iMyanmarHouse.com - Best Property Website for Myanmar
×

တနဂၤေႏြ

ဒီကာလဟာ အေဟာင္းေတြက်န္ခဲ့ၿပီး အသစ္စတင္တဲ့ေန႔ရက္မ်ိဳးပါပဲ။ အလုပ္သစ္၊စီးပြား၊ဆိုင္သစ္၊ ေနရာ သစ္ေတြမွာအဆင္ေျပေအာင္ျမင္မႈေတြရတတ္ပါတယ္။ သတိထားရမွာက မိမိယံုၾကည္ေလးစားရတဲ့သူက မိမိကို လိမ္လည္သြားတတ္ပါတယ္။ စိတ္ညစ္စိတ္ရႈပ္ရတဲ့ အေၾကာင္းတရားကေတာ့ မိမိလုိခ်င္တဲ့အရာကို လြယ္လြယ္ကူ ကူမရႏုိင္တာပါပဲ။ ဘာကိစၥမဆို အခက္အခဲေလးေတြ ႀကံဳၿပီးမွ ေအာင္ျမင္သြားတတ္ပါတယ္။ မိမိေအာက္လက္ငယ္ သားေတြထဲမွာ စေနသားရွိရင္ အေရးႀကီးကိစၥမ်ား ဒီအပတ္မွာ သူ႔ကိုမခိုင္းလိုက္ပါနဲ႔။ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြ ျဖစ္ရတတ္လို႔ပါပဲ။ဘုရားေစတီရုပ္ပြားေတာ္မ်ား၊ ပန္းခ်ီကားခ်ပ္မ်ား လက္ေဆာင္ရခဲ့တယ္ဆုိရင္္ေတာ့ အိမ္မွာေသခ်ာ ကိုးကြယ္ထားလုိက္ပါ။ ကံအထူးျမင့္မားသြားပါလိမ့္မယ္။ က်န္းမာေရးနဲ႔ပက္သက္ရင္ေတာ့ မိမိမွာအခံရွိၿပီးသား ေရာဂါေဟာင္း ေ၀ဒနာေဟာင္းေတြပဲ၀င္လာတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ နားလည္မႈအျပည့္အ၀ရွိတဲ့ခ်စ္သူ ေၾကာင့္ စိတ္ခ်မ္းေျမ့ရပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ ကေတာက္ကဆ ျဖစ္စရာမ်ားေနတတ္ပါတယ္။ ပညာေရးအတြက္ကေတာ့ မိမိအားထည့္သေလာက္ ရလဒ္ေတြလဲေကာင္းေနမွာပါပဲ။

အက်ိဳးေပးဂဏန္း 6/5/2

အထူးေဟာ ကံသင့္ပါတယ္။

ယၾတာ မိမိဆီမွာရွိတဲ့ ထီးအေဟာင္းေတြကို အမိႈက္ေတာင္းထဲစြန္႔ပစ္လိုက္ပါဗ်ာ

တနလၤာ

စိတ္ခ်မ္းသာျခင္း၊ေပ်ာ္ရႊင္ျခငး္ေတြနဲ႔အတူ စိတ္ညစ္စရာေလးေတြလဲ ကပ္ပါလာတတ္ပါတယ္။ အလုပ္ေတြ ေကာငး္ၿပီး ေငြေၾကးမလည္ပတ္ႏိုင္တာ၊ အလုပ္ထဲမွာေငြျမဳပ္ေနၿပီး ျပန္ေဖာ္ရခက္ေနတာမ်ိဳးေတြျဖစ္ရတတ္ပါ တယ္။ မိခင္ရဲ့က်န္းမာေရးကိုလဲ အထူးဂရုစိုက္လုိက္ပါ။ စပ္တူလုပ္ငန္းမ်ား၊ ရွယ္ယာအလုပ္မ်ားလဲ ေငြေၾကးအရႈပ္ အရွင္းေတြျဖစ္ရတတ္ပါတယ္။ အဓိကေတာ့ ဒီေန႔မွာဘာကိုမွေပါ့ေပါ့တန္တန္မလုပ္ဘဲ အေလးအနက္ထားၿပီးလုပ္ သြားပါက အမွားနည္းပါတယ္။ လုပ္ငန္းခြင္ေတြရန္မ်ားေနေပမဲ့ မိမိရဲ့ႀကိဳးစားအားထုတ္မႈကိုေတာ့ အသိအမွတ္ျပဳခံ ရပါလိမ့္မယ္။ ကိုယ္ပိုင္အလုပ္မ်ားကၽြမ္းက်င္၀န္ထမ္းအားနည္းတာေၾကာင့္ လုပ္ငန္းႀကန္႔ၾကာမႈေတြျဖစ္ရတတ္ပါ တယ္။ က်န္းမာေရးကေတာ့ အဆိုးႀကီးမဟုတ္ေပမဲ့ ေရခ်ိဳးမွားတာ၊ အပုပ္ခ်ိန္မွာေခါင္းေလွ်ာ္မိတာမ်ိဳးေၾကာင့္ ေရာဂါရတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္ရသူကတစ္ဖက္၊မိဘအသိုင္းအ၀ိုင္းကတစ္ဖက္ ၾကားကမိမိဗ်ာမ်ားရ တတ္ပါတယ္။ အိမ္ေထာင္ေရးသာယာေျဖာင့္ျဖဴးမဲ့ေန႔ရက္ပါပဲ။ ပညာေရးမွာေတာ့ ႀကိဳးစားသမွ်အရာထင္ ေအာင္ျမင္မႈေတြရလာပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 2/9/6

