iMyanmarHouse.com - Best Property Website for Myanmar
×


ဇာတ္ပို႔ ဇာတ္ရံတစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ ေဇာ္ေဇာ္ေအာင္ ဟာဆိုရင္ မိမိနဲ႔ ဘဝတူလုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ျဖစ္တဲ့ ဦးမင္းစိန္ကြယ္လြန္သြားတာနဲ႔ ပတ္သက္ၿပီး အရမ္းကို စိတ္မေကာင္းျဖစ္ခဲ့ရတဲ့ သူတစ္ေယာက္ပါ။ တစ္အိမ္လုံးရဲ႕ တာဝန္ကို ဦးစီးဦးေဆာင္လုပ္ၿပီး မရွိဆင္းရဲႏြမ္းပါးတဲ့ ဘဝက လြတ္ေျမာက္ မသြားရရွာဘဲ ကြယ္လြန္ဆုံးပါးသြားခဲ့ရတဲ့ ဦးမင္းစိန္ရဲ႕ က်န္ရွိေနေသးတဲ့ ဇနီးသည္နဲ႔ သမီးေလးအတြက္ တတ္ႏိုင္တဲ့ အလႉေငြေလးေတြနဲ႔ ေထာက္ပံ့ေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။

တတ္ႏိုင္တဲ့ အလႉေငြေလးနဲ႔ သမီးေလးေက်ာင္းစရိတ္အတြက္ အၿမဲလိုလို တတ္ႏိုင္သေဘာက္ ေထာက္ပံ့ေပးျဖစ္တဲ့ ေဇာ္ေဇာ္ေအာင္ကေတာ့ ဇန္နဝါရီလ ၂၇ ရက္ေန႔က က်န္ရွိေနတဲ့ ေငြေတြကို ဦးမင္းစိန္ ဇနီးထံ သြားေရာက္လႉဒါန္း ေပးခဲ့ျပန္တာပဲ ျဖစ္ပါတယ္။ ထိုသို႔ သြားေရာက္လႉဒါန္းျဖစ္တဲ့ ေဇာ္ေဇာ္ေအာင္ကေတာ့ ” ယေန႔ က်န္ရွိေနေသးေသာ အလႉ ေငြေလးသြားေပးေတာ့ ကိုမင္းစိန္ရဲ႕ဇနီး ကအိမ္မွာ မရွိဘူး ေဘးအိမ္က လွမ္းေျပာတယ္ ေရသန႔္ ဗူးေတြ လိုက္ပို႔ ေနတယ္တဲ့ အဲ့တာနဲ႔ ဖုန္းနံပါတ္ေလးေတာင္းၿပီး ဆက္ေျပာလိုက္ေတာ့လာပါၿပီ အစ္ကိုတဲ့ ခနေလးပါတဲ့ ”

” ေနာက္မၾကာပါဘူး သုံးဘီး လွည္းေလးကို သူကိုယ္တိုင္ေမာင္းၿပီး ေရသန႔္ဗူးေတြနဲ႔ ျပန္ေရာက္လာတယ္ အသားေတြလဲ ညိဳ လို႔ ေနေလာင္ေနတဲ့ မ်က္ႏွာငယ္ေလးနဲ႔ ေက်းဇူးတင္ပါတယ္ အစ္ကိုရယ္တဲ့ ေျပာရွာတယ္ ဟူး ကိုမင္းစိန္ ေရေရေတြက ျမင့္ရာကေန နိမ့္ရာကို စီးတာဆို ခုေတာ့ သမီးငယ္ေလးရဲ႕ သူရဲေကာင္းဝတ္စုံ ေလးက တံဆိပ္ေလးလဲပ်က္လို႔ ”


”ခနေနရင္ကိုပဲ ကြယ္ေပ်ာက္သြားရေတာ့မလိုလို ကယ္သူမဲ့ သူရဲေကာင္း တေယာက္လိုလို အရာအားလုံးက ေသေသာသူၾကာရင္ေမ့တဲ့ဗ် က်န္ရစ္သူ မိသားစုသာ ေရ မစီးဆင္းေတာ့တဲ့ ေခ်ာင္း႐ိုးေလးလို ေျခာက္ေသြ႕ လို႔. . ” ဆိုတဲ့ စာသားေလးနဲ႔ က်န္ရစ္သူ ဇနီးသည္လုပ္ကိုင္ေနရတဲ့ အေတြ႕အႀကဳံ အျဖစ္ေလးအတြက္ သူ႔ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာကေန စိတ္မေကာင္းဝမ္းနည္းစြာ ေရးသားေဖာ္ျပေပးထားခဲ့တာပဲ ျဖစ္ပါတယ္။

