iMyanmarHouse.com - Best Property Website for Myanmar
×


အရာရာတုိင္းမွာ တစ္ခ်ိန္ခ်ိန္မွာျပီးဆံုးသြားရမွာပါ။ ဒါေပမယ့္ ျပီးျပည့္စံုတဲ့အရာေတြကေတာ့ ပုိျပီး ျမန္ျမန္ျပီးဆံုးသြားရတတ္ေလ့ရွိသလိုပါပဲ။ Selena Gomez နဲ႔ Justin Bieber တို႔ဟာ ေပ်ာ္ရႊင္စြာေပါင္းစည္းသြားၾကေလသတည္းဆိုတာမ်ိဳးျဖစ္ဖို႔ ခက္ခဲလြန္းတဲ့အထိကုိ ျပီးျပည့္စံုတဲ့ စံုတြဲေလးျဖစ္ခဲ့ပါတယ္။ Justin Bieber အသက္ ဆယ့္ငါးနွစ္၊ Selena အသက္ ဆယ့္ခုနစ္နွစ္မွာစတင္ခဲ့တဲ့ သူတို႔ရဲ႕အခ်စ္ဟာ Selena အသက္ဆယ့္ကုိးနွစ္အရြယ္မွာေတာ့ နွစ္နွစ္တိတိရွိေနခဲ့ပါတယ္။

 အဲဒီအခ်ိန္ကတည္းက Selena ကုိ အဆံုးရံႈးမခံနုိင္ေတာ့ဘူးလို႔ ေသခ်ာေနခဲ့တဲ့ Justin ဟာ Selena နဲ႔ ခ်ိန္းေတြ႕ဖို႔အတြက္ Los Angeles ျမဳိ႕လည္ေခါင္ က Staples Centerၾကီးကုိ ငွားရမ္းခဲ့ျပီး Selena ကုိ လက္ထပ္ခြင့္ေတာင္းခဲ့တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။ ဒါေပမယ့္ Selena က အသက္ဆယ့္ကုိးနွစ္ဆိုတာ လက္ထပ္ဖို႔ငယ္လြန္းတဲ့အရြယ္ျဖစ္ေနတာေၾကာင့္တစ္ေၾကာင္း နွစ္ေယာက္စလံုးရဲ႕ အလုပ္ေတြနဲ႔ အိပ္မက္ေတြရွိေနေသးတာေၾကာင့္ေရာ ျငင္းဆန္ခဲ့ပါတယ္တဲ့။

ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္နဲ႔ ကုိးနွစ္ေက်ာ္ၾကာခဲ့တဲ့ သူတို႔နွစ္ေယာက္ရဲ႕အခ်စ္ဇာတ္လမ္းေလးဟာ ျပီးပါျပီလို႔ စာတန္းထုိးလုိက္ခ်ိန္မွာ နွစ္ေယာက္စလံုးကုိ ဒဏ္ရာအနာတရေတြနဲ႔ ထားရစ္ခဲ့မွာအေသအခ်ာပါပဲ။ ၾကားထဲမွာ Selena နဲ႔ ျပတ္စဲသြားခ်ိန္ေတြမွာ ကမၻာအနွံ႕ကုိေပေတေလလြင့္ျပီး ဆိုးသြမ္းေနခဲ့တဲ့ Justin ဟာ Selena အနား ျပန္ေရာက္ခ်ိန္ေတြမွာေတာ့ သူမဟုတ္သလိုပဲ မခုတ္တတ္တဲ့ ေၾကာင္ကေလးလို Selena ရဲ႕ေဘးမွာ ပြတ္သီးပြတ္သပ္ခြဲ်ႏြဲ႕ရင္း လိမ္မာေနခဲ့တာေတြလည္း တစ္ကမၻာလံုးအျမင္ပါပဲ။ Justin က Selena နဲ႔ ျပတ္စဲေနခ်ိန္ေတြမွာေတာင္ Radio Interview ေတြမွာ “ကြ်န္ေတာ္သူမကုိ အျမဲခ်စ္ေနဦးမွာပါ..အျမဲဂရုစိုက္ေနဦးမွာပါ”လို႔ ေျဖခဲ့တဲ့အထိ Selena ကုိခ်စ္ခဲ့တာပါ။


