iMyanmarHouse.com - Best Property Website for Myanmar
×


စႏၵီျမင့္လြင္ တို႔ ဇနီးေမာင္ႏွံဟာ ႏွစ္သစ္ကူး အလႉအတန္းေတြ လုပ္ရင္း ၾကည္ႏူးပီတိျဖစ္ေနတာကို ေတြ႕ရပါတယ္. လက္ရွိမွာလည္း စႏၵီျမင့္လြင္က ပထမဆုံး ရင္ေသြးေလးကို လြယ္ထားရၿပီလို႔ ဆိုပါတယ္.

ကိုသီဟလြင္နဲ႔ အဆိုေတာ္ စႏၵီျမင့္လြင္ တို႔ ဇနီးေမာင္ႏွံက ႏွစ္သစ္ကူး အလႉကို ဇန္နဝါရီလ ၆ ရက္ေန႔ က ေ႐ႊၿမိဳင္သီရိ သီလရွင္ စာသင္တိုက္မွာ က်င္းပျပဳလုပ္ ခဲ့ပါတယ္. သူတို႔ရဲ႕ အလႉကိုေတာ့ မိသားစု ဝင္ေတြနဲ႔ အတူ ေဆြမ်ိဳး. မိတ္ေဆြေတြက တက္ေရာက္လာခဲ့ၾကပါတယ္.

'' ႏွစ္ဦးအလႉ '' ဆိုၿပီးေတာ့ ဇန္နဝါရီလ ၆ ရက္ေန႔ ေန႔လည္ ၂နာရီခြဲေက်ာ္က သူမရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့ပါတယ္. အဲ့ဒီေနာက္ စႏၵီျမင့္လြင္ တို႔ ဇနီးေမာင္ႏွံရဲ႕ အလႉကို တက္ေရာက္လာတဲ့ ညီမငယ္ စိုးျပည့္သဇင္ကလည္း အခုလို ဆုေတာင္းစကားေျပာျပထားပါေသးတယ္. '' မဒီရဲ႕ႏွစ္ဦးအလႉေလးမွာသ ေပ်ာ္႐ႊင္ခ်မ္းေျမ့ပါေစမဒီ....မၾကာခင္ေရာက္ရွိလာေတာ့မဲ့...ေဘဘီေလးနဲ႔အတူလိုခ်င္တာျဖစ္ခ်င္တာေတြမွန္သမွ်ျပည့္ဝပါေစ'' ဆိုၿပီးေတာ့ ဇန္နဝါရီလ ၆ ရက္ေန႔ ၂ နာရီ ဝန္းက်င္က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္.


စႏၵီျမင့္လြင္တို႔ ဇနီးေမာင္ႏွံဟာ အလႉအတန္းေတြ လုပ္ရင္း ပီတိျဖစ္ေနၾကတာကို အမွတ္တရ ဓာတ္ပုံေတြ မွာ ေတြ႕ျမင္ႏိုင္ပါတယ္. စႏၵီျမင့္လြင္ဟာ အခုဆိုရင္ ပထမဆုံးရင္ေသြးေလးကို လြယ္ထားရၿပီျဖစ္ပါတယ္.အိမ္ေထာင္သက္တမ္း (၁)ႏွစ္ျပည့္ေတာ့မယ့္ အခ်ိန္မွာ ရင္ေသြးရခဲ့တာပါ။ အခုဆိုရင္ စႏၵီျမင့္လြင္ရဲ႕ ကိုယ္ဝန္ဟာ (၂)လခြဲရွိလို႔ေနပါၿပီတဲ့။

“ရင္ေသြးေလး ရၿပီဆိုေတာ့ ေပ်ာ္တယ္။ ဘယ္လိုျပဳစုပ်ိဳးေထာင္ရမလဲဘယ္လိုမ်ိဳးျဖစ္မလဲဆိုတာ ေတြးၿပီး ရင္ခုန္ေနတယ္။ ေပ်ာ္တယ္။ နဂိုကတည္းက ကေလးတစ္ေယာက္ လိုခ်င္ေနတာဆိုေတာ့ အေတာ္ပါပဲ။ ႏွစ္ပတ္လည္ျပည့္ခါနီးမွာ ရသြားေတာ့ အေတာ္ပဲ ျဖစ္သြားတယ္။ သိတာကေတာ့ ၾကာၿပီ။ လႏုေတာ့ မေျပာျဖစ္ေသးတာပါ။ ႏွစ္လခြဲပဲ ရွိေသးတယ္။ ေနသိပ္မေကာင္းခ်င္ဘူး။မူးတယ္။ပင္ပန္းမခံႏိုင္ဘူး။ ဘာေလးပဲ ျဖစ္ျဖစ္ ခ်စ္မွာ” လို႔ ဇန္နဝါရီ (၁) ရက္ေန႔ကပိုင္ၿဖိဳးသုတို႔ မဂၤလာေဆာင္မွာ ေျပာျပခဲ့တာပါ။


