iMyanmarHouse.com - Best Property Website for Myanmar
×



ဘယ္ေလာက္ပဲ စိတ္သေဘာထား ျပည့္၀ျဖဴစင္သူ ျဖစ္ေစကာမူ လူ႔သေဘာ၊ လူ႔မေနာအရ ကိုယ့္ရဲ႕ပတ္၀န္းက်င္မွာရိွတဲ့ လူေတြရဲ႕ အေျခအေန၊ ေအာင္ျမင္မႈေတြနဲ႔ ကိုယ့္ရဲ႕လက္ရိွအေနအထားကို စိတ္ထဲမွာ ယွဥ္ၾကည့္ၿပီး မေက်မနပ္ျဖစ္ရတာ၊ အားမရတာ၊ စိတ္ဓာတ္က်တာမ်ိဳးေတြ ကိုယ့္စိတ္ထဲမွာ ကိုယ့္ဘာသာ ျဖစ္ေနတတ္ပါတယ္။ အထူးသျဖင့္ ကိုယ့္ရဲ႕ပတ္၀န္းက်င္က မိတ္ေဆြ၊ သူငယ္ခ်င္းအေပါင္းအသင္းေတြရဲ႕ သတင္းေတြကို လူမႈကြန္ယက္ေတြေပၚမွာ အခ်ိန္နဲ႔တစ္ေျပးညီ ေတြ႕ျမင္ေနရတဲ့ ေခတ္ကာလမွာ ဒီလိုစိတ္ေတြဟာ လူတိုင္းမွာ အနည္းနဲ႔အမ်ား ျဖစ္ေပၚတတ္ၾကပါတယ္။

တကယ္လို႔ သင္ဟာ ကိုယ့္ကိုယ္ကို သူမ်ားေတြနဲ႔ ႏိႈင္းယွဥ္ေနၿပီး အၿမဲတမ္း စိတ္ဆင္းရဲေနရမယ္၊ ကိုယ့္ကိုယ္ကို အားမရျဖစ္ေနမယ္၊ သိမ္ငယ္သလို ခံစားေနရမယ္ဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါ အႀကံျပဳခ်က္ေလးေတြကို မျဖစ္မေန ဖတ္ဖို႔ လိုအပ္လာပါၿပီ။

ကိုယ့္ကိုယ္ကို ယုံၾကည္မႈ တည္ေဆာက္ပါ။ကိုယ့္ကိုယ္ကို ယုံၾကည္မႈရိွၿပီး ကိုယ္ပိုင္ဆိုင္ထားတဲ့ အရာေတြေပၚမွာ ေက်နပ္မႈရိွေလ၊ တစ္ျခားသူေတြနဲ႔ ကိုယ့္ကိုယ္ကို ႏိႈင္းယွဥ္မႈ နည္းေလ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ကိုယ္ပိုင္ျဖစ္တည္မႈနဲ႔ ကိုယ္ပိုင္အေျခအေနတစ္ခု ရိွေနတယ္ဆိုရင္ အျခားသူေတြရဲ႕ မတူညီတဲ့ ျဖစ္တည္မႈေတြအေပၚ သြားၿပီး ႏိႈင္းယွဥ္တာမ်ိဳးေတြ မလုပ္မိေတာ့ပါဘူး။

 ဥပမာ – ကိုယ့္ရဲ႕ရုပ္ရည္၊ အလုပ္အကိုင္၊ ပညာအရည္အခ်င္းတို႔ကို ကိုယ့္ဘာသာ ေက်နပ္လက္ခံၿပီး ကိုယ့္ဘ၀ေလးနဲ႔ကိုယ္ ေပ်ာ္ေနတယ္ဆိုရင္ အျခားဘယ္သူက ဘာႀကီးပဲျဖစ္ေနပါေစ၊ သူတို႔ရဲ႕အေျခအေနေတြက ကိုယ့္ကိုစိတ္ဆင္းရဲေအာင္ လုပ္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

