iMyanmarHouse.com - Best Property Website for Myanmar
×


ေျဖာင့္စရာမလိုစက္ဆြဲစရာမလိုတဲ့ ဆံပင္တစ္ခါမွမေျဖာင့္ဖူးဘူး။ဒါေပမယ့္ဆံပင္က ေျဖာင့္ထားတဲ့သူေတြလိုေပ်ာ့တယ္ဆံသားေျပာင္တယ္ စင္းတယ္ …။ဘာမွမလုပ္မွေတာ့ဘယ္ပ်က္ဆီးမလဲလို႔ေတာ့မထင္နဲ႕

ဆံပင္ေဆးဆိုးတာေတာ့ရက္ရက္စက္စက္ဆိုးတယ္ အေရာင္မႀကိဳက္ရင္ တစ္လတည္းကို၃ ေခါက္၄ေခါက္ေလာက္ထိအေရာင္ေျပာင္းတယ္ ဒါေတာင္မပ်က္ဆီးဘူး ….။အရွည္သန္တယ္ ေခါင္းေလးၿပီးဇာတ္ၾကာတက္တတ္လို႔အရွည္သိပ္မထားဘူး …

တစ္ျခားေပါင္းေဆးသိပ္သုံးစရာလည္းမလိုဘူး။ဘာမွလည္းမလိမ္းဘူး ဆိုင္မွာလည္းေဆးေတြနဲ႕လုပ္စရာမလိုဘူး။
တစ္ပါတ္တစ္ခါ ၾကက္ဥ၊ ရွားေစာင္း၊ ဂ်ယ္လ္၊ သံလြင္ဆီ၊ ပ်ားရည္နဲ႕ ေပါင္းတင္တယ္ ႏွစ္ခြလည္းလုံးဝမျဖစ္ဘူး ဆံပင္ကြၽတ္တဲ့သူဆိုသံပုရာရည္ေလးပါထည့္လုပ္ေနာ္

ေရမခ်ိဳးခင္နာရီဝက္ဒါမွမဟုတ္ေရခ်ိဳးခါနီးဆိုအဝတ္ေလွ်ာ္တယ္အဲ့အဝတ္မေလွ်ာ္ခင္ကတည္းက လိမ္းထားလိုက္တာ အဝတ္ေတြလည္းအကုန္ေလွ်ာ္အၿပီး လိမ္းထားတဲ့အခ်ိန္နဲ႕ကြက္တိပဲ တကူးတကအခ်ိန္မေပးရဘဲ အလုပ္၂ခုၿပီးပါတယ္ …

အေရာင္ဆိုးရင္ေတာင္အေရာင္ကပိုေျပာင္လက္ၿပီးေတာက္တယ္ …ဒါနဲ႕ေဖ်ာ္တာပိုသြားရင္လည္းမ်က္ႏွာလိမ္းလို႔ရတယ္ေနာ္။ပ်ားရည္ေဆးဆိုင္မွာေရာင္းတာလည္းစစ္တယ္

စစ္မစစ္စမ္းနည္းေျပာျပမယ္

ပ်ားရည္တစ္စက္ကိုလက္သည္းခြံေပၚတင္ၾကည့္ပါပ်ားရည္စက္ကေအာက္ကိုမက်ဘဴးပိန္းၾကာ႐ြက္မွာ
ေရတင္သလိုအလုံးေလးျဖစ္ေနရင္အဲ့ဒါအစစ္ပဲ …

ကိုယ္လက္ေတြ႕လုပ္ေနတာေလးတင္ေပးတာ သေဘာက်တယ္ဆိုေနာက္ေန႕အေရးအေၾကာင္းနဲ႕မိတ္ကပ္ဆြဲေအာင္ၿပီးေတာ့မနက္ပိုင္းစိတ္ၾကည္လင္ေအာင္ ပိုက္ဆံမကုန္ဘဲလုပ္တဲ့နည္းေလးထပ္တင္ေပးပါ့မယ္ လို႔ facebook သုံးစြဲသူတစ္ဦးက မွ်ေဝထားခဲ့ပါတယ္။