အထူးေဟာ ေငြကိုစနစ္တက်သံုးစြဲပါ။

ယၾတာ ကေလးေတြကို ဂ်ယ္လီ၀ယ္ေကၽြးလုိက္ပါ။

အဂၤါ

ဒီကာလအတြင္းလုိခ်င္တာေတြ၊ျဖစ္ခ်င္တာေတြကို အခ်ိန္ယူၿပီးလုပ္ေဆာင္ေနရတတ္ပါတယ္။ အရာရာ ေလးဖင့္ၿပီးေတာ့ မလုပ္ပါနဲ႔။ အခ်ိန္ဆြဲတတ္သူမ်ားဒီအပတ္မွာေကာင္းေကာငး္ဒုကၡေရာက္တတ္ပါတယ္။ အလုပ္ ေအာ္ဒါေတြကို သတ္မွတ္ရက္မွာမၿပီးတာေၾကာင့္ မိတ္ပ်က္ရတတ္ပါတယ္။ ဒီေန႔လုပ္ရမဲ့အလုပ္ကိုဒီေန႔ၿပီးေအာင္ လုပ္ပါ။ နီးနီးနားနားမွာပဲစီးပြားရွာလုိက္ပါ။ေ၀းေ၀းသြားလုပ္လို႔ထင္သေလာက္အက်ိဳးရွိမွာမဟုတ္ပါဘူး။ မိမိဆီမွာ အရြယ္ေရာက္ၿပီးသား သားသမီးရွိပါက ထုိသားသမီးေၾကာင့္ေငြကုန္ေၾကးက်မ်ားသြားရတတ္ပါတယ္။ တစ္ပတ္ရစ္ ပစၥညး္မ်ား၀ယ္ျခင္းမ်ိုဳးေရွာင္လိုက္ပါ။ ဘာ၀ယ္၀ယ္ပါကင္ပိတ္ပဲ၀ယ္သင့္ပါတယ္။ သူတစ္ပါးကိစၥမ်ား တာ၀န္ယူ အာမခံၿပီးမလုပ္ေပးပါနဲ႔။ က်န္းမာေရးကေတာ့ အဆိုးႀကီးမဟုတ္ေပမဲ့ တေရွာင္ေရွာင္ေတာ့ ျဖစ္လာတတ္ပါတယ္။ အားကစားလုိက္စားတာမ်ိဳးဒီအပတ္မွာစတင္ေလ့က်င့္လုိက္ပါ။အခ်စ္ေရးကေတာ့ ခ်စ္သူနဲ႔ဆံုခ်ိန္ေတြကနည္းပါး ေနတတ္ပါတယ္။ ဖုန္းနဲ႔ပဲအလြမ္းသည္ေနရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ မိမိအတြက္ အဆင္မေျပတာ မ်ားေနတဲ့ေန႔ရက္ေတြပါပဲ။ ပညာေရးကေတာ့ အထူးေကာင္းေနပါတယ္။ ႀကိဳးစားသမွ်အရာထင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း6/9/1

