iMyanmarHouse.com - Best Property Website for Myanmar
×


ေဖေဖ ခ်စ္ေကာင္းက သမီးႀကီး အိမ့္ခ်စ္ကို အိမ္ေထာင္ျပဳေစခ်င္ေနၿပီလို႔ ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္. လက္ရွိမွာလည္း ကိုယ့္အားကိုယ္ကိုး ၿပီး အႏုပညာလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းေနတဲ့ အိမ့္ခ်စ္အတြက္ကိုလည္း ခ်ီးက်ဴးစကားဆိုခဲ့ပါေသးတယ္.

အဆိုေတာ္ ခ်စ္ေကာင္းက သူ႔ရဲ႕ သမီးႀကီးျဖစ္သူ အဆိုေတာ္ အိမ့္ခ်စ္ကို အိမ္ေထာင္ျပဳေစခ်င္ၿပီလို႔ ဆိုပါတယ္. သမီးရဲ႕ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ ၿပီးေတာ့လည္း မၾကာခဏ တိုက္တြန္းေလ့ ရွိတယ္လို႔ Duwun Media ကေန ေျပာျပခဲ့တာပါ.

'' သမီးကို အစ္ကို ကိုယ္တိုင္ေျပာပါတယ္. သမီးေနာ္ တျဖည္းျဖည္းနဲ႔ အပ်ိဳႀကီးခန္းေတာ့ မလုပ္လိုက္နဲ႔လို႔ အ႐ြယ္လည္းရၿပီ အိမ္ေထာင္လည္း ျပဳသင့္ၿပီ. သမီးနဲ႔ လိုက္ဖက္မယ့္ သမီးရဲ႕ အိမ္ေထာင္ေရးကို ေျဖာင့္ေျဖာင့္တန္းတန္းသြားႏိုင္ရမယ္. သမီး မွီခိုအားထားႏိုင္မယ့္ အမ်ိဳးသားေကာင္း ေတြ႕မယ္. ရွိမယ္ဆိုရင္ အ႐ြယ္ေရာက္ၿပီ အခ်ိန္တန္ၿပီ မဟုတ္ရင္အပ်ိဳႀကီးျဖစ္သြားမယ္ ဆိုၿပီးေတာ့ အေဖကိုယ္တိုင္က ေျမႇာက္ေပးေနမိတယ္'' လို႔ သူကဆိုပါတယ္.


အိမ့္ခ်စ္ဟာ လက္ရွိမွာ ႏိုင္ငံေက်ာ္ အဆိုေတာ္ တစ္ေယာက္ျဖစ္သလို. ျပည္သူခ်စ္ အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္. အဲ့ဒီေနာက္ ကိုယ္ပိုင္ စီးပြားေရးနဲ႔ အတူ မိသားစုကို ေစာင့္ေရွာက္ထားသူတစ္ေယာက္ပါ. ဒီ့အတြက္ကိုလည္း ဖခင္ျဖစ္သူ ဦးခ်စ္ေကာင္းရဲ႕ စိတ္ခံစားခ်က္ကို အခုလို ေျပာျပလာပါတယ္.

'' သူ႔ရပ္တည္မႈ အေပၚမွာ ေျဖာင့္ေျဖာင့္တန္းတန္းပဲ သြားေစခ်င္တယ္ေပါ့ေနာ္. အေဖတစ္ေယာက္ျဖစ္ေစခ်င္တဲ့ အတိုင္းလည္း ျဖစ္ပါတယ္. ဗိုင္းေကာင္းေက်ာက္ပိ ျဖစ္ရမယ္လို႔ မဆိုလိုပါဘူး. ကိုယ့္ကိုယ္ကို အၿမဲတမ္းေအာင္ျမင္ေနတယ္. လူေတြ အားက်ျခင္းခံရတယ္. ဘာပဲေျပာေျပာ အဲ့ဒီလို လူေတြမွာေတာ့ လူဦးေရ သန္း ၆၀ ထဲမွာမွ ခ်စ္ေကာင္းဆိုတာ တစ္ေယာက္ျဖစ္လာတယ္. အိမ့္ခ်စ္ဆိုတာ တစ္ေယာက္ျဖစ္လာတယ္ေပါ့''

အိမ့္ခ်စ္နဲ႔ ခ်စ္ေကာင္းတို႔ သားအဖႏွစ္ေယာက္က ဆိုရင္ လက္ရွိအခ်ိန္ထိ ဂီတေလာကမွာ ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနၾကတဲ့ အႏုပညာရွင္ေတြ ျဖစ္ပါတယ္. ခ်စ္ေကာင္းက လက္ရွိမွာေတာ့ ဂီတအလုပ္ေတြနဲ႔ ပတ္သက္ၿပီး ေဖ်ာ္ေျဖေရး ပြဲေတြ. နယ္ေဖ်ာ္ေျဖေရးေတြမွာ သီဆိုေနရတာ ျဖစ္ပါတယ္.

