iMyanmarHouse.com - Best Property Website for Myanmar
×


ရုပ္ရည္က အေရးႀကီးသလားလုိ႔ ခ်စ္သူရွာခ်င္တဲ့အမ်ိဳးသားေတြက ေမးေလ့ရွိပါတယ္။ တစ္ခြန္းတည္းေျပာရရင္ေတာ့ အေရးမႀကီးပါဘူး။သိပ္လွတဲ့ေကာင္မေလးတစ္ေယာက္က သူ႔ထက္အရပ္ပုတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔တြဲသြားတာကို စာဖတ္သူ ဘယ္ႏွႀကိမ္ေလာက္ ျမင္ဖူးသလဲ။ ေတြ႕ေလ့ေတြ႕ထရွိတဲ့ ျမင္ကြငး္မ်ိဳးမဟုတ္ဘူးလား။

သည္လုိေျပာလုိ႔ ရုပ္ရည္ရူပကာက လံုး၀အေရးမႀကီးဘူးလို႔ မဆုိလုိပါဘူး။ ရုပ္ရည္ေခ်ာေမာလုိ႔ အမ်ိဳးသမီးေတြရဲ႕ စိတ္၀င္စားမႈကို နည္းနည္းေလာက္ တုိးျမွင့္ေပးႏိုင္တယ္။ သည္ေလာက္ပါပဲ။ရုပ္မေခ်ာလုိ႔ မိန္းကေလးေတြစိတ္မ၀င္စားဘူးလို႔ မထင္လုိက္ပါနဲ႔။ ရုပ္ရည္ဟာ အမ်ိဳးသမီးေတြကိုဆြဲေဆာင္ဖုိ႔ အဓိကမက်ရတဲ့အေၾကာင္းရင္းေတြ ရွိပါတယ္။ အဲဒါေတြကေတာ့

၁. အမ်ိဳးသမီးေတြဟာ အဆင့္အတန္းေတြကို ပိုစိတ္၀င္စားတယ္။

အဆင့္အတန္းဆုိလုိ႔ အပ်ံစားကားႀကီး စီးႏိုင္တာ၊ နာမည္ႀကီးတာေတြကို ဆုိလုိတာမဟုတ္ပါဘူး။ အဆင့္အတန္းဆုိတာ လူမႈအသိုင္းအ၀ုိင္းမွာ အဆင့္အတန္းျမင့္မႈကို ဆိုလုိတာပါ။ လူမႈေရးအဆင့္ျမင့္တဲ့အမ်ိဳးသားေတြကုိ အမ်ိဳးသမီးေတြက အလုိလုိစိတ္၀င္စားၾကပါတယ္။ လူမႈဆက္ဆံေရးအေကာင္းဆံုး၊ စြမ္းေဆာင္ရည္အရွိဆံုးသူေတြဟာ အမ်ိဳးသမီးေတြ စိတ္အ၀င္စားဆံုးသူေတြပါပဲ။

၂. အမ်ိဳးသားေတြဟာ သူတုိ႔ဆြဲေဆာင္ႏိုင္စြမ္းကို ျမွင့္တင္ႏိုင္ပါတယ္။

အမ်ိဳးသမီးေတြက ေခါင္းေဆာင္ႏိုင္စြမ္းရွိတဲ့သူ၊ ကိုယ့္ကိုယ္ကို ယံုၾကည္တဲ့သူ၊ ဟာသဥာဏ္ရွိတဲ့သူေတြကို အဓိကစိတ္၀င္စားပါတယ္။ သည္ေတာ့ ကိုယ့္မွာရွိတဲ့ အဲသည္အရည္အခ်င္းေတြကုိျမွင့္တင္ၿပီး စိတ္၀င္စားမႈကို ရယူႏိုင္ပါတယ္။

၃. ရုပ္ရည္က မတည္ျမဲဘူး။

ရုပ္ရည္ရူုပကာက အၿမဲေျပာင္းလဲေနပါတယ္။ ဆံပင္ပံုစံ၊ အ၀တ္အစားေျပာင္းရံုနဲ႔ ရုပ္ေျပာင္းသြားတတ္ပါတယ္။ အလွအပအေၾကာင္း ပင္ကိုဗီဇစိတ္နဲ႔ နားလည္ထားတဲ့အမ်ိဳးသမီးေတြဟာ အမ်ိဳးသားတစ္ေယာက္နဲ႔ စေတြ႕ေတြ႕ခ်င္းမွာ သူ႕ရုပ္ရည္ကို အာရံုသိပ္မျပဳၾကပါဘူး။ အမ်ိဳးသားရဲဲ႕ေျပာဟန္ဆုိဟန္၊ ၾသဇာတိကၠမနဲ႔ မိမိကုိယ္ကိုယံုၾကည္စိတ္ေတြကို အမ်ိဳးသမီးတစ္ေယာက္ေတြ႕ထားၿပီဆုိရင္ သူ႕ရုပ္ရည္ကို သူ႕အရည္အခ်င္းေတြက ဖံုးလႊမ္းသြားမွာပါ။