အထူးေဟာ မပ်င္းရိပါနဲ႔။

ယၾတာ မီးေခ်ာင္းအကၽြမ္းမ်ား စက္ပစၥည္းအေဟာင္းအစုတ္မ်ားရွိရင္စြန္႔ပစ္လုိက္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလမွာမိမိျဖစ္ခ်င္တာေတြထက္ မိမိျဖစ္သင့္တာေတြကို ဦးစားေပးလုပ္ေဆာင္လိုက္ပါ။အေပ်ာ္ခရီးမ်ား ၊အခိ်န္ကုန္ေငြကုန္ၿပီး အက်ိဳးမရွိတဲ့အလုပ္မ်ားေရွာင္လုိက္ေစခ်င္ပါတယ္။ ေရႊမ၀ယ္သင့္ေသးပါဘူး။ လက္၀ယ္ ရွိတဲ့ေရႊကိုျပန္လည္ေရာင္းခ်မယ္ဆိုရင္ေတာ့ အေကာင္းဆံုးပါပဲ။ လူမႈေရးကိစၥမ်ား၊ ပရဟိတကိစၥမ်ားလဲ လုပ္ကုိင္ေဆာင္ရြက္ေပးေနရခိ်န္ပါပဲ။ အေပါင္းအသင္းဆက္ဆံေရးအပိုင္းမွာအားနည္းခ်က္ေလးေတြရွိေနတတ္ပါ တယ္ အိမ္တြင္းေရး ျပႆနာေတြရွိရင္လဲ မိမိကိုယ္တုိင္ကပဲ ဦးေဆာင္ၿပီး ေျဖရွင္းေပးေနရတတ္ပါတယ္။ မိတ္ေကာင္း ေဆြေကာင္းေတြရွားေနတဲ့ေန႔ရက္ပါပဲ။ လုပ္ငန္းတူျပိဳင္ဘက္မ်ားရဲ့တိုက္ခိုက္ျခင္းေတြကိုလဲခံရႏိုင္ပါတယ္။ က်န္းမာ ေရး ကေတာ့ေကာင္းေပမဲ့မေတာ္တဆထိခိုက္တာ ေသြးထြက္သံယိုျဖစ္တာ၊စတဲ့အေသးစား ထိခိုက္မႈေလးေတြ ျဖစ္လာတတ္ပါတယ္။အခ်စ္ေရးကံကေတာ့ အေကာင္းဘက္ကိုအေလးသာပါတယ္။ နားလည္မႈ လြဲေနတဲ့ ခ်စ္သူ၊စိတ္ေကာက္ေနတဲ့ခ်စ္သူကို ျပန္လည္ေခ်ာ့ေမာ့လုိ႔အေကာင္းဆံုးေန႔ရက္ေတြပါပဲ။ပညာေရးကံအားနည္း ခ်က္မ်ားပါတယ္။

အက်ိဳးေပးဂဏန္း 2/3/9

အထူးေဟာ စိတ္ေရာလူေရာပင္ပန္းမည္

ယၾတာ လမ္းသန္႔ရွင္းေရးလုပ္ပါ

ၾကာသပေတး

ဒီကာလအတြင္းစိတ္ကူးအယူအဆေတြက ေကာင္းမြန္ေနပါတယ္။ မိမိစိတ္ကူးထားတဲ့အတိုင္းပဲ လက္ေတြ႔မွာအေကာင္အထည္ေဖာ္ေဆာင္ရြက္ႏိုင္ပါတယ္။ပညာေရးနဲ႔ပက္သက္ေသာ ခရီးမ်ားလဲသြားရတတ္ ပါတယ္။ ဆရာေကာင္းသမားေကာင္းနဲ႔လဲေတြ႔ႏုိင္တဲ့ကာလေတြပါပဲ။ မိမိတတ္ခ်င္တဲ့သင္တန္းမ်ား ဒီအခ်ိန္မွာ စတင္တတ္ေရာက္လုိ႔အေကာင္းဆံုးပါပဲ။ ေငြေၾကးကံလဲျမင့္မားေနမွာပါ။ ရစရာရွိတဲ့ေငြေၾကးေတြလဲ လက္၀ယ္ျပန္ ရရွိပါလိမ့္မယ္။ ေျမ၊ျခံ၀ယ္ခ်င္သူမ်ား ဒီကာလမွာ၀ယ္ယူႏိုင္ပါလိမ့္မယ္။ လက္ကားစီးပြားေရးမ်ားေအာင္ျမင္မႈေတြ ပိုမိုရရွိလာႏိုင္ပါတယ္။ က်န္းမာေရးကေတာ့ အညံ့အဆိုးနညး္ပါတယ္။ က်နး္မာေရးေဒါင္ေဒါင္ျမည္ေနပါလိမ့္မယ္။ အခ်စ္ေရးကေတာ့ ခ်စ္သူနဲ႔ ခ်ိန္းထားရင္ပ်က္ရတတ္ပါတယ္။ မစီစဥ္ထားဘဲ ေတြ႔ဆံုျခငး္မ်ိဳးကပိုမိုေကာင္းမြန္ပါ လိမ့္မယ္။ အိမ္ေထာင္ေရးက အဆင္ေျပေနမွာပါ။ မိသားစုအတြင္းမွာလဲ နားလည္မႈေတြရွိမဲ့ေန႔ရက္ေတြပါပဲ။ ပညာ ေရးကေတာ့ ေကာင္းေနပါတယ္။ မိမိမသိေသး၊မတတ္ေသးတဲ့ပညာေတြသင္ခြင့္ရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 5/3/4

