iMyanmarHouse.com - Best Property Website for Myanmar
×


အဆိုေတာ္ ေလဒီဂါဂါဟာ အေမရိကန္ျပည္ေထာင္စုမွာ ဇန္နဝါရီလ ၆ ရက္ေန႔က က်င္းပခဲ့တဲ့ (၇၆) ႀကိမ္ေျမာက္ ေ႐ႊကမာၻလုံးဆုေပးပြဲကို ေဒၚလာ ၅ သန္းတန္ စိန္လည္ဆြဲ ဝတ္ၿပီး တက္ေရာက္လာခဲ့တာကို ျမင္ေတြ႕ရပါတယ္။အဲဒီ ဆုေပးပြဲမွာ “A Star Is Born” ႐ုပ္ရွင္နဲ႔ ဆန္ခါတင္စာရင္း ဝင္ထားတဲ့ ေလဒီဂါဂါရဲ႕ စိန္လည္ဆြဲကို Tiffany & Co ကုမၸဏီကေန ဖန္တီးေပးထားတာျဖစ္ပါတယ္။

(၇၆) ႀကိမ္ေျမာက္အျဖစ္ က်င္းပခဲ့တဲ့ ေ႐ႊကမာၻလုံးဆုေပးပြဲကို ေလဒီဂါဂါဟာ သူ႔ရဲ႕ဆံပင္အေရာင္နဲ႔ လိုက္ဖက္ညီတဲ့ အျပာေဖ်ာ့ Valentino ဂါဝန္ရွည္ႀကီးကို ဝတ္ဆင္လာခဲ့တာေၾကာင့္ ဆုေပးပြဲကို တက္ေရာက္လာသူေတြနဲ႔ ၾကည့္ရႈေနၾကတဲ့ ပရိသတ္ေတြၾကား ေတာ္ေတာ္ေလးကို လူေျပာမ်ားသြားခဲ့တာပါ။ သူဟာ “A Star Is Born” ႐ုပ္ရွင္နဲ႔ အေကာင္းဆုံး မင္းသမီးဆုနဲ႔ အေကာင္းဆုံး ဇာတ္ဝင္ေတးဆုတို႔အတြက္ လ်ာထားခံခဲ့ရတာျဖစ္ပါတယ္။

သူဝတ္လာခဲ့တဲ့ အဲဒီ Aurora စိန္လည္ဆြဲဟာ စိန္အပြင့္ေပါင္း ၃၀၀ ေလာက္နဲ႔ အလယ္မွာလည္း ၂၀ ကာရက္ရွိတဲ့ သစ္ေတာ္သီးပုံစံ စိန္ပြင့္ႀကီးနဲ႔ ဖန္တီးထားပါတယ္။ ဒါ့အျပင္ ေဒၚလာ ၁၁၅၀၀၀ တန္ေၾကးရွိတဲ့ စိန္နဲ႔ ပလက္တီနမ္စီျခယ္ နားကပ္ေတြကို ဝတ္ဆင္ထားတာကိုလည္း ျမင္ေတြ႕ရတယ္။

အခုလိုမ်ိဳး ဆုေပးပြဲရာသီမွာ မင္းသမီးဂါဂါရဲ႕စတိုင္ပညာရွင္ေတြျဖစ္တဲ့ Tom Eerebout နဲ႔ Sandra Amador တို႔ကေတာ့ လင္းလက္ေတာက္ပတဲ့ အလွကို ဖန္တီးေပးခ်င္ခဲ့တာလို႔ ဆိုပါတယ္။

Eerebout က “ ဒီေန႔ေ႐ႊကမာၻလုံးဆုေပးပြဲမွာ ေလဒီဂါဂါအတြက္ အထူးဖန္တီးေပးထားတဲ့ Tiffany Aurora လည္ဆြဲေၾကာင့္ သူ႔ရဲ႕ ဝတ္စုံအလွရဲ႕ၿပီးျပည့္စုံမႈကို ပုံေဖာ္ထားသလိုပါပဲ။ ဒီလိုမ်ိဳးအထူးအခ်ိန္ အခိုက္အတန႔္လည္းျဖစ္ၿပီး သူ႔အတြက္ ဒီႏွစ္အတြက္ ပထမဆုံးဆုေပးပြဲႀကီးမွာ က်ေနာ္တို႔ဟာ ဝတ္စုံနဲ႔လက္ဝတ္ရတနာေတြ တြဲဖက္ညီေနေစခ်င္တာပါ” လို႔ The Hollywood Reporter မီဒီယာကိုေျပာဆိုခဲ့ပါတယ္။