ရည္မွန္းခ်က္အေသးေလးေတြကေနစတဲ့ အက်င့္ကိုလုပ္ပါ။ဘ၀မွာ ရည္မွန္းခ်က္အႀကီးႀကီးကို target ထားၿပီး ဖ်စ္ညွစ္ႀကိဳးစားတာမ်ိဳးထက္ ဘာၿပီးရင္ ဘာလုပ္မယ္ဆိုတဲ့ ရည္မွန္းခ်က္အေသးေလးေတြနဲ႔ သြားတာက ပိုၿပီးေပါ့ပါးသလို ပိုၿပီးေပ်ာ္ရႊင္ေက်နပ္တဲ့ဘ၀ကို ရရိွႏိုင္ပါတယ္။ ဥပမာ – ငါ မီလ်ံနာႀကီး ျဖစ္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္ႀကီးကို တနင့္တပိုးထားၿပီး ႀကိဳးစားမယ္ဆိုရင္ အခ်ိန္ေတြ၊ ႀကိဳးစားအားထုတ္မႈေတြ၊ အခြင့္အလမ္းေတြ၊ ကံတရားေတြ အမ်ားႀကီး လိုအပ္တာေၾကာင့္ ကိုယ္ထင္သလို ျဖစ္မလာခဲ့ရင္ စိတ္ဓာတ္က်ဖို႔ကလည္း ပိုၿပီး ရာခိုင္ႏႈန္းမ်ားပါတယ္။ 

ဒါေၾကာင့္ ကိုယ့္ဘာသာ တစ္ႏိုင္တစ္ပိုင္ ရည္မွန္းခ်က္ေလးေတြနဲ႔ တစ္ဆင့္ခ်င္းစီသြားမယ္ဆိုရင္ ပိုၿပီးလည္း စိတ္ေက်နပ္စရာေကာင္းသလို ကိုယ့္ရဲ႕အစြမ္းအစကိုလည္း ကိုယ့္ဘာသာ ျမင္လာတဲ့အတြက္ အျခားေအာင္ျမင္ေနတဲ့လူေတြကိုၾကည့္ၿပီး ကိုယ္မေအာင္ျမင္ေသးဘူးဆိုတဲ့ အေတြးနဲ႔ စိတ္ပင္ပန္းတာေတြ မျဖစ္ႏိုင္ေတာ့ပါဘူး။

ကိုယ့္ေအာင္ျမင္မႈကို အသိအမွတ္ျပဳပါ။ဘ၀ႀကီးမွာ ေနေပ်ာ္ဖို႔အတြက္ အေရးႀကီးဆုံးအခ်က္တစ္ခုကေတာ့ ကိုယ့္ကိုယ္ကို ေလာဘမႀကီးမိဖို႔ပါပဲ။ အျမင့္ဆုံးေနရာကို ေရာက္ေနတဲ့လူေတြကို ၾကည့္ၿပီး အဲ့ဒီ့ေနရာကို မေရာက္မခ်င္း၊ ငါဟာ အသုံးမက်ေသးတဲ့ လူတစ္ေယာက္ပဲဆိုတဲ့ အေတြးမ်ိဳးနဲ႔ ကိုယ့္ကိုယ္ကို နာမ္ႏွိမ္ေနမယ္ဆိုရင္ေတာ့ ေသခ်ာေပါက္ စိတ္ပင္ပန္းရပါလိမ့္မယ္။

 အဲ့လိုမဟုတ္ဘဲ ကိုယ္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ အရည္အခ်င္းေတြကို ေသေသခ်ာခ်ာ သိျမင္ၿပီး ေအာင္ျမင္မႈတစ္ခုစီတိုင္းကို ကိုယ္တိုင္အသိအမွတ္ျပဳမယ္၊ ကိုယ့္ကိုယ္ကို ဆုခ်မယ္ဆိုရင္ေတာ့ စိတ္ခ်မ္းသာတဲ့အျပင္ ေအာင္ျမင္တဲ့ဘ၀ကို တစ္ခ်ိန္မွာ ပိုင္ဆိုင္ႏိုင္ပါလိိမ့္မယ္။