သည္ေတာ့ ကိုယ့္ကိုယ္ကုိ ရုပ္ေခ်ာေအာင္ ျပင္ဆင္တာထက္ ကိုယ္ရည္ကုိယ္ေသြးကို အဓိကထားျမွင့္တင္ဖုိ႔ ႀကိဳးစားရမွာပါ။ ကိုယ္ရည္ကိုယ္ေသြးသာျမင့္မားရင္ က်န္တာေတြ အလုိလုိပါလာမွာပါ။ က်န္တာေတြ ဆိုတဲ့အထဲမွာ အမ်ိဳးသမီးေတြလည္း ပါတာေပါ့။
သူငယ္ခ်င္းအားလံုး ေအာင္ျမင္တဲ့ဘ၀ကို ေပ်ာ္ရႊင္စြာေလွ်ာက္လွမ္းႏိုင္ပါေစ။

Credit: The Idealist

# Unicode Version ျဖင့္ ဖတ္ပါ #

ရုပ်ရည်က အရေးကြီးသလားလို့ ချစ်သူရှာချင်တဲ့အမျိုးသားတွေက မေးလေ့ရှိပါတယ်။ တစ်ခွန်းတည်းပြောရရင်တော့ အရေးမကြီးပါဘူး။သိပ်လှတဲ့ကောင်မလေးတစ်ယောက်က သူ့ထက်အရပ်ပုတဲ့ အမျိုးသားတစ်ယောက်နဲ့တွဲသွားတာကို စာဖတ်သူ ဘယ်နှကြိမ်လောက် မြင်ဖူးသလဲ။ တွေ့လေ့တွေ့ထရှိတဲ့ မြင်ကွင်းမျိုးမဟုတ်ဘူးလား။

သည်လိုပြောလို့ ရုပ်ရည်ရူပကာက လုံးဝအရေးမကြီးဘူးလို့ မဆိုလိုပါဘူး။ ရုပ်ရည်ချောမောလို့ အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကို နည်းနည်းလောက် တိုးမြှင့်ပေးနိုင်တယ်။ သည်လောက်ပါပဲ။ရုပ်မချောလို့ မိန်းကလေးတွေစိတ်မဝင်စားဘူးလို့ မထင်လိုက်ပါနဲ့။ ရုပ်ရည်ဟာ အမျိုးသမီးတွေကိုဆွဲဆောင်ဖို့ အဓိကမကျရတဲ့အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒါတွေကတော့

၁. အမျိုးသမီးတွေဟာ အဆင့်အတန်းတွေကို ပိုစိတ်ဝင်စားတယ်။

အဆင့်အတန်းဆိုလို့ အပျံစားကားကြီး စီးနိုင်တာ၊ နာမည်ကြီးတာတွေကို ဆိုလိုတာမဟုတ်ပါဘူး။ အဆင့်အတန်းဆိုတာ လူမှုအသိုင်းအဝိုင်းမှာ အဆင့်အတန်းမြင့်မှုကို ဆိုလိုတာပါ။ လူမှုရေးအဆင့်မြင့်တဲ့အမျိုးသားတွေကို အမျိုးသမီးတွေက အလိုလိုစိတ်ဝင်စားကြပါတယ်။ လူမှုဆက်ဆံရေးအကောင်းဆုံး၊ စွမ်းဆောင်ရည်အရှိဆုံးသူတွေဟာ အမျိုးသမီးတွေ စိတ်အဝင်စားဆုံးသူတွေပါပဲ။

၂. အမျိုးသားတွေဟာ သူတို့ဆွဲဆောင်နိုင်စွမ်းကို မြှင့်တင်နိုင်ပါတယ်။

အမျိုးသမီးတွေက ခေါင်းဆောင်နိုင်စွမ်းရှိတဲ့သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူ၊ ဟာသဉာဏ်ရှိတဲ့သူတွေကို အဓိကစိတ်ဝင်စားပါတယ်။ သည်တော့ ကိုယ့်မှာရှိတဲ့ အဲသည်အရည်အချင်းတွေကိုမြှင့်တင်ပြီး စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ်။

၃. ရုပ်ရည်က မတည်မြဲဘူး။

ရုပ်ရည်ရူုပကာက အမြဲပြောင်းလဲနေပါတယ်။ ဆံပင်ပုံစံ၊ အဝတ်အစားပြောင်းရုံနဲ့ ရုပ်ပြောင်းသွားတတ်ပါတယ်။ အလှအပအကြောင်း ပင်ကိုဗီဇစိတ်နဲ့ နားလည်ထားတဲ့အမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက်နဲ့ စတွေ့တွေ့ချင်းမှာ သူ့ရုပ်ရည်ကို အာရုံသိပ်မပြုကြပါဘူး။ အမျိုးသားရဲ့ပြောဟန်ဆိုဟန်၊ သြဇာတိက္ကမနဲ့ မိမိကိုယ်ကိုယုံကြည်စိတ်တွေကို အမျိုးသမီးတစ်ယောက်တွေ့ထားပြီဆိုရင် သူ့ရုပ်ရည်ကို သူ့အရည်အချင်းတွေက ဖုံးလွှမ်းသွားမှာပါ။
သည်တော့ ကိုယ့်ကိုယ်ကို ရုပ်ချောအောင် ပြင်ဆင်တာထက် ကိုယ်ရည်ကိုယ်သွေးကို အဓိကထားမြှင့်တင်ဖို့ ကြိုးစားရမှာပါ။ ကိုယ်ရည်ကိုယ်သွေးသာမြင့်မားရင် ကျန်တာတွေ အလိုလိုပါလာမှာပါ။ ကျန်တာတွေ ဆိုတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါတာပေါ့။
သူငယ်ချင်းအားလုံး အောင်မြင်တဲ့ဘဝကို ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top