iMyanmarHouse.com - Best Property Website for Myanmar
×


မီးဖိုေခ်ာင္သန႔္ရွင္းေရးလုပ္ရတာဟာ အိမ္မွာ ရွိတဲ့ တျခားအခန္းေတြထက္ကို ပိုၿပီး ပင္ပန္းတာကို အိမ္ရွင္မေတြ အားလုံးသိၾကမွာပါ။ ဟင္းခ်က္တဲ့ စင္၊ မိုက္ခ႐ိုေဝ့ဖ္ စတာေတြကို သန႔္စင္ရတာဟာ ေတာ္ေတာ္အခ်ိန္ၾကာပါတယ္။ ဒါေပမယ့္ သန႔္ရွင္းေရးလုပ္တဲ့ လွ်ိဳ႕ဝွက္နည္းလမ္းေတြက သင့္ကို ပင္ပန္းရ သက္သာေစမွာပါ။ အိမ္ရွင္မေတြ အတြက္ အသုံးဝင္ေလာက္မယ့္ မီးဖိုေခ်ာင္သန႔္ရွင္းေရး ျပဳလုပ္နည္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ဖန္ခြက္မ်ား ၾကည္လင္ေစဖို႔


ဖန္ခြက္ေတြဟာ အသုံးျပဳတာ ၾကာလာတဲ့ အခါမွာ ျခစ္ရာပြန္းရာေတြ ထင္လာတတ္ပါတယ္။ အၿမဲ သန႔္ရွင္းေရး လုပ္ေနေပမယ့္ ဒါေတြ မေျပာင္သြားဘူးဆိုရင္ အရက္နည္းနည္းကို ေရနဲ႔ေရာၿပီး ဖန္ခြက္ေတြကို ေဆးၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ ေဆးၿပီးတာနဲ႔ ဖန္ခြက္ေတြ ေျပာင္လက္ေနတာကို ေတြ႕ရပါလိမ့္မယ္။

(၂) ေရခဲေသတၱာ သန႔္ရွင္းေရး


ေရခဲေသတၱာကို သန႔္ရွင္းေရးလုပ္ရတာ ေတာ္ေတာ္မလြယ္တဲ့ ကိစၥပါ။ ပစၥည္းေတြ ထုတ္၊ ေရခဲေသတၱာအတြင္းက အကန႔္ေတြကို ထုတ္ၿပီး ေဆးရ ျပန္ထည့္ရနဲ႔ အလုပ္အရမ္းရႈပ္ပါတယ္။ ဒါေတြကို မျဖစ္ေစခ်င္ရင္ေတာ့ ေရခဲေသတၱာတြင္းက အကန႔္တိုင္းမွာ သတင္းစာစကၠဴကို ခင္ထား႐ုံပါပဲ။ စကၠဴညစ္ပတ္လာရင္ စကၠဴကို လဲလိုက္႐ုံနဲ႔ သန႔္ရွင္းေရးက လုပ္ၿပီးသလို ျဖစ္သြားပါၿပီ။

(၃) Microwave သန႔္ရွင္းေရး


Microwave ကို သန႔္ရွင္းေရးလုပ္ဖို႔ ေရတခြက္ပဲ လိုပါတယ္။ ေရကို ဇလုံတခုထဲမွာ ထည့္ၿပီး အဲဒီေရဇလုံကို Microwave ထဲ ထည့္ထားလိုက္ပါ။ ေရေႏြးေငြ႕ရဲ႕ သန႔္ရွင္းေပးႏိုင္စြမ္းဟာ အံ့မခန္းပဲ ဆိုတာကို ေတြ႕ရပါလိမ့္မယ္။ ေရေႏြးေငြ႕ေတြ ပ်ံံ့သြားတဲ့ အခါ တဘက္တထည္နဲ႔ Microwave အတြင္းပိုင္းကို သုတ္လိုက္တာနဲ႔ သန႔္ရွင္းေျပာင္လက္ေနတဲ့ Microwave ကို ေတြ႕ရပါလိမ့္မယ္။

(၄) မီးဖိုမွာ ကပ္ေနတဲ့ အဆီေတြကို ဖယ္ရွားမယ္


ႏွစ္ေတြအၾကာႀကီး ဟင္းေတြခ်က္တဲ့အခါ ဟင္းခ်က္တဲ့ စင္ေပၚမွာ အဆီေတြကပ္ေနတတ္ပါတယ္။ ဒီအဆီေတြကို ဖယ္ရွားဖို႔ အတြက္ လိုအပ္တာကေတာ့ ဆန္မႈန႔္ပါပဲ။ ဆီေတြ ကပ္ၿပီး ဂ်ီးစြဲေနတဲ့ ေနတဲ့ ေနရာေတြမွာ ဆန႔္မႈန႔္ကို ျဖဴးထားလိုက္႐ုံပါပဲ။

(၅) အခန္းကို ေမႊးပ်ံ႕ေနဖို႔


အခန္းကို ေမႊးပ်ံ႕ေနဖို႔ အတြက္ ေဈးသက္သက္သာသာနဲ႔ စိတ္ခ်မ္းသာစရာအနံ႔ကို ေကာ္ဖီေစ့ကေပးႏိုင္ပါတယ္။ ေကာ္ဖီေစ့ကို ခြက္တခုထဲမွာ ထည့္ၿပီး ဖေယာင္တိုင္ထြန္းထားရင္ ေကာ္ဖီအနံ႔သင္းပ်ံ႕ေနၿပီး သန႔္ရွင္းသပ္ရပ္တဲ့ မီးဖိုခန္းေလးျဖစ္ေနမွာ အေသအခ်ာပါပဲ။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