ကိုယ္ဟာ ဘယ္လိုလူဆိုတာ ကိုယ့္ဘာသာ သိျမင္မႈရိွပါ။အဖက္အဖက္မွာ ေအာင္ျမင္ေနတဲ့ လူေတြကို ၾကည့္ၿပီး အားက်တတ္ၾကတာဟာ လူ႔သဘာ၀ပါ။ ဒါေပမယ့္ သူမ်ားျဖစ္ခ်င္တိုင္း ကိုယ္လည္းလိုက္ျဖစ္ခ်င္တဲ့ စိတ္ကိုေတာ့ ကိုယ့္ဘာသာ အသိစိတ္နဲ႔ ထိန္းေက်ာင္းျပဳျပင္ရပါလိမ့္မယ္။

 ကိုယ္တကယ္ မရူးသြပ္တဲ့ အလုပ္အကိုင္မ်ိဳးကို ကိုယ့္ရဲ႕ပတ္၀န္းက်င္က တစ္ေယာက္ေယာက္က လုပ္ကိုင္ၿပီး ေအာင္ျမင္ေနတာကို ျမင္ရုံနဲ႔ ကိုယ္လည္းလိုက္လုပ္မယ္လို႔ မစဥ္းစားလိုက္ပါနဲ႔။ လူတိုင္းမွာ ကိုယ္ပိုင္ရူးသြပ္တဲ့ ၀ါသနာ၊ အရည္အခ်င္းေတြ ရိွၾကပါတယ္။ ကိုယ့္ရဲ႕ကိုယ္ပိုင္အရည္အခ်င္းနဲ႔ ကိုယ္ရူးသြပ္တဲ့အရာကို ရွာေဖြၿပီး တစိုက္မတ္မတ္ လုပ္ကိုင္တာကသာ ကိုယ့္ဘ၀အတြက္ အမွန္တကယ္ စစ္မွန္တဲ့ ေအာင္ျမင္မႈကို ရရိွႏိုင္ပါလိမ့္မယ္။

ေအာင္ျမင္မႈဆိုတာ လူေပၚလိုက္ၿပီး ကြဲျပားပါတယ္။ဟုတ္ပါတယ္။ ေအာင္ျမင္မႈဆိုတာဟာ လူတစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ရင္ထဲ၊အသည္းထဲက အမွန္တကယ္ လိုခ်င္တဲ့ အာသီသကို ရယူႏိုင္ျခင္းလို႔ပဲ စာေရးသူကေတာ့ အဓိပၸာယ္ဖြင့္ဆိုခ်င္ပါတယ္။ ျမင္သာေအာင္ ေျပာရမယ္ဆိုရင္ ေမာင္ေမာင္က ခ်မ္းသာခ်င္တယ္။ ေက်ာ္ၾကားခ်င္တယ္။ ဒါေၾကာင့္ သူ႔ဘ၀မွာ ဒီလိုေငြေၾကးခ်မး္သာၿပီး လူႀကိဳက္မ်ားေက်ာ္ၾကားတာဟာ သူ႔ရဲ႕ေအာင္ျ္မင္မႈ ျဖစ္ပါလိိမ့္မယ္။ ေမာင္ေမာင္နဲ႔မတူတဲ့ ေအးေအးတစ္ေယာက္ကေတာ့ ေအးေအးခ်မ္းခ်မး္ေလး ေနခ်င္တယ္။ ပရဟိတေတြ လုပ္ခ်င္တယ္။ ဒါဆိုရင္ ေအးေအးကလည္း သူ႔ဘ၀ရဲ႕အာသီသကို ရယူႏိုင္တဲ့တစ္ေန႔ဟာ သူေအာင္ျမင္တဲ့ေန႔ပါပဲ။