အထူးေဟာ ကံျမင့္ေနမည္။

ယၾတာ ဘုရားရွင္အားၾကာသပေတးေန႔မွာ အလင္းတိုင္ ၃တိုင္ထြန္းညွိပူေဇာ္လိုက္ပါ။

ေသာၾကာ

ဒီကာလမွာ အလုပ္ခြင္အတြင္း မိမိက ဦးေဆာင္လုပ္ကိုင္ျခင္းျဖင့္ရလဒ္ ေကာင္းေတြရလာ တတ္ပါ တယ္။သားသမီးေတြဆီက အေထာက္အပံ့အကူအညီေတြလဲရလာတတ္ပါတယ္။ဒီကာလမွာထူးထူးျခားျခား ကံစမ္းမဲကံေကာင္းေနတတ္ပါတယ္။ ကံစမ္းမဲထဲပါ၀င္ထားတာမ်ိဳးရွိရင္ ဆုမဲႀကီးတာမ်ိဳးေပါက္တတ္ပါတယ္။ အလုပ္နဲ႔ပက္သက္ၿပီးေတာ့ ေကာင္းေသာ အဆင္ေျပေသာ အက်ိဳးဆက္ေတြရလာတတ္ပါတယ္။ခရီးသြားလုပ္ငန္း၊ ဘုရားဖူးလုပ္ငနး္မ်ား အဆင္ေျပျခင္းမ်ိဳးေတြႀကံဳေနရတတ္ပါတယ္။ လုပ္ခ်င္တာေတြ လုပ္ခြင့္ရပါလိမ့္မယ္။ ျဖစ္ခ်င္တာျဖစ္ကြာ ဆိုၿပီးလုပ္လိုက္တာကအလုိလို လမ္းေၾကာင္း မွန္ကိုေရာက္သြားတတ္ပါတယ္။ မိမိျဖစ္ခ်င္တာ ကိုကူညီေပးမဲ့လူအင္အားေငြအင္အားမိမိေနာက္မွာရွိေနတတ္ပါတယ္။ ေရႊေငြလက္၀တ္ရတနာမ်ား ၀င္လာတတ္ ပါတယ္။ က်နး္မာ ေရးမွာေတာ့ အေအးပတ္ၿပီးအဆုတ္ပြတာ ေခ်ာင္းဆက္တိုက္ဆိုးတာမ်ိဳးလဲျဖစ္တတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူနဲ႔ ပက္သက္ၿပီးစိတ္ခ်မ္းေျမ့စရာေတြမ်ားေနရတတ္ပါတယ္။ အိမ္ေထာင္မွာေတာ့ နားလည္မႈရွိရွိနဲ႔ေရွ႕ဆက္ႏိုင္ ပါလိမ့္မယ္။ပညာေရးကေတာ့ ႀကိဳးစားသေလာက္ေအာင္ျမင္မႈေတြ ပိုမိုရရွိတတ္ ပါတယ္။

အက်ိဳးေပးဂဏန္း 1/9/4

အထူးေဟာ စန္းပြင့္ေနမည္

ယၾတာ ဘုရားရွင္အား ေရႊဆိုင္းေရႊသကၤန္းကပ္လွဴပါ။

စေန

ဒီကာလမွာေတာ့ ကံေကာင္းတာက မိတ္ေကာင္းေဆြေကာင္းေတြဆီက အကူအညီေတြရလြယ္တာ ပါပဲ။ မိမိအၾကံထက္သူမ်ားရဲ့အၾကံကိုယူၿပီးလုပ္ေဆာင္တာကအေကာင္းဆံုးပါပဲ။ အေပ်ာ္အပါးေၾကာင့္ ပိုက္ဆံထင္ ထားသည္ထက္ပိုကုန္ရတတ္ပါတယ္။ အေပ်ာ္မက္သူမ်ား ဆင္ျခင္ေနထိုင္သင့္တဲ့ေန႔ရက္ပါပဲ။ အရာရာကို စဥ္းစားခ်င့္ခ်ိန္ၿပီးမွလုပ္သင့္တဲ့အခ်ိန္ပါပဲ။ မစဥ္းစားဘဲလုပ္တဲ့သူေတြအတြက္ ဒုကၡမ်ားရတတ္တဲ့ကာလပါပဲ။ ျဖစ္ခ်င္တာေတြထက္ ျဖစ္သင့္တာေတြကို ဦးစားေပးၿပီးလုပ္သင့္တဲ့ကာလပါပဲ။ ေငြေၾကးနဲ႔ပက္သက္ၿပီး လက္မလြယ္ပါေစနဲ႔။ ေငြေခ်းလိုက္ရင္ျပန္ရဖို႔မလြယ္သလို မိမိကေခ်းထားရင္လဲ ျပန္ဆပ္ဖို႔ အဆင္မေျပျဖစ္ရ တတ္ပါတယ္။က်န္းမာေရးကေတာ့ အထူးဂရုစိုက္သင့္တဲ့ကာလပါပဲ။ အစားမွားျခင္း အစာမေၾကျဖစ္ျခင္းမ်ိဳး ေတြျဖစ္ရတတ္ပါတယ္။အခ်စ္ေရးမွာေတာ့ ၾကားလူေတြေၾကာင့္ ခ်စ္သူႏွစ္ေယာက္စိတ္၀မ္းကြဲရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္ေရးမရႈပ္ေထြးမိဖို႔လိုပါတယ္။ ပညာေရးမွာေတာ့ အခုထက္ ဥာဏ္ ၀ီရိယကို ႏွစ္ဆတိုးၿပီးႀကိဳးစားပါ။