အဲဒီလုိ ကုိးနွစ္ေက်ာ္ တူညီတဲ့အိပ္မက္ေတြ စိတ္ကူးေတြနဲ႔ အျပန္အလွန္အရူးအမူးခ်စ္ခဲ့ရတဲ့ ခ်စ္သူတစ္ေယာက္ကုိ ေမ့ပစ္ဖို႔ဆိုတာက မျဖစ္နုိင္သေလာက္ပဲလို႔ဆိုရမွာပါ။ Selena အေနနဲ႔လက္ရွိအခ်ိန္မွာ Justin ကုိ သတိရလြမ္းဆြတ္ေနတုန္းပဲဆိုရင္လည္း အျပစ္ဆိုစရာမရွိပါဘူး။ အခ်စ္ဦးဆိုတာ ေျမးဦးရေတာင္မေမ့ဘူးဆိုတဲ့စကားလည္းရွိတယ္မဟုတ္လား။ အိပ္မရတဲ့ ညေတြမွာ Instagram မွာ Live ေတြလႊင့္ျပီး မနက္ေရာက္ရင္ျပန္ျပန္ဖ်က္သြားတတ္တဲ့ Selena က မၾကာေသးမီက ညနွစ္နာရီေလာက္ၾကီး ထျပီး Instagram live မွာ ပရိသတ္ေတြနဲ႔စကားေျပာေနခဲ့တုန္းမွာ Justin ကို ေမ့လို႔မရေသးဘူးလို႔ေျပာသြားခဲ့ပါတယ္တဲ့။

“ခ်စ္ဖူးခဲ့တဲ့လူတစ္ေယာက္ကုိေမ့ပစ္ဖို႔ဆိုတာ တကယ္မလြယ္ပါဘူး။ မဟုတ္ေသးဘူး… မျဖစ္နုိင္ဘူး။ အဲဒီလူကုိဘယ္ေတာ့မွေမ့သြားတာမ်ိဳးမဟုတ္ဘူး။ ဒါေၾကာင့္ တစ္ေယာက္ေယာက္ကုိေမ့ဖို႔ၾကိဳးစားရင္ေတာင္ အဲဒီလူကုိဘာလို႔ေမ့ခ်င္တာလဲဆိုတာအရင္စဥ္းစားရတယ္။ ဘာလို႔လဲ.. သူက နာက်င္ေစခဲ့လို႔လား။ ဒါဆိုရင္ေတာ့ ျပန္သြားဖို႔ အရင္လိုျပန္ေနဖို႔မသင့္ဘူး။ အႏၱရာယ္မ်ားတယ္.. အဲ့လုိမ်ိဳးေပါ့။တစ္စံုတစ္ေယာက္ကုိဆံုးရံႈးလိုက္ရတဲ့အခါ ေမ့ဖို႔ၾကိဳးစားေနရင္ ပုိဆိုးသြားနုိင္တယ္”လို႔ နာက်င္ထိခိုက္ေနတဲ့ ေလသံေလးနဲ႔ ေျပာသြားခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Selena အေနနဲ႔ Justin ကုိ သတိမရေနသင့္ေတာ့ဘူးလို႔ထင္လား။ ဒါမွမဟုတ္ တကယ္ပဲ ျဖစ္နုိင္ခဲ့ရင္ေပါ့.. ဒီတစ္ခါသာ Justin ျပန္လာခဲ့ရင္ Selena ကလည္းအရင္အၾကိမ္ေပါင္းမ်ားစြာကလိုပဲ ျပန္လက္ခံျပီး မႈန္ရီေဝဝါးေနျပီျဖစ္တဲ့ Jelena အိပ္မက္ကုိျပန္လည္အသက္သြင္းနိုင္မယ္ထင္လား။ Justin အေနနဲ႔လည္း အခုအခ်ိ္န္ေလာက္ဆို Selena ကုိ လြမ္းေနေလာက္ျပီေလ..။

Credit:Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

အရာရာတိုင်းမှာ တစ်ချိန်ချိန်မှာပြီးဆုံးသွားရမှာပါ။ ဒါပေမယ့် ပြီးပြည့်စုံတဲ့အရာတွေကတော့ ပိုပြီး မြန်မြန်ပြီးဆုံးသွားရတတ်လေ့ရှိသလိုပါပဲ။ Selena Gomez နဲ့ Justin Bieber တို့ဟာ ပျော်ရွှင်စွာပေါင်းစည်းသွားကြလေသတည်းဆိုတာမျိုးဖြစ်ဖို့ ခက်ခဲလွန်းတဲ့အထိကို ပြီးပြည့်စုံတဲ့ စုံတွဲလေးဖြစ်ခဲ့ပါတယ်။ Justin Bieber အသက် ဆယ့်ငါးနှစ်၊ Selena အသက် ဆယ့်ခုနစ်နှစ်မှာစတင်ခဲ့တဲ့ သူတို့ရဲ့အချစ်ဟာ Selena အသက်ဆယ့်ကိုးနှစ်အရွယ်မှာတော့ နှစ်နှစ်တိတိရှိနေခဲ့ပါတယ်။

 အဲဒီအချိန်ကတည်းက Selena ကို အဆုံးရှုံးမခံနိုင်တော့ဘူးလို့ သေချာနေခဲ့တဲ့ Justin ဟာ Selena နဲ့ ချိန်းတွေ့ဖို့အတွက် Los Angeles မြို့လည်ခေါင် က Staples Centerကြီးကို ငှားရမ်းခဲ့ပြီး Selena ကို လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် Selena က အသက်ဆယ့်ကိုးနှစ်ဆိုတာ လက်ထပ်ဖို့ငယ်လွန်းတဲ့အရွယ်ဖြစ်နေတာကြောင့်တစ်ကြောင်း နှစ်ယောက်စလုံးရဲ့ အလုပ်တွေနဲ့ အိပ်မက်တွေရှိနေသေးတာကြောင့်ရော ငြင်းဆန်ခဲ့ပါတယ်တဲ့။

ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ကိုးနှစ်ကျော်ကြာခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ ပြီးပါပြီလို့ စာတန်းထိုးလိုက်ချိန်မှာ နှစ်ယောက်စလုံးကို ဒဏ်ရာအနာတရတွေနဲ့ ထားရစ်ခဲ့မှာအသေအချာပါပဲ။ ကြားထဲမှာ Selena နဲ့ ပြတ်စဲသွားချိန်တွေမှာ ကမ္ဘာအနှံ့ကိုပေတေလေလွင့်ပြီး ဆိုးသွမ်းနေခဲ့တဲ့ Justin ဟာ Selena အနား ပြန်ရောက်ချိန်တွေမှာတော့ သူမဟုတ်သလိုပဲ မခုတ်တတ်တဲ့ ကြောင်ကလေးလို Selena ရဲ့ဘေးမှာ ပွတ်သီးပွတ်သပ်ခွဲျနွဲ့ရင်း လိမ်မာနေခဲ့တာတွေလည်း တစ်ကမ္ဘာလုံးအမြင်ပါပဲ။ Justin က Selena နဲ့ ပြတ်စဲနေချိန်တွေမှာတောင် Radio Interview တွေမှာ “ကျွန်တော်သူမကို အမြဲချစ်နေဦးမှာပါ..အမြဲဂရုစိုက်နေဦးမှာပါ”လို့ ဖြေခဲ့တဲ့အထိ Selena ကိုချစ်ခဲ့တာပါ။

အဲဒီလို ကိုးနှစ်ကျော် တူညီတဲ့အိပ်မက်တွေ စိတ်ကူးတွေနဲ့ အပြန်အလှန်အရူးအမူးချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက်ကို မေ့ပစ်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲလို့ဆိုရမှာပါ။ Selena အနေနဲ့လက်ရှိအချိန်မှာ Justin ကို သတိရလွမ်းဆွတ်နေတုန်းပဲဆိုရင်လည်း အပြစ်ဆိုစရာမရှိပါဘူး။ အချစ်ဦးဆိုတာ မြေးဦးရတောင်မမေ့ဘူးဆိုတဲ့စကားလည်းရှိတယ်မဟုတ်လား။ အိပ်မရတဲ့ ညတွေမှာ Instagram မှာ Live တွေလွှင့်ပြီး မနက်ရောက်ရင်ပြန်ပြန်ဖျက်သွားတတ်တဲ့ Selena က မကြာသေးမီက ညနှစ်နာရီလောက်ကြီး ထပြီး Instagram live မှာ ပရိသတ်တွေနဲ့စကားပြောနေခဲ့တုန်းမှာ Justin ကို မေ့လို့မရသေးဘူးလို့ပြောသွားခဲ့ပါတယ်တဲ့။

“ချစ်ဖူးခဲ့တဲ့လူတစ်ယောက်ကိုမေ့ပစ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ မဟုတ်သေးဘူး… မဖြစ်နိုင်ဘူး။ အဲဒီလူကိုဘယ်တော့မှမေ့သွားတာမျိုးမဟုတ်ဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကိုမေ့ဖို့ကြိုးစားရင်တောင် အဲဒီလူကိုဘာလို့မေ့ချင်တာလဲဆိုတာအရင်စဉ်းစားရတယ်။ ဘာလို့လဲ.. သူက နာကျင်စေခဲ့လို့လား။ ဒါဆိုရင်တော့ ပြန်သွားဖို့ အရင်လိုပြန်နေဖို့မသင့်ဘူး။ အန္တရာယ်များတယ်.. အဲ့လိုမျိုးပေါ့။တစ်စုံတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အခါ မေ့ဖို့ကြိုးစားနေရင် ပိုဆိုးသွားနိုင်တယ်”လို့ နာကျင်ထိခိုက်နေတဲ့ လေသံလေးနဲ့ ပြောသွားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Selena အနေနဲ့ Justin ကို သတိမရနေသင့်တော့ဘူးလို့ထင်လား။ ဒါမှမဟုတ် တကယ်ပဲ ဖြစ်နိုင်ခဲ့ရင်ပေါ့.. ဒီတစ်ခါသာ Justin ပြန်လာခဲ့ရင် Selena ကလည်းအရင်အကြိမ်ပေါင်းများစွာကလိုပဲ ပြန်လက်ခံပြီး မှုန်ရီဝေဝါးနေပြီဖြစ်တဲ့ Jelena အိပ်မက်ကိုပြန်လည်အသက်သွင်းနိုင်မယ်ထင်လား။ Justin အနေနဲ့လည်း အခုအချိန်လောက်ဆို Selena ကို လွမ်းနေလောက်ပြီလေ..။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top