးဆုံးသြားၿပီလို႔ သတ္မွတ္ထားတာေၾကာင့္ ဘာမွတြန္႔ဆုတ္ေနစရာမလိုေတာ့ပါဘူး။ တျခားသူေတြလိုပဲ သူ႕ကိုလည္းစကားေျပာေပးပါ။ ေပါ့ေပါ့ပါးပါးဆက္ဆံေပးပါ။ အလုပ္ဆိုတာ ေ႐ြးခ်ယ္လို႔ရတဲ့ အရာမဟုတ္ေၾကာင္းနဲ႔ အတိတ္ဆိုတာ ေရွာင္လႊဲလို႔ရတဲ့အရာမဟုတ္မွန္း သင္ေရာ၊ သင့္ ex ေရာ နားလည္ထားဖို႔လိုပါတယ္။ အကယ္၍ သင့္ ex ကအေတာ္အတန္ ရင့္က်က္ေနၿပီးသားသူဆိုရင္ေတာ့ ဒီအေျခအေနကို နားလည္ၿပီး အလုပ္ကိုသာ အေကာင္းဆုံးအာ႐ုံစိုက္ႏိုင္မွာပါ။ အကယ္၍သူက မရင့္က်က္ေသးဘူးဆိုရင္ေတာ့ သင္ကသာ နားလည္ေပးလိုက္ပါ။

Credit:Yoyarlay

# Unicode Version ျဖင့္ ဖတ္ပါ #

ပြတ်သွားပြီးတဲ့ ex နဲ့တစ်နေရာထဲမှာ အလုပ်လုပ်တူတူလုပ်နေရတာ နည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ် ရူးကြောင်ကြောင်နိုင်တယ်လို့ထင်တယ် မဟုတ်လား။ ကိုယ်ရှိနေတဲ့ အလုပ်ကို အဲဒီ ex ကရောက်လာခဲ့လို့ပဲဖြစ်ဖြစ်၊ အစထဲက အတူတူအလုပ်လုပ်နေရင်း၊ တွဲနေရင်းနဲ့မှ ပြတ်သွားလို့ပဲဖြစ်ဖြစ် ဘယ်လိုနေရမယ်၊ ထိုင်ရမယ်မှန်းမသိဖြစ်နေရင်တော့ ဒီဆောင်းပါးလေးဟာ အဲဒီလိုသူတွေအတွက် သီးသန့်ရည်စူးပြီးရေးပေးထားတဲ့ ဆောင်းပါးလို့သာမှတ်လိုက်ပါတော့။

၁။ အလုပ်မှာပဲ အာရုံစိုက်ပါ

လိမ္မာရင်တော့ အမြတ်ချည်းပါပဲ။ အစထဲက ပြီးသွားပြီလို့ သတ်မှတ်ထားတဲ့ ဆက်ဆံရေးဖြစ်တာရယ်ကြောင့် ဟိုလိုလိုဒီလိုလိုနဲ့ ဘာမှပေရှည်နေစရာမလိုတော့ပါဘူး။ ဆိုတော့ လုပ်ငန်းခွင်မှာ ex နဲ့အတူတူအလုပ်လုပ်မယ်ဆို သူ့ကြောင့်အာရုံမစားစေဖို့ရာ အလုပ်ကိုသာအာရုံစိုက်ထားပါ။ အလုပ်ကို ပိုအာရုံစိုက်ထားလေလေ ကိုယ့်ရဲ့အောင်မြင်မှုလမ်းကြောင်းက မြင့်လာလေလေပါ။ ဒါကြောင့် သူ့ကိုအာရုံမထားပါနဲ့။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကိုသာ အကောင်းဆုံးပြီးဆုံးအောင် လုပ်ပေးလိုက်ပါ။

၂။ ဂရုမစိုက်ပါနဲ့

ဘယ်လိုပဲ ဂရုမစိုက်နဲ့လို့ပြောပြော ကိုယ်ကရူးနေတဲ့သူ၊ အတိတ်မေ့နေတဲ့သူလည်း မဟုတ်တော့ အတိတ်တွေဆိုတာက ဖျောက်ဖျက်လို့ရတဲ့အရာထဲမှာ ပါမှာမဟုတ်ပါဘူး ဆိုပေမဲ့ ကိုယ့်အထာနဲ့သာ ကိုယ်နေပါ။ ပြုံးမြဲပြုံးထားပါ။ အလုပ်ကလူတွေနဲ့လည်း စကားပြောပေးပါ။ ကိုယ့်ပုံစံအတိုင်းရှင်သန်ပါ။ ကိုယ်ဘာခံစားနေရတယ်ဆိုတာကို မပြသပါနဲ့။ အလုပ်ထဲကို ခံစားချက်တွေသယ်မသွားပါနဲ့။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာခွဲထားပါ။ ထပ်ပြောပါမယ်။ ဂရုမစိုက်ပါနဲ့။