အက်ိဳးေပးဂဏန္း 1/2/7

အထူးေဟာ ကံညံ့ေနမည္။

ယၾတာ နီးစပ္ရာေစတီပုထိုးမွာ ဆီမီးသက္ေစ့ ထြန္းညွိပူေဇာ္လိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

Credit:Thutasone

# Unicode Version ျဖင့္ ဖတ္ပါ #

တနင်္ဂနွေ

ဒီကာလဟာ အဟောင်းတွေကျန်ခဲ့ပြီး အသစ်စတင်တဲ့နေ့ရက်မျိုးပါပဲ။ အလုပ်သစ်၊စီးပွား၊ဆိုင်သစ်၊ နေရာ သစ်တွေမှာအဆင်ပြေအောင်မြင်မှုတွေရတတ်ပါတယ်။ သတိထားရမှာက မိမိယုံကြည်လေးစားရတဲ့သူက မိမိကို လိမ်လည်သွားတတ်ပါတယ်။ စိတ်ညစ်စိတ်ရှုပ်ရတဲ့ အကြောင်းတရားကတော့ မိမိလိုချင်တဲ့အရာကို လွယ်လွယ်ကူ ကူမရနိုင်တာပါပဲ။ ဘာကိစ္စမဆို အခက်အခဲလေးတွေ ကြုံပြီးမှ အောင်မြင်သွားတတ်ပါတယ်။ မိမိအောက်လက်ငယ် သားတွေထဲမှာ စနေသားရှိရင် အရေးကြီးကိစ္စများ ဒီအပတ်မှာ သူ့ကိုမခိုင်းလိုက်ပါနဲ့။ အလွဲလွဲအချော်ချော်တွေ ဖြစ်ရတတ်လို့ပါပဲ။ဘုရားစေတီရုပ်ပွားတော်များ၊ ပန်းချီကားချပ်များ လက်ဆောင်ရခဲ့တယ်ဆိုရင်တော့ အိမ်မှာသေချာ ကိုးကွယ်ထားလိုက်ပါ။ ကံအထူးမြင့်မားသွားပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပက်သက်ရင်တော့ မိမိမှာအခံရှိပြီးသား ရောဂါဟောင်း ဝေဒနာဟောင်းတွေပဲဝင်လာတတ်ပါတယ်။ အချစ်ရေးမှာတော့ နားလည်မှုအပြည့်အဝရှိတဲ့ချစ်သူ ကြောင့် စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ ကတောက်ကဆ ဖြစ်စရာများနေတတ်ပါတယ်။ ပညာရေးအတွက်ကတော့ မိမိအားထည့်သလောက် ရလဒ်တွေလဲကောင်းနေမှာပါပဲ။

