iMyanmarHouse.com - Best Property Website for Myanmar
×


ဒီျပတ္လိုက္၊ ဆက္လိုက္ သံသရာႀကီး (သို႔) အေလ့အထႀကီးက ခုေခတ္စုံတြဲေတြအတြက္ေတာ့ သိပ္ထူးဆန္းတဲ့ အရာေတာ့ မဟုတ္ေတာ့ပါဘူး။ဘာပေယာဂမွမပါဘဲ ႐ိုး႐ိုးေတြးမယ္ဆိုရင္ေတာ့ ျပတ္မယ္လို႔ အႀကိမ္ႀကိမ္ ဆုံးျဖတ္ၿပီးၾကကာမွ ျပန္တြဲၾကတယ္ဆိုတာက ဒီအခ်စ္ေရးကိုႏွစ္ဦးလုံးက တန္ဖိုးထားလို႔ဆိုတာ ဖြင့္မေျပာဘဲလည္း အားလုံးသိၾကပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ရန္ျဖစ္လိုက္၊ ျပန္ခ်စ္လိုက္၊ ျပတ္လိုက္၊ ဆက္လိုက္ အတြဲေတြက အားက်စရာေကာင္းတယ္။ ေခတ္စကားနဲ႔ဆို ႐ိုတယ္လို႔ထင္ရေပမဲ့ ဒီလိုခဏခဏျဖစ္ျခင္းဟာ တစ္စုံတစ္ေယာက္ရဲ႕ စိတ္က်န္းမာေရးကိုေတာ့ ထိခိုက္ေစလာႏိုင္တယ္လို႔ ေလ့လာေတြ႕ရွိခ်က္တစ္ခုက ဆိုပါတယ္။

ကိုလံဘီယာႏိုင္ငံ (Columbia)၊ Missouri တကၠသိုလ္က လက္တေလာခ်စ္သူရည္စားရွိေနၾကတဲ့ လူေပါင္း (၅၀၀) ေက်ာ္ကို ေလ့လာခ်က္ျပဳလုပ္ခဲ့တဲ့အခါမွာေတာ့ ၎တို႔ထဲမွ (၆၀) ရာခိုင္းႏႈန္းေလာက္ဟာ ျပတ္လိုက္၊ ဆက္လိုက္ အခ်စ္ေရးထဲမွာ လည္ေနၾကရတယ္လို႔ ဆိုပါတယ္။ သနားစရာ...။

အခုလို ျပတ္လိုက္၊ ဆက္လိုက္ ျဖစ္ေနၾကရတဲ့အေၾကာင္းရင္းကို တည္တည္ၿငိမ္ၿငိမ္ျဖစ္ေနၾကတဲ့ အတြဲေနနဲ႔ယွဥ္ၿပီး ရွာၾကည့္တဲ့အခါမွာေတာ့ ၎တို႔ရဲ႕ ျပႆနာက တစ္ဦးအေပၚတစ္ဦး စိတ္ပိုင္းဆိုင္ရာ ေစာ္ကားတာေတြ၊ ေပးၿပီးသားကတိကို တာဝန္မယူတတ္တာေတြနဲ႔ ႏွစ္ေယာက္သား ဆက္ဆံေျပာဆိုၾကတဲ့အခ်ိန္ေတြနည္းျခင္းေၾကာင့္လို႔ ဆိုပါတယ္။

ဒီလိုမ်ိဳး အဆင္မေျပတဲ့ဆက္ဆံေရးေတြဟာ စိတ္ဓာတ္က်ျခင္းနဲ႔ စိုးရိမ္ေၾကာင့္ၾကမႈေတြဆီကိုပါ တျဖည္းျဖည္း ဦးေဆာင္သြားေစႏိုင္တယ္လို႔ ဆိုပါတယ္။"ဒီလို ျပတ္လိုက္၊ ဆက္လိုက္အတြဲေတြကို ေလ့လာၾကည့္မယ္ဆို ႏွစ္ေယာက္မွာ တစ္ေယာက္က ေပးၿပီးသားကတိကို တည္ႏိုင္စြမ္းအားနည္းေနတာေၾကာင့္ျဖစ္တယ္" လို႔ ခ်ိန္းဆိုေတြ႕ဆုံမႈအႀကံေပး ဂ်ိမ္း ပရီစီ (James Preece) ကဆိုပါတယ္။