အႏုပညာအလုပ္ကို လုပ္ကိုင္ခဲ့တဲ့ ဘဝတူျခင္းမို႔ က်န္ရွိေနေသးတဲ့ ဦးမင္းစိန္ရဲ႕ ဇနီးသည္နဲ႔ သမီးေလးအတြက္ အလႉေငြ သြားေရာက္လႉဒါန္းေပးခဲ့ၿပီး ဇနီးသည္ကိုယ္တိုင္ ခင္ပြန္းျဖစ္သူလုပ္ကိုင္ခဲ့တဲ့ ေရသည့္ဗူးလိုက္ပို႔တဲ့ အလုပ္ကို ဆက္လက္လုပ္ကိုင္ေနခဲ့ရတဲ့အတြက္ စိတ္မေကာင္းဝမ္းနည္းစြာနဲ႔ ေရးသားေဖာ္ျပေပးထားခဲ့တဲ့ စာသားေလးကို Share ၿပီး အားေပးသြားၾကဖို႔ မေမ့ပါနဲ႔ဦးေနာ္။ ၾကည့္ရႈအားေပးၾကပါေသာ ခ်စ္ပရိသတ္မ်ားအေပါင္းကို ေက်းဇူးအထူးတင္ရွိပါတယ္။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ဇာတ်ပို့ ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဇော်ဇော်အောင် ဟာဆိုရင် မိမိနဲ့ ဘဝတူလုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ ဦးမင်းစိန်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတဲ့ သူတစ်ယောက်ပါ။ တစ်အိမ်လုံးရဲ့ တာဝန်ကို ဦးစီးဦးဆောင်လုပ်ပြီး မရှိဆင်းရဲနွမ်းပါးတဲ့ ဘဝက လွတ်မြောက် မသွားရရှာဘဲ ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ ဦးမင်းစိန်ရဲ့ ကျန်ရှိနေသေးတဲ့ ဇနီးသည်နဲ့ သမီးလေးအတွက် တတ်နိုင်တဲ့ အလှူငွေလေးတွေနဲ့ ထောက်ပံ့ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

တတ်နိုင်တဲ့ အလှူငွေလေးနဲ့ သမီးလေးကျောင်းစရိတ်အတွက် အမြဲလိုလို တတ်နိုင်သဘောက် ထောက်ပံ့ပေးဖြစ်တဲ့ ဇော်ဇော်အောင်ကတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က ကျန်ရှိနေတဲ့ ငွေတွေကို ဦးမင်းစိန် ဇနီးထံ သွားရောက်လှူဒါန်း ပေးခဲ့ပြန်တာပဲ ဖြစ်ပါတယ်။ ထိုသို့ သွားရောက်လှူဒါန်းဖြစ်တဲ့ ဇော်ဇော်အောင်ကတော့ ” ယနေ့ ကျန်ရှိနေသေးသော အလှူ ငွေလေးသွားပေးတော့ ကိုမင်းစိန်ရဲ့ဇနီး ကအိမ်မှာ မရှိဘူး ဘေးအိမ်က လှမ်းပြောတယ် ရေသန့် ဗူးတွေ လိုက်ပို့ နေတယ်တဲ့ အဲ့တာနဲ့ ဖုန်းနံပါတ်လေးတောင်းပြီး ဆက်ပြောလိုက်တော့လာပါပြီ အစ်ကိုတဲ့ ခနလေးပါတဲ့ ”

” နောက်မကြာပါဘူး သုံးဘီး လှည်းလေးကို သူကိုယ်တိုင်မောင်းပြီး ရေသန့်ဗူးတွေနဲ့ ပြန်ရောက်လာတယ် အသားတွေလဲ ညို လို့ နေလောင်နေတဲ့ မျက်နှာငယ်လေးနဲ့ ကျေးဇူးတင်ပါတယ် အစ်ကိုရယ်တဲ့ ပြောရှာတယ် ဟူး ကိုမင်းစိန် ရေရေတွေက မြင့်ရာကနေ နိမ့်ရာကို စီးတာဆို ခုတော့ သမီးငယ်လေးရဲ့ သူရဲကောင်းဝတ်စုံ လေးက တံဆိပ်လေးလဲပျက်လို့ ”

”ခနနေရင်ကိုပဲ ကွယ်ပျောက်သွားရတော့မလိုလို ကယ်သူမဲ့ သူရဲကောင်း တယောက်လိုလို အရာအားလုံးက သေသောသူကြာရင်မေ့တဲ့ဗျ ကျန်ရစ်သူ မိသားစုသာ ရေ မစီးဆင်းတော့တဲ့ ချောင်းရိုးလေးလို ခြောက်သွေ့ လို့. . ” ဆိုတဲ့ စာသားလေးနဲ့ ကျန်ရစ်သူ ဇနီးသည်လုပ်ကိုင်နေရတဲ့ အတွေ့အကြုံ အဖြစ်လေးအတွက် သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ စိတ်မကောင်းဝမ်းနည်းစွာ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်ကို လုပ်ကိုင်ခဲ့တဲ့ ဘဝတူခြင်းမို့ ကျန်ရှိနေသေးတဲ့ ဦးမင်းစိန်ရဲ့ ဇနီးသည်နဲ့ သမီးလေးအတွက် အလှူငွေ သွားရောက်လှူဒါန်းပေးခဲ့ပြီး ဇနီးသည်ကိုယ်တိုင် ခင်ပွန်းဖြစ်သူလုပ်ကိုင်ခဲ့တဲ့ ရေသည့်ဗူးလိုက်ပို့တဲ့ အလုပ်ကို ဆက်လက်လုပ်ကိုင်နေခဲ့ရတဲ့အတွက် စိတ်မကောင်းဝမ်းနည်းစွာနဲ့ ရေးသားဖော်ပြပေးထားခဲ့တဲ့ စာသားလေးကို Share ပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top