မီးဖိုချောင်သန့်ရှင်းရေးလုပ်ရတာဟာ အိမ်မှာ ရှိတဲ့ တခြားအခန်းတွေထက်ကို ပိုပြီး ပင်ပန်းတာကို အိမ်ရှင်မတွေ အားလုံးသိကြမှာပါ။ ဟင်းချက်တဲ့ စင်၊ မိုက်ခရိုဝေ့ဖ် စတာတွေကို သန့်စင်ရတာဟာ တော်တော်အချိန်ကြာပါတယ်။ ဒါပေမယ့် သန့်ရှင်းရေးလုပ်တဲ့ လျှို့ဝှက်နည်းလမ်းတွေက သင့်ကို ပင်ပန်းရ သက်သာစေမှာပါ။ အိမ်ရှင်မတွေ အတွက် အသုံးဝင်လောက်မယ့် မီးဖိုချောင်သန့်ရှင်းရေး ပြုလုပ်နည်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဖန်ခွက်များ ကြည်လင်စေဖို့

ဖန်ခွက်တွေဟာ အသုံးပြုတာ ကြာလာတဲ့ အခါမှာ ခြစ်ရာပွန်းရာတွေ ထင်လာတတ်ပါတယ်။ အမြဲ သန့်ရှင်းရေး လုပ်နေပေမယ့် ဒါတွေ မပြောင်သွားဘူးဆိုရင် အရက်နည်းနည်းကို ရေနဲ့ရောပြီး ဖန်ခွက်တွေကို ဆေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆေးပြီးတာနဲ့ ဖန်ခွက်တွေ ပြောင်လက်နေတာကို တွေ့ရပါလိမ့်မယ်။

(၂) ရေခဲသေတ္တာ သန့်ရှင်းရေး


ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ရတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ ပစ္စည်းတွေ ထုတ်၊ ရေခဲသေတ္တာအတွင်းက အကန့်တွေကို ထုတ်ပြီး ဆေးရ ပြန်ထည့်ရနဲ့ အလုပ်အရမ်းရှုပ်ပါတယ်။ ဒါတွေကို မဖြစ်စေချင်ရင်တော့ ရေခဲသေတ္တာတွင်းက အကန့်တိုင်းမှာ သတင်းစာစက္ကူကို ခင်ထားရုံပါပဲ။ စက္ကူညစ်ပတ်လာရင် စက္ကူကို လဲလိုက်ရုံနဲ့ သန့်ရှင်းရေးက လုပ်ပြီးသလို ဖြစ်သွားပါပြီ။

(၃) Microwave သန့်ရှင်းရေး

Microwave ကို သန့်ရှင်းရေးလုပ်ဖို့ ရေတခွက်ပဲ လိုပါတယ်။ ရေကို ဇလုံတခုထဲမှာ ထည့်ပြီး အဲဒီရေဇလုံကို Microwave ထဲ ထည့်ထားလိုက်ပါ။ ရေနွေးငွေ့ရဲ့ သန့်ရှင်းပေးနိုင်စွမ်းဟာ အံ့မခန်းပဲ ဆိုတာကို တွေ့ရပါလိမ့်မယ်။ ရေနွေးငွေ့တွေ ပျံံ့သွားတဲ့ အခါ တဘက်တထည်နဲ့ Microwave အတွင်းပိုင်းကို သုတ်လိုက်တာနဲ့ သန့်ရှင်းပြောင်လက်နေတဲ့ Microwave ကို တွေ့ရပါလိမ့်မယ်။

(၄) မီးဖိုမှာ ကပ်နေတဲ့ အဆီတွေကို ဖယ်ရှားမယ်

နှစ်တွေအကြာကြီး ဟင်းတွေချက်တဲ့အခါ ဟင်းချက်တဲ့ စင်ပေါ်မှာ အဆီတွေကပ်နေတတ်ပါတယ်။ ဒီအဆီတွေကို ဖယ်ရှားဖို့ အတွက် လိုအပ်တာကတော့ ဆန်မှုန့်ပါပဲ။ ဆီတွေ ကပ်ပြီး ဂျီးစွဲနေတဲ့ နေတဲ့ နေရာတွေမှာ ဆန့်မှုန့်ကို ဖြူးထားလိုက်ရုံပါပဲ။

(၅) အခန်းကို မွှေးပျံ့နေဖို့

အခန်းကို မွှေးပျံ့နေဖို့ အတွက် ဈေးသက်သက်သာသာနဲ့ စိတ်ချမ်းသာစရာအနံ့ကို ကော်ဖီစေ့ကပေးနိုင်ပါတယ်။ ကော်ဖီစေ့ကို ခွက်တခုထဲမှာ ထည့်ပြီး ဖယောင်တိုင်ထွန်းထားရင် ကော်ဖီအနံ့သင်းပျံ့နေပြီး သန့်ရှင်းသပ်ရပ်တဲ့ မီးဖိုခန်းလေးဖြစ်နေမှာ အသေအချာပါပဲ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top