ဆက္လက္ၿပီး ၎က "ဆက္ဆံေရးကို ပိုၿပီးခိုင္ၿမဲေစခ်င္တဲ့၊ တန္ဖိုးထားတဲ့သူက ဆုံး႐ႉံးမႈေတြမျဖစ္ခ်င္တဲ့အတြက္ ၎လက္တြဲေဖာ္ရဲ႕ အခ်ိဳးမေျပျခင္းေတြကို လ်စ္လ်ဴ႐ႈ၊ သည္းခံေနတတ္ၾကတယ္" လို႔ Independent ကို ေျပာၾကားထားပါေသးတယ္။"အေတာမသတ္ႏိုင္တဲ့ ျငင္းခုံျခင္းေတြနဲ႔ သစၥာမဲ့တဲ့လုပ္ရပ္ေတြေၾကာင့္ ဆက္ဆံေရးက လုံးဝျပတ္သြားႏိုင္ပါတယ္။ ဆိုေပမဲ့ ႏွစ္ဖက္လုံးက တစ္ေယာက္ကိုတစ္ေယာက္ ဆြဲထားၾကတုန္းပါ" လို႔ ၎က ဆက္လက္ေျပာပါေသးတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ တစ္စုံတစ္ေယာက္ရဲ႕လုပ္ရပ္ေၾကာင့္ သင့္မွာ စိုးရိမ္စိတ္ေတြ၊ မလုံၿခဳံမႈေတြခံစားလာရၿပီဆို သင္နဲ႔သူ႕ရဲ႕ၾကားက ဆက္ဆံေရးကို လုံးဝအဆုံးသတ္လိုက္ဖို႔ အႀကံျပဳထားပါတယ္။"သင့္ကိုေပ်ာ္႐ႊင္မႈမေပးႏိုင္တဲ့ လူတစ္ေယာက္နဲ႔အတူအခ်ိန္ျဖဳန္းေနတာထက္ သင့္က်န္းမာေရးကပိုအေရးႀကီးပါတယ္"

"ဒါဟာ စိတ္ပိုင္းဆိုင္ရာတင္မကဘဲ ႐ုပ္ပိုင္းဆိုင္ရာကိုပါ ႏွိပ္စက္ရာေရာက္ေနပါတယ္။ ႏွစ္ေယာက္အတူမရွိလို႔လည္း မရျပန္ဘူး။ အတူရွိေနျပန္ေတာ့လည္း ရင္နာေနရတယ္ဆို ဒီဆက္ဆံေရးက ႏွစ္ေယာက္လုံးအတြက္ လုံးဝ အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ့ ဆက္ဆံေရးပါပဲ"

"ဒါေၾကာင့္မို႔လို႔ ျပတ္ၿပီးျပန္မတြဲၾကခင္မွာ တစ္ဘက္လူကို ေသခ်ာေမးပါ။ သင္ဘယ္လိုပုံစံမ်ိဳး သြားခ်င္တယ္။ ဘယ္လိုဆက္ဆံေရးမ်ိဳး တည္ေဆာက္ခ်င္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း ေျပာျပထားပါ။ ၫွိယူထားပါ။ ေတာင္းဆိုထားပါ" လို႔ အႀကံျပဳထားပါတယ္။

Credit: Yoyarlay

# Unicode Version ျဖင့္ ဖတ္ပါ #

ဒီပြတ်လိုက်၊ ဆက်လိုက် သံသရာကြီး (သို့) အလေ့အထကြီးက ခုခေတ်စုံတွဲတွေအတွက်တော့ သိပ်ထူးဆန်းတဲ့ အရာတော့ မဟုတ်တော့ပါဘူး။ဘာပယောဂမှမပါဘဲ ရိုးရိုးတွေးမယ်ဆိုရင်တော့ ပြတ်မယ်လို့ အကြိမ်ကြိမ် ဆုံးဖြတ်ပြီးကြကာမှ ပြန်တွဲကြတယ်ဆိုတာက ဒီအချစ်ရေးကိုနှစ်ဦးလုံးက တန်ဖိုးထားလို့ဆိုတာ ဖွင့်မပြောဘဲလည်း အားလုံးသိကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်၊ ပြတ်လိုက်၊ ဆက်လိုက် အတွဲတွေက အားကျစရာကောင်းတယ်။ ခေတ်စကားနဲ့ဆို ရိုတယ်လို့ထင်ရပေမဲ့ ဒီလိုခဏခဏဖြစ်ခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကိုတော့ ထိခိုက်စေလာနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုက ဆိုပါတယ်။

ကိုလံဘီယာနိုင်ငံ (Columbia)၊ Missouri တက္ကသိုလ်က လက်တလောချစ်သူရည်စားရှိနေကြတဲ့ လူပေါင်း (၅၀၀) ကျော်ကို လေ့လာချက်ပြုလုပ်ခဲ့တဲ့အခါမှာတော့ ၎င်းတို့ထဲမှ (၆၀) ရာခိုင်းနှုန်းလောက်ဟာ ပြတ်လိုက်၊ ဆက်လိုက် အချစ်ရေးထဲမှာ လည်နေကြရတယ်လို့ ဆိုပါတယ်။ သနားစရာ...။