အိမ့္ခ်စ္(Eint Chit) ဟာ ငယ္စဥ္ကတည္းက ဂီတနဲ႔ မစိမ္းသလို ဖခင္ ဦးခ်စ္ေကာင္းနဲ႔အတူ စတိတ္စင္ေပၚမွာ ေဖ်ာ္ ေျဖလာ သူ တစ္ဦး လည္း ျဖစ္ပါတယ္။အိမ့္ခ်စ္ဟာ အတြဲေခြမ်ားစြာမွာ ပါဝင္သီဆိုဖူးခဲ့သလို "ကိုယ္တိုင္ေရး ပုံတူပန္းခ်ီ" ၊ အခ်စ္ေရးစတဲ့ ေတးသီခ်င္း ေခြမ်ားနဲ႔ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အဆိုေတာ္ တစ္ဦးျဖစ္ၿပီး ဖခင္ျဖစ္သူ ဦးခ်စ္ေကာင္းနဲ႔အတူ "၅၂၈" ေဖ်ာ္ေျဖ ပြဲႀကီးကို ေအာင္ျမင္စြာ က်င္းပ ႏိုင္ခဲ့တဲ့ အဆိုေတာ္ တစ္ဦးျဖစ္ပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဖေဖေ ချစ်ကောင်းက သမီးကြီး အိမ့်ချစ်ကို အိမ်ထောင်ပြုစေချင်နေပြီလို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်. လက်ရှိမှာလည်း ကိုယ့်အားကိုယ်ကိုး ပြီး အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ အိမ့်ချစ်အတွက်ကိုလည်း ချီးကျူးစကားဆိုခဲ့ပါသေးတယ်.

အဆိုတော် ချစ်ကောင်းက သူ့ရဲ့ သမီးကြီးဖြစ်သူ အဆိုတော် အိမ့်ချစ်ကို အိမ်ထောင်ပြုစေချင်ပြီလို့ ဆိုပါတယ်. သမီးရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက် ပြီးတော့လည်း မကြာခဏ တိုက်တွန်းလေ့ ရှိတယ်လို့ Duwun Media ကနေ ပြောပြခဲ့တာပါ.

'' သမီးကို အစ်ကို ကိုယ်တိုင်ပြောပါတယ်. သမီးနော် တဖြည်းဖြည်းနဲ့ အပျိုကြီးခန်းတော့ မလုပ်လိုက်နဲ့လို့ အရွယ်လည်းရပြီ အိမ်ထောင်လည်း ပြုသင့်ပြီ. သမီးနဲ့ လိုက်ဖက်မယ့် သမီးရဲ့ အိမ်ထောင်ရေးကို ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်ရမယ်. သမီး မှီခိုအားထားနိုင်မယ့် အမျိုးသားကောင်း တွေ့မယ်. ရှိမယ်ဆိုရင် အရွယ်ရောက်ပြီ အချိန်တန်ပြီ မဟုတ်ရင်အပျိုကြီးဖြစ်သွားမယ် ဆိုပြီးတော့ အဖေကိုယ်တိုင်က မြှောက်ပေးနေမိတယ်'' လို့ သူကဆိုပါတယ်.

အိမ့်ချစ်ဟာ လက်ရှိမှာ နိုင်ငံကျော် အဆိုတော် တစ်ယောက်ဖြစ်သလို. ပြည်သူချစ် အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်. အဲ့ဒီနောက် ကိုယ်ပိုင် စီးပွားရေးနဲ့ အတူ မိသားစုကို စောင့်ရှောက်ထားသူတစ်ယောက်ပါ. ဒီ့အတွက်ကိုလည်း ဖခင်ဖြစ်သူ ဦးချစ်ကောင်းရဲ့ စိတ်ခံစားချက်ကို အခုလို ပြောပြလာပါတယ်.

'' သူ့ရပ်တည်မှု အပေါ်မှာ ဖြောင့်ဖြောင့်တန်းတန်းပဲ သွားစေချင်တယ်ပေါ့နော်. အဖေတစ်ယောက်ဖြစ်စေချင်တဲ့ အတိုင်းလည်း ဖြစ်ပါတယ်. ဗိုင်းကောင်းကျောက်ပိ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး. ကိုယ့်ကိုယ်ကို အမြဲတမ်းအောင်မြင်နေတယ်. လူတွေ အားကျခြင်းခံရတယ်. ဘာပဲပြောပြော အဲ့ဒီလို လူတွေမှာတော့ လူဦးရေ သန်း ၆၀ ထဲမှာမှ ချစ်ကောင်းဆိုတာ တစ်ယောက်ဖြစ်လာတယ်. အိမ့်ချစ်ဆိုတာ တစ်ယောက်ဖြစ်လာတယ်ပေါ့''

အိမ့်ချစ်နဲ့ ချစ်ကောင်းတို့ သားအဖနှစ်ယောက်က ဆိုရင် လက်ရှိအချိန်ထိ ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်. ချစ်ကောင်းက လက်ရှိမှာတော့ ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး ဖျော်ဖြေရေး ပွဲတွေ. နယ်ဖျော်ဖြေရေးတွေမှာ သီဆိုနေရတာ ဖြစ်ပါတယ်.

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦး လည်း ဖြစ်ပါတယ်။အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top