iMyanmarHouse.com - Best Property Website for Myanmar
×


သင္ဇာဝင့္ေက်ာ္တစ္ေယာက္ ၂၀၁၉ မွာ အရမ္းေဟာ့တဲ့ ဖက္ရွင္ေတြ မဝတ္ေတာ့ပါဘူးတဲ့.အဲ့ဒီေနာက္ သူခ်စ္တဲ့ ပရိသတ္ေတြအတြက္ ႏွစ္သစ္ဆုမြန္ေကာင္း ေတာင္းခဲ့ပါေသးတယ္.

သရုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ရဲ႕ ဖက္ရွင္ေတြနဲ႔ ပတ္သက္ၿပီး ဒီရက္ပုိင္းမွာ ပရိသတ္ စိတ္ဝင္စားမႈ ပုိမ်ားလာတာ ေတြ႔ရပါတယ္. ဒါေပမယ့္ သူမရဲ႕ ဖက္ရွင္ ေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြလည္း ရွိခဲ့ပါေသးတယ္. ဒါေပမယ့္ သင္ဇာကေတာ့ ၂၀၁၉ ခုႏွစ္မွာ Sexy ဆန္တဲ့ ဖက္ရွင္မ်ဳိးေတြ မဝတ္ေတာ့ဘူးလုိ႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ပါတယ္.


'' ႀကိဳက္တဲ့သူေတြလည္း ႀကိဳက္တယ္. မႀကိဳက္တဲ့သူေတြလည္း မႀကိဳက္ၾကေတာ့တဲ့ အခါက်ေတာ့ ကုိယ့္ကုိခ်စ္တဲ့ ပရိသတ္ေတြက ကုိယ့္ကုိ နားလည္ၿပီးေတာ့ ခ်စ္ႏုိင္ေသးတာပဲ. ကုိယ္ကလည္း ဘာလုိ႔ ျပန္မခ်စ္ႏုိင္ရမွာလဲ. သူတုိ႔ရဲ႕ ေစတနာကုိ ဘာျဖစ္လုိ႔ နားမလည္ႏိုင္ရမွာလဲ. တစ္ခါတေလ တခ်ဳိ႔အခ်ိန္ေတြမွာဆုိ ဘာဝတ္လုိ႔ ဝတ္ရမွန္းမသိဘူး . ပြဲခ်ိန္နီးေနတာေတာင္ ဘာဝတ္ရမွန္းမသိတာ''လုိ႔ ဆုိပါတယ္.

၂၀၁၉ ခုႏွစ္မွာ သင္ဇာဝတ္ဆင္သြားမယ့္ ဖက္ရွင္ေလးေတြ အေၾကာင္းကုိလည္း အခုလုိ ေျပာျပလာပါတယ္. ၂၀၁၈ ခုႏွစ္ကလည္း သူမအတြက္ မေမ့ႏုိင္စရာ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့တယ္ဆုိတာကုိ ဒီဇင္ဘာလ ၂၇ ရက္ေန႔က Realme C1 Smart Phone မိတ္ဆက္ပြဲမွာ ေျဖဆုိခဲ့ပါတယ္.


'' သူ႔ေနရာနဲ႔ သူေပါ့ေနာ္. အရမ္းႀကီးေတာ့ မေဟာ့ေတာ့ဘူး. ၂၀၁၈ မွာ ေဟာ့ခဲ့သလုိ အရမ္းႀကီး ေဟာ့ဖုိ႔ အစီအစဥ္ေတာ့ မရွိေတာ့ပါဘူး. ေျပာရမယ္ဆုိရင္ ၂၀၁၈ က သင္ဇာ့အတြက္ အရမ္းကုိ ကံေကာင္းတဲ့ ႏွစ္ တစ္ႏွစ္လုိ႔ ေျပာလိ႔ုရပါတယ္. အလုပ္ေတြလည္း အမ်ားႀကီးလုပ္ရတယ္. ပရိသတ္ အသစ္ေတြလည္း အမ်ားႀကီး ထပ္ရတယ္ေပါ့ေနာ္. မခ်စ္တဲ့ ပရိသတ္ေတြလည္း ခ်စ္လာၾကတယ္ဆုိေတာ့ အရမ္းကုိေကာင္းတဲ့ႏွစ္လုိ႔ သုံးသပ္လုိ႔ရပါတယ္'' လုိ႔ သူကဆုိပါတယ္.

အဲ့ဒီေနာက္ ၂၀၁၉ ခုႏွစ္မွာ ဖက္ရွင္ေနာက္တစ္မ်ဳိး နဲ႔ ျမင္ေတြ႔ရေတာ့မယ့္ သင္ဇာဝင့္ေက်ာ္က သူခ်စ္တဲ့ ပရိသတ္ေတြ အတြက္ ႏွစ္သစ္ ဆုေတာင္းစကား ဆုိခဲ့တာကုိ ေတြ႔ရပါတယ္. ဒီ ဆုေတာင္းကလည္း သူမ ရင္ထဲက လာတဲ့ ဆုေတာင္းျဖစ္ပါတယ္.


'' ပရိသတ္ေတြ ႏွစ္သစ္မွာ အႏၱရာယ္ကင္း ေဘးရွင္းစြာ ေပ်ာ္ရႊင္ႏုိင္ပါေစ.လူသစ္. စိတ္သစ္. အေတြးအေခၚအသစ္ အသစ္ေတြနဲ႔ ကုိယ္က်င္လည္ေနတဲ့ ပတ္ဝန္းက်င္ အသုိင္းအဝုိင္းမွာလည္း အျမဲတမ္း ေခါင္းေမာ့ၿပီး ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္ပါေစ. အလုပ္အကုိင္ေတြလည္း အစစအရာရာအဆင္ေျပပါေစ. စီးပြားေရးေတြလည္း အဆင္ေျပပါေစ. လူမႈေရး. အိမ္ေထာင္ေရး. အခ်စ္ေရးေတြ အားလုံး အဆင္ေျပပါေစလုိ႔ ဆုေတာင္းေပးလုိက္ပါတယ္'' လုိ႔ ဆက္လက္ေျပာျပ လာပါတယ္.