 ဒါေၾကာင့္ ေအာင္ျမင္မႈဆိုတာ လူ႔အသိုင္းအ၀ိုင္းက ေယဘူယ်သတ္မွတ္ထားတဲ့ သတ္မွတ္ခ်က္ေတြလို႔ မေအာက္ေမ့ဘဲနဲ႔ ကိုယ္ပိုင္ဘ၀၊ ကိုယ္ပိုင္ဆႏၵနဲ႔ လိုခ်င္တဲ့အရာကို ရေအာင္ယူႏိုင္ျခင္းကသာ ေအာင္ျမင္မႈျဖစ္တယ္ဆိုတာေလးကို သတိထားမိမယ္ဆိုရင္ အျခားသူေတြရဲ႕ဘ၀နဲ႔ အျခားသူေတြရဲ႕ ေအာင္ျမင္မႈေတြအေပၚ အားက်ၿပီး စိတ္ပင္ပန္းတာေတြ၊ ကိုယ့္ကိုယ္ကို အားမရ၊သိမ္ငယ္တာမ်ိဳးေတြ ခံစားရမွာ မဟုတ္ေတာ့ပါဘူး။

အားလုံးပဲ ကိုယ္ပိုင္ဆိုင္ထားတဲ့ ဘ၀ေလးနဲ႔ သာယာေပ်ာ္ရႊင္ ေက်နပ္ႏိုင္ၾကပါေစ။

Credit:အလင္းဦး

# Unicode Version ျဖင့္ ဖတ္ပါ #

ဘယ်လောက်ပဲ စိတ်သဘောထား ပြည့်ဝဖြူစင်သူ ဖြစ်စေကာမူ လူ့သဘော၊ လူ့မနောအရ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ အခြေအနေ၊ အောင်မြင်မှုတွေနဲ့ ကိုယ့်ရဲ့လက်ရှိအနေအထားကို စိတ်ထဲမှာ ယှဉ်ကြည့်ပြီး မကျေမနပ်ဖြစ်ရတာ၊ အားမရတာ၊ စိတ်ဓာတ်ကျတာမျိုးတွေ ကိုယ့်စိတ်ထဲမှာ ကိုယ့်ဘာသာ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ပတ်ဝန်းကျင်က မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ သတင်းတွေကို လူမှုကွန်ယက်တွေပေါ်မှာ အချိန်နဲ့တစ်ပြေးညီ တွေ့မြင်နေရတဲ့ ခေတ်ကာလမှာ ဒီလိုစိတ်တွေဟာ လူတိုင်းမှာ အနည်းနဲ့အများ ဖြစ်ပေါ်တတ်ကြပါတယ်။

တကယ်လို့ သင်ဟာ ကိုယ့်ကိုယ်ကို သူများတွေနဲ့ နှိုင်းယှဉ်နေပြီး အမြဲတမ်း စိတ်ဆင်းရဲနေရမယ်၊ ကိုယ့်ကိုယ်ကို အားမရဖြစ်နေမယ်၊ သိမ်ငယ်သလို ခံစားနေရမယ်ဆိုရင်တော့ အောက်ဖော်ပြပါ အကြံပြုချက်လေးတွေကို မဖြစ်မနေ ဖတ်ဖို့ လိုအပ်လာပါပြီ။

ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ပါ။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေပေါ်မှာ ကျေနပ်မှုရှိလေ၊ တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်မှု နည်းလေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ ကိုယ်ပိုင်အခြေအနေတစ်ခု ရှိနေတယ်ဆိုရင် အခြားသူတွေရဲ့ မတူညီတဲ့ ဖြစ်တည်မှုတွေအပေါ် သွားပြီး နှိုင်းယှဉ်တာမျိုးတွေ မလုပ်မိတော့ပါဘူး။