အကျိုးပေးဂဏန်း 6/5/2

အထူးဟော ကံသင့်ပါတယ်။

ယတြာ မိမိဆီမှာရှိတဲ့ ထီးအဟောင်းတွေကို အမှိုက်တောင်းထဲစွန့်ပစ်လိုက်ပါဗျာ

တနင်္လာ

စိတ်ချမ်းသာခြင်း၊ပျော်ရွှင်ခြင်းတွေနဲ့အတူ စိတ်ညစ်စရာလေးတွေလဲ ကပ်ပါလာတတ်ပါတယ်။ အလုပ်တွေ ကောင်းပြီး ငွေကြေးမလည်ပတ်နိုင်တာ၊ အလုပ်ထဲမှာငွေမြုပ်နေပြီး ပြန်ဖော်ရခက်နေတာမျိုးတွေဖြစ်ရတတ်ပါ တယ်။ မိခင်ရဲ့ကျန်းမာရေးကိုလဲ အထူးဂရုစိုက်လိုက်ပါ။ စပ်တူလုပ်ငန်းများ၊ ရှယ်ယာအလုပ်များလဲ ငွေကြေးအရှုပ် အရှင်းတွေဖြစ်ရတတ်ပါတယ်။ အဓိကတော့ ဒီနေ့မှာဘာကိုမှပေါ့ပေါ့တန်တန်မလုပ်ဘဲ အလေးအနက်ထားပြီးလုပ် သွားပါက အမှားနည်းပါတယ်။ လုပ်ငန်းခွင်တွေရန်များနေပေမဲ့ မိမိရဲ့ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုခံ ရပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များကျွမ်းကျင်ဝန်ထမ်းအားနည်းတာကြောင့် လုပ်ငန်းကြန့်ကြာမှုတွေဖြစ်ရတတ်ပါ တယ်။ ကျန်းမာရေးကတော့ အဆိုးကြီးမဟုတ်ပေမဲ့ ရေချိုးမှားတာ၊ အပုပ်ချိန်မှာခေါင်းလျှော်မိတာမျိုးကြောင့် ရောဂါရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်ရသူကတစ်ဖက်၊မိဘအသိုင်းအဝိုင်းကတစ်ဖက် ကြားကမိမိဗျာများရ တတ်ပါတယ်။ အိမ်ထောင်ရေးသာယာဖြောင့်ဖြူးမဲ့နေ့ရက်ပါပဲ။ ပညာရေးမှာတော့ ကြိုးစားသမျှအရာထင် အောင်မြင်မှုတွေရလာပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/9/6

အထူးဟော ငွေကိုစနစ်တကျသုံးစွဲပါ။

ယတြာ ကလေးတွေကို ဂျယ်လီဝယ်ကျွေးလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်းလိုချင်တာတွေ၊ဖြစ်ချင်တာတွေကို အချိန်ယူပြီးလုပ်ဆောင်နေရတတ်ပါတယ်။ အရာရာ လေးဖင့်ပြီးတော့ မလုပ်ပါနဲ့။ အချိန်ဆွဲတတ်သူများဒီအပတ်မှာကောင်းကောင်းဒုက္ခရောက်တတ်ပါတယ်။ အလုပ် အော်ဒါတွေကို သတ်မှတ်ရက်မှာမပြီးတာကြောင့် မိတ်ပျက်ရတတ်ပါတယ်။ ဒီနေ့လုပ်ရမဲ့အလုပ်ကိုဒီနေ့ပြီးအောင် လုပ်ပါ။ နီးနီးနားနားမှာပဲစီးပွားရှာလိုက်ပါ။ဝေးဝေးသွားလုပ်လို့ထင်သလောက်အကျိုးရှိမှာမဟုတ်ပါဘူး။ မိမိဆီမှာ အရွယ်ရောက်ပြီးသား သားသမီးရှိပါက ထိုသားသမီးကြောင့်ငွေကုန်ကြေးကျများသွားရတတ်ပါတယ်။ တစ်ပတ်ရစ် ပစ္စည်းများဝယ်ခြင်းမျိုုးရှောင်လိုက်ပါ။ ဘာဝယ်ဝယ်ပါကင်ပိတ်ပဲဝယ်သင့်ပါတယ်။ သူတစ်ပါးကိစ္စများ တာဝန်ယူ အာမခံပြီးမလုပ်ပေးပါနဲ့။ ကျန်းမာရေးကတော့ အဆိုးကြီးမဟုတ်ပေမဲ့ တရှောင်ရှောင်တော့ ဖြစ်လာတတ်ပါတယ်။ အားကစားလိုက်စားတာမျိုးဒီအပတ်မှာစတင်လေ့ကျင့်လိုက်ပါ။အချစ်ရေးကတော့ ချစ်သူနဲ့ဆုံချိန်တွေကနည်းပါး နေတတ်ပါတယ်။ ဖုန်းနဲ့ပဲအလွမ်းသည်နေရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ မိမိအတွက် အဆင်မပြေတာ များနေတဲ့နေ့ရက်တွေပါပဲ။ ပညာရေးကတော့ အထူးကောင်းနေပါတယ်။ ကြိုးစားသမျှအရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း6/9/1