Credit: Irrawaddy

#Unicode Version#

အဆိုတော် လေဒီဂါဂါဟာ အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ (၇၆) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဒေါ်လာ ၅ သန်းတန် စိန်လည်ဆွဲ ဝတ်ပြီး တက်ရောက်လာခဲ့တာကို မြင်တွေ့ရပါတယ်။အဲဒီ ဆုပေးပွဲမှာ “A Star Is Born” ရုပ်ရှင်နဲ့ ဆန်ခါတင်စာရင်း ဝင်ထားတဲ့ လေဒီဂါဂါရဲ့ စိန်လည်ဆွဲကို Tiffany & Co ကုမ္ပဏီကနေ ဖန်တီးပေးထားတာဖြစ်ပါတယ်။

(၇၆) ကြိမ်မြောက်အဖြစ် ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို လေဒီဂါဂါဟာ သူ့ရဲ့ဆံပင်အရောင်နဲ့ လိုက်ဖက်ညီတဲ့ အပြာဖျော့ Valentino ဂါဝန်ရှည်ကြီးကို ဝတ်ဆင်လာခဲ့တာကြောင့် ဆုပေးပွဲကို တက်ရောက်လာသူတွေနဲ့ ကြည့်ရှုနေကြတဲ့ ပရိသတ်တွေကြား တော်တော်လေးကို လူပြောများသွားခဲ့တာပါ။ သူဟာ “A Star Is Born” ရုပ်ရှင်နဲ့ အကောင်းဆုံး မင်းသမီးဆုနဲ့ အကောင်းဆုံး ဇာတ်ဝင်တေးဆုတို့အတွက် လျာထားခံခဲ့ရတာဖြစ်ပါတယ်။

သူဝတ်လာခဲ့တဲ့ အဲဒီ Aurora စိန်လည်ဆွဲဟာ စိန်အပွင့်ပေါင်း ၃၀၀ လောက်နဲ့ အလယ်မှာလည်း ၂၀ ကာရက်ရှိတဲ့ သစ်တော်သီးပုံစံ စိန်ပွင့်ကြီးနဲ့ ဖန်တီးထားပါတယ်။ ဒါ့အပြင် ဒေါ်လာ ၁၁၅၀၀၀ တန်ကြေးရှိတဲ့ စိန်နဲ့ ပလက်တီနမ်စီခြယ် နားကပ်တွေကို ဝတ်ဆင်ထားတာကိုလည်း မြင်တွေ့ရတယ်။

အခုလိုမျိုး ဆုပေးပွဲရာသီမှာ မင်းသမီးဂါဂါရဲ့စတိုင်ပညာရှင်တွေဖြစ်တဲ့ Tom Eerebout နဲ့ Sandra Amador တို့ကတော့ လင်းလက်တောက်ပတဲ့ အလှကို ဖန်တီးပေးချင်ခဲ့တာလို့ ဆိုပါတယ်။

Eerebout က “ ဒီနေ့ရွှေကမ္ဘာလုံးဆုပေးပွဲမှာ လေဒီဂါဂါအတွက် အထူးဖန်တီးပေးထားတဲ့ Tiffany Aurora လည်ဆွဲကြောင့် သူ့ရဲ့ ဝတ်စုံအလှရဲ့ပြီးပြည့်စုံမှုကို ပုံဖော်ထားသလိုပါပဲ။ ဒီလိုမျိုးအထူးအချိန် အခိုက်အတန့်လည်းဖြစ်ပြီး သူ့အတွက် ဒီနှစ်အတွက် ပထမဆုံးဆုပေးပွဲကြီးမှာ ကျနော်တို့ဟာ ဝတ်စုံနဲ့လက်ဝတ်ရတနာတွေ တွဲဖက်ညီနေစေချင်တာပါ” လို့ The Hollywood Reporter မီဒီယာကိုပြောဆိုခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top