iMyanmarHouse.com - Best Property Website for Myanmar
×


ဒါ႐ိုက္တာဝိုင္းက ‘’ပပဝတီ စီရင္ခန္း’’ ႐ုပ္ရွင္ဇာတ္ကားႀကီး ကို နာမည္ေက်ာ္ မင္းသား၊ မင္းသမီးေတြ နဲ႔ ပုံေဖာ္႐ိုက္ကူးေနတာျဖစ္ပါတယ္။ သူဟာ ပရိသတ္ေတြအတြက္ ဇာတ္ကားေကာင္းေတြကို ပုံေဖာ္႐ိုက္ကူးေလ့ရွိတဲ့ ဒါ႐ိုက္တာ တစ္ေယာက္ပါ။ဒါ႐ိုက္တာ ဝိုင္း ကိုယ္တိုင္ ပုံေဖာ္႐ိုက္ကူးေနတဲ့ ‘’ပပဝတီ စီရင္ခန္း’’ ႐ုပ္ရွင္ဇာတ္ကားႀကီး အေပၚ ႀကိဳးစား အားထုတ္မႈေတြ အေၾကာင္း ေျပာျပလာပါတယ္။

‘’ ပပဝတီ စီရင္ခန္း..ငါးဆယ္ရာခိုင္ႏူန္းၿပီးသြားပါၿပီ။ အေကာင္းဆုံးျဖစ္ေအာင္..ႀကိဳးစားေနၾကပါတယ္’’ ဆိုၿပီးေတာ့ ဒါ႐ိုက္တာ ဝိုင္းရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ဇန္နဝါရီလ ၁၆ ရက္ေန႔ မနက္ ၉ နာရီခြဲေက်ာ္က ေရးသားခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ဇန္နဝါရီလ ၄ ရက္ေန႔က စတင္႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။


‘’ပပဝတီ စီရင္ခန္း’’ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာေတာ့ နာမည္ေက်ာ္ မင္းသားမင္းသမီးေတြ ပါဝင္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ထြန္းထြန္း၊ အလင္းေရာင္၊ ေဖြးေဖြး နဲ႔ မိုးေဟကို တို႔က အဓိက သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကပါတယ္။ ပရိသတ္ေတြကို အၿမဲတမ္းလိုလို ထူးျခားတဲ့ တင္ဆက္မႈေတြနဲ႔ ႐ုပ္ရွင္ဖန္တီးေလ့ရွိတဲ့ ဒါ႐ိုက္တာ ဝိုင္းရဲ႕ ‘’ပပဝတီ စီရင္ခန္း’’ ႐ုပ္ရွင္ဇာတ္ကားကိုလည္း ပရိသတ္ေတြက စိတ္ဝင္တစားရွိလွပါတယ္။

ဒါ႐ိုက္တာ ဝိုင္းဟာ ၂၀၁၃ ခုႏွစ္က ‘’ေစတန္ရဲ႕ ကေခ်သည္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဒါ႐ိုက္တာဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ ၂၀၁၅ ခုႏွစ္မွာ ‘’ကြၽန္မက ႏွင္းဆီပါ ေမာင္’’ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ဒါ႐ိုက္တာဆု ကို ထပ္မံရရွိခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာေတာ့ ‘’ရင္ဘတ္ထဲက ဓား’’ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ကိုယ္ပိုင္ ဇာတ္ၫႊန္းဆုကို ဆက္လက္ပိုင္ဆိုင္ႏိုင္ခဲ့တဲ့ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္ပါတယ္။