၃။ ဘော့စ်ကိုအသိပေးထားပါ

အတတ်နိုင်ဆုံးတော့ သူ့ကိုရှောင်ပြီးလုပ်နေတာပဲ။ ဒါပေမဲ့ အထက်လူကြီးကခိုင်းလာတဲ့ အခါမျိုးကျရင်တော့ ကျွန်တော်/ကျွန်မက သူနဲ့အတူတူ အလုပ်လုပ်မလုပ်ချင်လို့ပါလို့ ငြင်းလို့မရတော့ပါဘူး။ ဒါကြောင့် ဘောစ့်ကိုလည်းအသိပေးထားပါ။ ကိုယ့်ရဲ့ခံစားချက်တွေအားလုံးကိုအိတ်သွန်ဖာမှောက်ပြောပြတာမျိုးမဟုတ်ဘဲ "ကိုယ်ကတော့သူနဲ့တွဲခဲ့ဖူးတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတော့မရှိခဲ့ဘူးပေါ့။" ဒီလောက်ဆိုလုံလောက်ပါပြီ။ သူလည်းလူကြီးပဲ။ ဒီလောက်တော့ နားလည်ပါတယ်။

၄။ စိတ်ရှင်းရှင်းထားပါ

ကိုယ့်ရဲ့ကြည်လင်နေတဲ့စိတ်ကို သူ့ကြောင့်အရှပ်ထွေးမခံပါနဲ့။ ex က ကိုယ့်ဘောစ့်ဖြစ်နေတဲ့အခါမျိုးမှာ၊ အထက်လူကြီးဖြစ်နေတဲ့အခါမျိုးမှာနဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ အလုပ်တူတူလုပ်နေရတဲ့အခါမှာဆို ဒီအခြေအနေမျိုးက ပိုဆိုးပါတယ်။ ရှောင်လွှဲလို့လည်းမရပါဘဲ ကိုယ့်နေ့စဉ်ဘဝထဲမှာ ပါနေလေတော့ ပိုပြီးအာရုံနောက်ရမှာပါ။

ဒါကြောင့် ဘာကိုမှမလုပ်ခင်၊ ရုံးမသွားခင်၊ သူ့မျက်နှာကြီးကို မတွေ့ခင် ကိုယ့်ကိုယ်ကိုယ်အရင်ဆုံး သတိပေးလိုက်ပါ။ ex က ex။ အလုပ်ကအလုပ်ပါပဲ။ ကိုယ်တန်ဖိုးထားတဲ့အချိန်တွေ၊ ဝါသနာတွေ၊ အလုပ်တွေကို သူ့ကြောင့်မရောထွေးသွားပါစေနဲ့။ ကိုယ့်အရည်အသွေးကိုသာ သွေးပြီးရင်းသွေးနိုင်အောင် ကြိုးစားပါ။


၅။ သူနဲ့လည်း စကားပြောပေးပါ

ပြီးဆုံးသွားပြီလို့ သတ်မှတ်ထားတာကြောင့် ဘာမှတွန့်ဆုတ်နေစရာမလိုတော့ပါဘူး။ တခြားသူတွေလိုပဲ သူ့ကိုလည်းစကားပြောပေးပါ။ ပေါ့ပေါ့ပါးပါးဆက်ဆံပေးပါ။ အလုပ်ဆိုတာ ရွေးချယ်လို့ရတဲ့ အရာမဟုတ်ကြောင်းနဲ့ အတိတ်ဆိုတာ ရှောင်လွှဲလို့ရတဲ့အရာမဟုတ်မှန်း သင်ရော၊ သင့် ex ရော နားလည်ထားဖို့လိုပါတယ်။ အကယ်၍ သင့် ex ကအတော်အတန် ရင့်ကျက်နေပြီးသားသူဆိုရင်တော့ ဒီအခြေအနေကို နားလည်ပြီး အလုပ်ကိုသာ အကောင်းဆုံးအာရုံစိုက်နိုင်မှာပါ။ အကယ်၍သူက မရင့်ကျက်သေးဘူးဆိုရင်တော့ သင်ကသာ နားလည်ပေးလိုက်ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top