 ဥပမာ – ကိုယ့်ရဲ့ရုပ်ရည်၊ အလုပ်အကိုင်၊ ပညာအရည်အချင်းတို့ကို ကိုယ့်ဘာသာ ကျေနပ်လက်ခံပြီး ကိုယ့်ဘဝလေးနဲ့ကိုယ် ပျော်နေတယ်ဆိုရင် အခြားဘယ်သူက ဘာကြီးပဲဖြစ်နေပါစေ၊ သူတို့ရဲ့အခြေအနေတွေက ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

ရည်မှန်းချက်အသေးလေးတွေကနေစတဲ့ အကျင့်ကိုလုပ်ပါ။ဘဝမှာ ရည်မှန်းချက်အကြီးကြီးကို target ထားပြီး ဖျစ်ညှစ်ကြိုးစားတာမျိုးထက် ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်အသေးလေးတွေနဲ့ သွားတာက ပိုပြီးပေါ့ပါးသလို ပိုပြီးပျော်ရွှင်ကျေနပ်တဲ့ဘဝကို ရရှိနိုင်ပါတယ်။ ဥပမာ – ငါ မီလျံနာကြီး ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးကို တနင့်တပိုးထားပြီး ကြိုးစားမယ်ဆိုရင် အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေ၊ အခွင့်အလမ်းတွေ၊ ကံတရားတွေ အများကြီး လိုအပ်တာကြောင့် ကိုယ်ထင်သလို ဖြစ်မလာခဲ့ရင် စိတ်ဓာတ်ကျဖို့ကလည်း ပိုပြီး ရာခိုင်နှုန်းများပါတယ်။ 

ဒါကြောင့် ကိုယ့်ဘာသာ တစ်နိုင်တစ်ပိုင် ရည်မှန်းချက်လေးတွေနဲ့ တစ်ဆင့်ချင်းစီသွားမယ်ဆိုရင် ပိုပြီးလည်း စိတ်ကျေနပ်စရာကောင်းသလို ကိုယ့်ရဲ့အစွမ်းအစကိုလည်း ကိုယ့်ဘာသာ မြင်လာတဲ့အတွက် အခြားအောင်မြင်နေတဲ့လူတွေကိုကြည့်ပြီး ကိုယ်မအောင်မြင်သေးဘူးဆိုတဲ့ အတွေးနဲ့ စိတ်ပင်ပန်းတာတွေ မဖြစ်နိုင်တော့ပါဘူး။

ကိုယ့်အောင်မြင်မှုကို အသိအမှတ်ပြုပါ။ဘဝကြီးမှာ နေပျော်ဖို့အတွက် အရေးကြီးဆုံးအချက်တစ်ခုကတော့ ကိုယ့်ကိုယ်ကို လောဘမကြီးမိဖို့ပါပဲ။ အမြင့်ဆုံးနေရာကို ရောက်နေတဲ့လူတွေကို ကြည့်ပြီး အဲ့ဒီ့နေရာကို မရောက်မချင်း၊ ငါဟာ အသုံးမကျသေးတဲ့ လူတစ်ယောက်ပဲဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကို နာမ်နှိမ်နေမယ်ဆိုရင်တော့ သေချာပေါက် စိတ်ပင်ပန်းရပါလိမ့်မယ်။

 အဲ့လိုမဟုတ်ဘဲ ကိုယ်ရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အချင်းတွေကို သေသေချာချာ သိမြင်ပြီး အောင်မြင်မှုတစ်ခုစီတိုင်းကို ကိုယ်တိုင်အသိအမှတ်ပြုမယ်၊ ကိုယ့်ကိုယ်ကို ဆုချမယ်ဆိုရင်တော့ စိတ်ချမ်းသာတဲ့အပြင် အောင်မြင်တဲ့ဘဝကို တစ်ချိန်မှာ ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ကိုယ်ဟာ ဘယ်လိုလူဆိုတာ ကိုယ့်ဘာသာ သိမြင်မှုရှိပါ။အဖက်အဖက်မှာ အောင်မြင်နေတဲ့ လူတွေကို ကြည့်ပြီး အားကျတတ်ကြတာဟာ လူ့သဘာဝပါ။ ဒါပေမယ့် သူများဖြစ်ချင်တိုင်း ကိုယ်လည်းလိုက်ဖြစ်ချင်တဲ့ စိတ်ကိုတော့ ကိုယ့်ဘာသာ အသိစိတ်နဲ့ ထိန်းကျောင်းပြုပြင်ရပါလိမ့်မယ်။