Credit: May Zin Aye Thwin

# Unicode Version ျဖင့္ ဖတ္ပါ #

ဖြောင့်စရာမလိုစက်ဆွဲစရာမလိုတဲ့ ဆံပင်တစ်ခါမှမဖြောင့်ဖူးဘူး။ဒါပေမယ့်ဆံပင်က ဖြောင့်ထားတဲ့သူတွေလိုပျော့တယ်ဆံသားပြောင်တယ် စင်းတယ် …။ဘာမှမလုပ်မှတော့ဘယ်ပျက်ဆီးမလဲလို့တော့မထင်နဲ့

ဆံပင်ဆေးဆိုးတာတော့ရက်ရက်စက်စက်ဆိုးတယ် အရောင်မကြိုက်ရင် တစ်လတည်းကို၃ ခေါက်၄ခေါက်လောက်ထိအရောင်ပြောင်းတယ် ဒါတောင်မပျက်ဆီးဘူး ….။အရှည်သန်တယ် ခေါင်းလေးပြီးဇာတ်ကြာတက်တတ်လို့အရှည်သိပ်မထားဘူး …

တစ်ခြားပေါင်းဆေးသိပ်သုံးစရာလည်းမလိုဘူး။ဘာမှလည်းမလိမ်းဘူး ဆိုင်မှာလည်းဆေးတွေနဲ့လုပ်စရာမလိုဘူး။
တစ်ပါတ်တစ်ခါ ကြက်ဥ၊ ရှားစောင်း၊ ဂျယ်လ်၊ သံလွင်ဆီ၊ ပျားရည်နဲ့ ပေါင်းတင်တယ် နှစ်ခွလည်းလုံးဝမဖြစ်ဘူး ဆံပင်ကျွတ်တဲ့သူဆိုသံပုရာရည်လေးပါထည့်လုပ်နော်

ရေမချိုးခင်နာရီဝက်ဒါမှမဟုတ်ရေချိုးခါနီးဆိုအဝတ်လျှော်တယ်အဲ့အဝတ်မလျှော်ခင်ကတည်းက လိမ်းထားလိုက်တာ အဝတ်တွေလည်းအကုန်လျှော်အပြီး လိမ်းထားတဲ့အချိန်နဲ့ကွက်တိပဲ တကူးတကအချိန်မပေးရဘဲ အလုပ်၂ခုပြီးပါတယ် …

အရောင်ဆိုးရင်တောင်အရောင်ကပိုပြောင်လက်ပြီးတောက်တယ် …ဒါနဲ့ဖျော်တာပိုသွားရင်လည်းမျက်နှာလိမ်းလို့ရတယ်နော်။ပျားရည်ဆေးဆိုင်မှာရောင်းတာလည်းစစ်တယ်

စစ်မစစ်စမ်းနည်းပြောပြမယ်

ပျားရည်တစ်စက်ကိုလက်သည်းခွံပေါ်တင်ကြည့်ပါပျားရည်စက်ကအောက်ကိုမကျဘူးပိန်းကြာရွက်မှာ
ရေတင်သလိုအလုံးလေးဖြစ်နေရင်အဲ့ဒါအစစ်ပဲ …

ကိုယ်လက်တွေ့လုပ်နေတာလေးတင်ပေးတာ သဘောကျတယ်ဆိုနောက်နေ့အရေးအကြောင်းနဲ့မိတ်ကပ်ဆွဲအောင်ပြီးတော့မနက်ပိုင်းစိတ်ကြည်လင်အောင် ပိုက်ဆံမကုန်ဘဲလုပ်တဲ့နည်းလေးထပ်တင်ပေးပါ့မယ် လို့ facebook သုံးစွဲသူတစ်ဦးက မျှဝေထားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top