သင္ဇာဝင့္ေက်ာ္ဟာ သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဓာတ္ပံုအလန္းစားေလးေတြကို အၿမဲတမ္း တင္ျဖစ္ေနသူပါ။သင္ဇာဝင့္ေက်ာ္ကေတာ့ ေနာက္ပိုင္း မွာသူမရဲ႕ခႏၶာကိုယ္အလွအပနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ ၾကားေရပန္းစားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ အႏုပညာ လႈပ္ရွား မႈေတြ ဆက္တိုက္လုပ္ကိုင္လ်က္ ရွိပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

သင်ဇာဝင့်ကျော်တစ်ယောက် ၂၀၁၉ မှာ အရမ်းဟော့တဲ့ ဖက်ရှင်တွေ မဝတ်တော့ပါဘူးတဲ့.အဲ့ဒီနောက် သူချစ်တဲ့ ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းခဲ့ပါသေးတယ်.

သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းမှာ ပရိသတ် စိတ်ဝင်စားမှု ပိုများလာတာ တွေ့ရပါတယ်. ဒါပေမယ့် သူမရဲ့ ဖက်ရှင် တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါသေးတယ်. ဒါပေမယ့် သင်ဇာကတော့ ၂၀၁၉ ခုနှစ်မှာ Sexy ဆန်တဲ့ ဖက်ရှင်မျိုးတွေ မဝတ်တော့ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်.

'' ကြိုက်တဲ့သူတွေလည်း ကြိုက်တယ်. မကြိုက်တဲ့သူတွေလည်း မကြိုက်ကြတော့တဲ့ အခါကျတော့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေက ကိုယ့်ကို နားလည်ပြီးတော့ ချစ်နိုင်သေးတာပဲ. ကိုယ်ကလည်း ဘာလို့ ပြန်မချစ်နိုင်ရမှာလဲ. သူတို့ရဲ့ စေတနာကို ဘာဖြစ်လို့ နားမလည်နိုင်ရမှာလဲ. တစ်ခါတလေ တချို့အချိန်တွေမှာဆို ဘာဝတ်လို့ ဝတ်ရမှန်းမသိဘူး . ပွဲချိန်နီးနေတာတောင် ဘာဝတ်ရမှန်းမသိတာ''လို့ ဆိုပါတယ်.

၂၀၁၉ ခုနှစ်မှာ သင်ဇာဝတ်ဆင်သွားမယ့် ဖက်ရှင်လေးတွေ အကြောင်းကိုလည်း အခုလို ပြောပြလာပါတယ်. ၂၀၁၈ ခုနှစ်ကလည်း သူမအတွက် မမေ့နိုင်စရာ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်ဆိုတာကို ဒီဇင်ဘာလ ၂၇ ရက်နေ့က Realme C1 Smart Phone မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့ပါတယ်.

'' သူ့နေရာနဲ့ သူပေါ့နော်. အရမ်းကြီးတော့ မဟော့တော့ဘူး. ၂၀၁၈ မှာ ဟော့ခဲ့သလို အရမ်းကြီး ဟော့ဖို့ အစီအစဉ်တော့ မရှိတော့ပါဘူး. ပြောရမယ်ဆိုရင် ၂၀၁၈ က သင်ဇာ့အတွက် အရမ်းကို ကံကောင်းတဲ့ နှစ် တစ်နှစ်လို့ ပြောလိ့ုရပါတယ်. အလုပ်တွေလည်း အများကြီးလုပ်ရတယ်. ပရိသတ် အသစ်တွေလည်း အများကြီး ထပ်ရတယ်ပေါ့နော်. မချစ်တဲ့ ပရိသတ်တွေလည်း ချစ်လာကြတယ်ဆိုတော့ အရမ်းကိုကောင်းတဲ့နှစ်လို့ သုံးသပ်လို့ရပါတယ်'' လို့ သူကဆိုပါတယ်.

အဲ့ဒီနောက် ၂၀၁၉ ခုနှစ်မှာ ဖက်ရှင်နောက်တစ်မျိုး နဲ့ မြင်တွေ့ရတော့မယ့် သင်ဇာဝင့်ကျော်က သူချစ်တဲ့ ပရိသတ်တွေ အတွက် နှစ်သစ် ဆုတောင်းစကား ဆိုခဲ့တာကို တွေ့ရပါတယ်. ဒီ ဆုတောင်းကလည်း သူမ ရင်ထဲက လာတဲ့ ဆုတောင်းဖြစ်ပါတယ်.

'' ပရိသတ်တွေ နှစ်သစ်မှာ အန္တရာယ်ကင်း ဘေးရှင်းစွာ ပျော်ရွှင်နိုင်ပါစေ.လူသစ်. စိတ်သစ်. အတွေးအခေါ်အသစ် အသစ်တွေနဲ့ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း အမြဲတမ်း ခေါင်းမော့ပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါစေ. အလုပ်အကိုင်တွေလည်း အစစအရာရာအဆင်ပြေပါစေ. စီးပွားရေးတွေလည်း အဆင်ပြေပါစေ. လူမှုရေး. အိမ်ထောင်ရေး. အချစ်ရေးတွေ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်'' လို့ ဆက်လက်ပြောပြ လာပါတယ်.

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာ လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top