အထူးဟော မပျင်းရိပါနဲ့။

ယတြာ မီးချောင်းအကျွမ်းများ စက်ပစ္စည်းအဟောင်းအစုတ်များရှိရင်စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလမှာမိမိဖြစ်ချင်တာတွေထက် မိမိဖြစ်သင့်တာတွေကို ဦးစားပေးလုပ်ဆောင်လိုက်ပါ။အပျော်ခရီးများ ၊အချိန်ကုန်ငွေကုန်ပြီး အကျိုးမရှိတဲ့အလုပ်များရှောင်လိုက်စေချင်ပါတယ်။ ရွှေမဝယ်သင့်သေးပါဘူး။ လက်ဝယ် ရှိတဲ့ရွှေကိုပြန်လည်ရောင်းချမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ လူမှုရေးကိစ္စများ၊ ပရဟိတကိစ္စများလဲ လုပ်ကိုင်ဆောင်ရွက်ပေးနေရချိန်ပါပဲ။ အပေါင်းအသင်းဆက်ဆံရေးအပိုင်းမှာအားနည်းချက်လေးတွေရှိနေတတ်ပါ တယ် အိမ်တွင်းရေး ပြဿနာတွေရှိရင်လဲ မိမိကိုယ်တိုင်ကပဲ ဦးဆောင်ပြီး ဖြေရှင်းပေးနေရတတ်ပါတယ်။ မိတ်ကောင်း ဆွေကောင်းတွေရှားနေတဲ့နေ့ရက်ပါပဲ။ လုပ်ငန်းတူပြိုင်ဘက်များရဲ့တိုက်ခိုက်ခြင်းတွေကိုလဲခံရနိုင်ပါတယ်။ ကျန်းမာ ရေး ကတော့ကောင်းပေမဲ့မတော်တဆထိခိုက်တာ သွေးထွက်သံယိုဖြစ်တာ၊စတဲ့အသေးစား ထိခိုက်မှုလေးတွေ ဖြစ်လာတတ်ပါတယ်။အချစ်ရေးကံကတော့ အကောင်းဘက်ကိုအလေးသာပါတယ်။ နားလည်မှု လွဲနေတဲ့ ချစ်သူ၊စိတ်ကောက်နေတဲ့ချစ်သူကို ပြန်လည်ချော့မော့လို့အကောင်းဆုံးနေ့ရက်တွေပါပဲ။ပညာရေးကံအားနည်း ချက်များပါတယ်။

အကျိုးပေးဂဏန်း 2/3/9

အထူးဟော စိတ်ရောလူရောပင်ပန်းမည်

ယတြာ လမ်းသန့်ရှင်းရေးလုပ်ပါ

ကြာသပတေး

ဒီကာလအတွင်းစိတ်ကူးအယူအဆတွေက ကောင်းမွန်နေပါတယ်။ မိမိစိတ်ကူးထားတဲ့အတိုင်းပဲ လက်တွေ့မှာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါတယ်။ပညာရေးနဲ့ပက်သက်သော ခရီးများလဲသွားရတတ် ပါတယ်။ ဆရာကောင်းသမားကောင်းနဲ့လဲတွေ့နိုင်တဲ့ကာလတွေပါပဲ။ မိမိတတ်ချင်တဲ့သင်တန်းများ ဒီအချိန်မှာ စတင်တတ်ရောက်လို့အကောင်းဆုံးပါပဲ။ ငွေကြေးကံလဲမြင့်မားနေမှာပါ။ ရစရာရှိတဲ့ငွေကြေးတွေလဲ လက်ဝယ်ပြန် ရရှိပါလိမ့်မယ်။ မြေ၊ခြံဝယ်ချင်သူများ ဒီကာလမှာဝယ်ယူနိုင်ပါလိမ့်မယ်။ လက်ကားစီးပွားရေးများအောင်မြင်မှုတွေ ပိုမိုရရှိလာနိုင်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုးနည်းပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်နေပါလိမ့်မယ်။ အချစ်ရေးကတော့ ချစ်သူနဲ့ ချိန်းထားရင်ပျက်ရတတ်ပါတယ်။ မစီစဉ်ထားဘဲ တွေ့ဆုံခြင်းမျိုးကပိုမိုကောင်းမွန်ပါ လိမ့်မယ်။ အိမ်ထောင်ရေးက အဆင်ပြေနေမှာပါ။ မိသားစုအတွင်းမှာလဲ နားလည်မှုတွေရှိမဲ့နေ့ရက်တွေပါပဲ။ ပညာ ရေးကတော့ ကောင်းနေပါတယ်။ မိမိမသိသေး၊မတတ်သေးတဲ့ပညာတွေသင်ခွင့်ရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 5/3/4