ဒါ႐ိုက္တာ ဝိုင္း ကိုယ္တိုင္ ႐ိုက္ကူးထားတဲ့ ‘’သမၼတႀကီးထံ ေပးစာ’’ ႐ုပ္ရွင္ဇာတ္ကားႀကီးကလည္း ၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီထူးခြၽန္ဆု ေပးပြဲ စာရင္းမွာ ဆန္ခါတင္ ဇာတ္ကား တစ္ကားအျဖစ္ ပါဝင္ေနတာကို ေတြ႕ရပါတယ္။ ဒီဇာတ္ကားထဲမွာလည္း ပါဝင္ၾကတဲ့ သ႐ုပ္ေဆာင္ေတြ နဲ႔ အတူ ဇာတ္လမ္း ဇာတ္အိမ္ ပုံေဖာ္ တင္ဆက္မႈ ေကာင္းခဲ့တာေတြေၾကာင့္ ဒီႏွစ္မွာလည္း သူ႔ရဲ႕ ပရိသတ္ေတြက ဘယ္လို အကယ္ဒမီဆုေတြ ဆြတ္ခူးႏိုင္မလဲ ဆိုတာကို စိတ္လႈပ္ရွားလို႔ေနပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဒါရိုက်တာဝိုင်းက ‘’ပပဝတီ စီရင်ခန်း’’ ရုပ်ရှင်ဇာတ်ကားကြီး ကို နာမည်ကျော် မင်းသား၊ မင်းသမီးတွေ နဲ့ ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေကို ပုံဖော်ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ တစ်ယောက်ပါ။ဒါရိုက်တာ ဝိုင်း ကိုယ်တိုင် ပုံဖော်ရိုက်ကူးနေတဲ့ ‘’ပပဝတီ စီရင်ခန်း’’ ရုပ်ရှင်ဇာတ်ကားကြီး အပေါ် ကြိုးစား အားထုတ်မှုတွေ အကြောင်း ပြောပြလာပါတယ်။

‘’ ပပဝတီ စီရင်ခန်း..ငါးဆယ်ရာခိုင်နူန်းပြီးသွားပါပြီ။ အကောင်းဆုံးဖြစ်အောင်..ကြိုးစားနေကြပါတယ်’’ ဆိုပြီးတော့ ဒါရိုက်တာ ဝိုင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက် ၉ နာရီခွဲကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇန်နဝါရီလ ၄ ရက်နေ့က စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

‘’ပပဝတီ စီရင်ခန်း’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နာမည်ကျော် မင်းသားမင်းသမီးတွေ ပါဝင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ထွန်းထွန်း၊ အလင်းရောင်၊ ဖွေးဖွေး နဲ့ မိုးဟေကို တို့က အဓိက သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။ ပရိသတ်တွေကို အမြဲတမ်းလိုလို ထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ရုပ်ရှင်ဖန်တီးလေ့ရှိတဲ့ ဒါရိုက်တာ ဝိုင်းရဲ့ ‘’ပပဝတီ စီရင်ခန်း’’ ရုပ်ရှင်ဇာတ်ကားကိုလည်း ပရိသတ်တွေက စိတ်ဝင်တစားရှိလှပါတယ်။

ဒါရိုက်တာ ဝိုင်းဟာ ၂၀၁၃ ခုနှစ်က ‘’စေတန်ရဲ့ ကချေသည်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၅ ခုနှစ်မှာ ‘’ကျွန်မက နှင်းဆီပါ မောင်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆု ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကိုယ်ပိုင် ဇာတ်ညွှန်းဆုကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။

ဒါရိုက်တာ ဝိုင်း ကိုယ်တိုင် ရိုက်ကူးထားတဲ့ ‘’သမ္မတကြီးထံ ပေးစာ’’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ပေးပွဲ စာရင်းမှာ ဆန်ခါတင် ဇာတ်ကား တစ်ကားအဖြစ် ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ပါဝင်ကြတဲ့ သရုပ်ဆောင်တွေ နဲ့ အတူ ဇာတ်လမ်း ဇာတ်အိမ် ပုံဖော် တင်ဆက်မှု ကောင်းခဲ့တာတွေကြောင့် ဒီနှစ်မှာလည်း သူ့ရဲ့ ပရိသတ်တွေက ဘယ်လို အကယ်ဒမီဆုတွေ ဆွတ်ခူးနိုင်မလဲ ဆိုတာကို စိတ်လှုပ်ရှားလို့နေပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top