အခုလို ပြတ်လိုက်၊ ဆက်လိုက် ဖြစ်နေကြရတဲ့အကြောင်းရင်းကို တည်တည်ငြိမ်ငြိမ်ဖြစ်နေကြတဲ့ အတွဲနေနဲ့ယှဉ်ပြီး ရှာကြည့်တဲ့အခါမှာတော့ ၎င်းတို့ရဲ့ ပြဿနာက တစ်ဦးအပေါ်တစ်ဦး စိတ်ပိုင်းဆိုင်ရာ စော်ကားတာတွေ၊ ပေးပြီးသားကတိကို တာဝန်မယူတတ်တာတွေနဲ့ နှစ်ယောက်သား ဆက်ဆံပြောဆိုကြတဲ့အချိန်တွေနည်းခြင်းကြောင့်လို့ ဆိုပါတယ်။

ဒီလိုမျိုး အဆင်မပြေတဲ့ဆက်ဆံရေးတွေဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဆီကိုပါ တဖြည်းဖြည်း ဦးဆောင်သွားစေနိုင်တယ်လို့ ဆိုပါတယ်။"ဒီလို ပြတ်လိုက်၊ ဆက်လိုက်အတွဲတွေကို လေ့လာကြည့်မယ်ဆို နှစ်ယောက်မှာ တစ်ယောက်က ပေးပြီးသားကတိကို တည်နိုင်စွမ်းအားနည်းနေတာကြောင့်ဖြစ်တယ်" လို့ ချိန်းဆိုတွေ့ဆုံမှုအကြံပေး ဂျိမ်း ပရီစီ (James Preece) ကဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက "ဆက်ဆံရေးကို ပိုပြီးခိုင်မြဲစေချင်တဲ့၊ တန်ဖိုးထားတဲ့သူက ဆုံးရှူံးမှုတွေမဖြစ်ချင်တဲ့အတွက် ၎င်းလက်တွဲဖော်ရဲ့ အချိုးမပြေခြင်းတွေကို လျစ်လျူရှု၊ သည်းခံနေတတ်ကြတယ်" လို့ Independent ကို ပြောကြားထားပါသေးတယ်။"အတောမသတ်နိုင်တဲ့ ငြင်းခုံခြင်းတွေနဲ့ သစ္စာမဲ့တဲ့လုပ်ရပ်တွေကြောင့် ဆက်ဆံရေးက လုံးဝပြတ်သွားနိုင်ပါတယ်။ ဆိုပေမဲ့ နှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် ဆွဲထားကြတုန်းပါ" လို့ ၎င်းက ဆက်လက်ပြောပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ရဲ့လုပ်ရပ်ကြောင့် သင့်မှာ စိုးရိမ်စိတ်တွေ၊ မလုံခြုံမှုတွေခံစားလာရပြီဆို သင်နဲ့သူ့ရဲ့ကြားက ဆက်ဆံရေးကို လုံးဝအဆုံးသတ်လိုက်ဖို့ အကြံပြုထားပါတယ်။"သင့်ကိုပျော်ရွှင်မှုမပေးနိုင်တဲ့ လူတစ်ယောက်နဲ့အတူအချိန်ဖြုန်းနေတာထက် သင့်ကျန်းမာရေးကပိုအရေးကြီးပါတယ်"

"ဒါဟာ စိတ်ပိုင်းဆိုင်ရာတင်မကဘဲ ရုပ်ပိုင်းဆိုင်ရာကိုပါ နှိပ်စက်ရာရောက်နေပါတယ်။ နှစ်ယောက်အတူမရှိလို့လည်း မရပြန်ဘူး။ အတူရှိနေပြန်တော့လည်း ရင်နာနေရတယ်ဆို ဒီဆက်ဆံရေးက နှစ်ယောက်လုံးအတွက် လုံးဝ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဆက်ဆံရေးပါပဲ"

"ဒါကြောင့်မို့လို့ ပြတ်ပြီးပြန်မတွဲကြခင်မှာ တစ်ဘက်လူကို သေချာမေးပါ။ သင်ဘယ်လိုပုံစံမျိုး သွားချင်တယ်။ ဘယ်လိုဆက်ဆံရေးမျိုး တည်ဆောက်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြထားပါ။ ညှိယူထားပါ။ တောင်းဆိုထားပါ" လို့ အကြံပြုထားပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top