အထူးဟော ကံမြင့်နေမည်။

ယတြာ ဘုရားရှင်အားကြာသပတေးနေ့မှာ အလင်းတိုင် ၃တိုင်ထွန်းညှိပူဇော်လိုက်ပါ။

သောကြာ

ဒီကာလမှာ အလုပ်ခွင်အတွင်း မိမိက ဦးဆောင်လုပ်ကိုင်ခြင်းဖြင့်ရလဒ် ကောင်းတွေရလာ တတ်ပါ တယ်။သားသမီးတွေဆီက အထောက်အပံ့အကူအညီတွေလဲရလာတတ်ပါတယ်။ဒီကာလမှာထူးထူးခြားခြား ကံစမ်းမဲကံကောင်းနေတတ်ပါတယ်။ ကံစမ်းမဲထဲပါဝင်ထားတာမျိုးရှိရင် ဆုမဲကြီးတာမျိုးပေါက်တတ်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီးတော့ ကောင်းသော အဆင်ပြေသော အကျိုးဆက်တွေရလာတတ်ပါတယ်။ခရီးသွားလုပ်ငန်း၊ ဘုရားဖူးလုပ်ငန်းများ အဆင်ပြေခြင်းမျိုးတွေကြုံနေရတတ်ပါတယ်။ လုပ်ချင်တာတွေ လုပ်ခွင့်ရပါလိမ့်မယ်။ ဖြစ်ချင်တာဖြစ်ကွာ ဆိုပြီးလုပ်လိုက်တာကအလိုလို လမ်းကြောင်း မှန်ကိုရောက်သွားတတ်ပါတယ်။ မိမိဖြစ်ချင်တာ ကိုကူညီပေးမဲ့လူအင်အားငွေအင်အားမိမိနောက်မှာရှိနေတတ်ပါတယ်။ ရွှေငွေလက်ဝတ်ရတနာများ ဝင်လာတတ် ပါတယ်။ ကျန်းမာ ရေးမှာတော့ အအေးပတ်ပြီးအဆုတ်ပွတာ ချောင်းဆက်တိုက်ဆိုးတာမျိုးလဲဖြစ်တတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ ပက်သက်ပြီးစိတ်ချမ်းမြေ့စရာတွေများနေရတတ်ပါတယ်။ အိမ်ထောင်မှာတော့ နားလည်မှုရှိရှိနဲ့ရှေ့ဆက်နိုင် ပါလိမ့်မယ်။ပညာရေးကတော့ ကြိုးစားသလောက်အောင်မြင်မှုတွေ ပိုမိုရရှိတတ် ပါတယ်။

အကျိုးပေးဂဏန်း 1/9/4

အထူးဟော စန်းပွင့်နေမည်

ယတြာ ဘုရားရှင်အား ရွှေဆိုင်းရွှေသင်္ကန်းကပ်လှူပါ။

စနေ

ဒီကာလမှာတော့ ကံကောင်းတာက မိတ်ကောင်းဆွေကောင်းတွေဆီက အကူအညီတွေရလွယ်တာ ပါပဲ။ မိမိအကြံထက်သူများရဲ့အကြံကိုယူပြီးလုပ်ဆောင်တာကအကောင်းဆုံးပါပဲ။ အပျော်အပါးကြောင့် ပိုက်ဆံထင် ထားသည်ထက်ပိုကုန်ရတတ်ပါတယ်။ အပျော်မက်သူများ ဆင်ခြင်နေထိုင်သင့်တဲ့နေ့ရက်ပါပဲ။ အရာရာကို စဉ်းစားချင့်ချိန်ပြီးမှလုပ်သင့်တဲ့အချိန်ပါပဲ။ မစဉ်းစားဘဲလုပ်တဲ့သူတွေအတွက် ဒုက္ခများရတတ်တဲ့ကာလပါပဲ။ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးပြီးလုပ်သင့်တဲ့ကာလပါပဲ။ ငွေကြေးနဲ့ပက်သက်ပြီး လက်မလွယ်ပါစေနဲ့။ ငွေချေးလိုက်ရင်ပြန်ရဖို့မလွယ်သလို မိမိကချေးထားရင်လဲ ပြန်ဆပ်ဖို့ အဆင်မပြေဖြစ်ရ တတ်ပါတယ်။ကျန်းမာရေးကတော့ အထူးဂရုစိုက်သင့်တဲ့ကာလပါပဲ။ အစားမှားခြင်း အစာမကြေဖြစ်ခြင်းမျိုး တွေဖြစ်ရတတ်ပါတယ်။အချစ်ရေးမှာတော့ ကြားလူတွေကြောင့် ချစ်သူနှစ်ယောက်စိတ်ဝမ်းကွဲရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ရေးမရှုပ်ထွေးမိဖို့လိုပါတယ်။ ပညာရေးမှာတော့ အခုထက် ဉာဏ် ဝီရိယကို နှစ်ဆတိုးပြီးကြိုးစားပါ။

အကျိုးပေးဂဏန်း 1/2/7

အထူးဟော ကံညံ့နေမည်။

ယတြာ နီးစပ်ရာစေတီပုထိုးမှာ ဆီမီးသက်စေ့ ထွန်းညှိပူဇော်လိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top