 ကိုယ်တကယ် မရူးသွပ်တဲ့ အလုပ်အကိုင်မျိုးကို ကိုယ့်ရဲ့ပတ်ဝန်းကျင်က တစ်ယောက်ယောက်က လုပ်ကိုင်ပြီး အောင်မြင်နေတာကို မြင်ရုံနဲ့ ကိုယ်လည်းလိုက်လုပ်မယ်လို့ မစဉ်းစားလိုက်ပါနဲ့။ လူတိုင်းမှာ ကိုယ်ပိုင်ရူးသွပ်တဲ့ ဝါသနာ၊ အရည်အချင်းတွေ ရှိကြပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ရူးသွပ်တဲ့အရာကို ရှာဖွေပြီး တစိုက်မတ်မတ် လုပ်ကိုင်တာကသာ ကိုယ့်ဘဝအတွက် အမှန်တကယ် စစ်မှန်တဲ့ အောင်မြင်မှုကို ရရှိနိုင်ပါလိမ့်မယ်။

အောင်မြင်မှုဆိုတာ လူပေါ်လိုက်ပြီး ကွဲပြားပါတယ်။ဟုတ်ပါတယ်။ အောင်မြင်မှုဆိုတာဟာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ရင်ထဲ၊အသည်းထဲက အမှန်တကယ် လိုချင်တဲ့ အာသီသကို ရယူနိုင်ခြင်းလို့ပဲ စာရေးသူကတော့ အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်။ မြင်သာအောင် ပြောရမယ်ဆိုရင် မောင်မောင်က ချမ်းသာချင်တယ်။ ကျော်ကြားချင်တယ်။ ဒါကြောင့် သူ့ဘဝမှာ ဒီလိုငွေကြေးချမ်းသာပြီး လူကြိုက်များကျော်ကြားတာဟာ သူ့ရဲ့အောင်ြ်မင်မှု ဖြစ်ပါလိမ့်မယ်။ မောင်မောင်နဲ့မတူတဲ့ အေးအေးတစ်ယောက်ကတော့ အေးအေးချမ်းချမ်းလေး နေချင်တယ်။ ပရဟိတတွေ လုပ်ချင်တယ်။ ဒါဆိုရင် အေးအေးကလည်း သူ့ဘဝရဲ့အာသီသကို ရယူနိုင်တဲ့တစ်နေ့ဟာ သူအောင်မြင်တဲ့နေ့ပါပဲ။

 ဒါကြောင့် အောင်မြင်မှုဆိုတာ လူ့အသိုင်းအဝိုင်းက ယေဘူယျသတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေလို့ မအောက်မေ့ဘဲနဲ့ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ဆန္ဒနဲ့ လိုချင်တဲ့အရာကို ရအောင်ယူနိုင်ခြင်းကသာ အောင်မြင်မှုဖြစ်တယ်ဆိုတာလေးကို သတိထားမိမယ်ဆိုရင် အခြားသူတွေရဲ့ဘဝနဲ့ အခြားသူတွေရဲ့ အောင်မြင်မှုတွေအပေါ် အားကျပြီး စိတ်ပင်ပန်းတာတွေ၊ ကိုယ့်ကိုယ်ကို အားမရ၊သိမ်ငယ်တာမျိုးတွေ ခံစားရမှာ မဟုတ်တော့ပါဘူး။

အားလုံးပဲ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးနဲ့ သာယာပျော်ရွှင် ကျေနပ်နိုင်ကြပါစေ။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top