စႏၵီျမင့္လြင္တို႔ ဇနီးေမာင္ႏွံဟာ ရင္ေသြးေလး တစ္ေယာက္ပဲ ယူဖို႔ စဥ္းစားထားၿပီး ကေလးအတြက္ Plan ေလးေတြစီစဥ္ထားတာေတြရွိတယ္လို႔ ဆိုပါတယ္။ ဆက္လက္ၿပီးေတာ့လည္း စႏၵီျမင့္လြင္က သူမလိုခ်င္တဲ့ မိသားစုဘဝေလးအေၾကာင္းကိုလည္း ေျပာျပခဲ့ပါေသးတယ္။

“ကေလးတစ္ေယာက္ပဲ ယူဖို႔ စိတ္ကူးထားတယ္။ ေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလးကို တည္ေဆာက္မယ္။ ကေလးေလးကို ဘယ္လိုျပဳစုပ်ိဳးေထာင္မလဲဆိုတာေလး Plan ေလးရွိတယ္။ ေအးခ်မ္းၿပီးေတာ့ ေပ်ာ္႐ႊင္တဲ့ မိသားစုဘဝေလး ျဖစ္ေအာင္ တည္ေဆာက္မယ္။ အဲ့လိုေလး စိတ္ကူးထားပါတယ္။” လို႔ သူမက ဆိုပါတယ္။

စႏၵီျမင့္လြင္ဟာ ခ်စ္သူ ကိုသီဟလြင္နဲ႔ မတ္လ(၄) ရက္ေန႔က ေတာ္ဝင္ဂါးဒင္းဟိုတယ္မွာ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ မဂၤလာလက္မွတ္ထိုးပြဲကို ႏွစ္ဖက္မိဘမ်ားနဲ႔ ႐ိုး႐ိုးရွင္းရွင္းေလး ျပဳလုပ္ခဲ့ေပမယ့္ မတ္လ(၁၁) ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ မဂၤလာဧည့္ခံပြဲကေတာ့ ဂီတနဲ႔ ႐ုပ္ရွင္နယ္ပယ္က အႏုပညာရွင္ေတြနဲ႔ စည္ကားခဲ့တဲ့ မဂၤလာဧည့္ခဲ့ပြဲတစ္ခု ျဖစ္ခဲ့ပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #


စန္ဒီမြင့်လွင် တို့ ဇနီးမောင်နှံဟာ နှစ်သစ်ကူး အလှူအတန်းတွေ လုပ်ရင်း ကြည်နူးပီတိဖြစ်နေတာကို တွေ့ရပါတယ်. လက်ရှိမှာလည်း စန္ဒီမြင့်လွင်က ပထမဆုံး ရင်သွေးလေးကို လွယ်ထားရပြီလို့ ဆိုပါတယ်.

ကိုသီဟလွင်နဲ့ အဆိုတော် စန္ဒီမြင့်လွင် တို့ ဇနီးမောင်နှံက နှစ်သစ်ကူး အလှူကို ဇန်နဝါရီလ ၆ ရက်နေ့ က ရွှေမြိုင်သီရိ သီလရှင် စာသင်တိုက်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်. သူတို့ရဲ့ အလှူကိုတော့ မိသားစု ဝင်တွေနဲ့ အတူ ဆွေမျိုး. မိတ်ဆွေတွေက တက်ရောက်လာခဲ့ကြပါတယ်.

'' နှစ်ဦးအလှူ '' ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့ နေ့လည် ၂နာရီခွဲကျော်က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် စန္ဒီမြင့်လွင် တို့ ဇနီးမောင်နှံရဲ့ အလှူကို တက်ရောက်လာတဲ့ ညီမငယ် စိုးပြည့်သဇင်ကလည်း အခုလို ဆုတောင်းစကားပြောပြထားပါသေးတယ်. '' မဒီရဲ့နှစ်ဦးအလှူလေးမှာသ ပျော်ရွှင်ချမ်းမြေ့ပါစေမဒီ....မကြာခင်ရောက်ရှိလာတော့မဲ့...ဘေဘီလေးနဲ့အတူလိုချင်တာဖြစ်ချင်တာတွေမှန်သမျှပြည့်ဝပါစေ'' ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့ ၂ နာရီ ဝန်းကျင်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်.

စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံဟာ အလှူအတန်းတွေ လုပ်ရင်း ပီတိဖြစ်နေကြတာကို အမှတ်တရ ဓာတ်ပုံတွေ မှာ တွေ့မြင်နိုင်ပါတယ်. စန္ဒီမြင့်လွင်ဟာ အခုဆိုရင် ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်ပါတယ်.အိမ်ထောင်သက်တမ်း (၁)နှစ်ပြည့်တော့မယ့် အချိန်မှာ ရင်သွေးရခဲ့တာပါ။ အခုဆိုရင် စန္ဒီမြင့်လွင်ရဲ့ ကိုယ်ဝန်ဟာ (၂)လခွဲရှိလို့နေပါပြီတဲ့။

“ရင်သွေးလေး ရပြီဆိုတော့ ပျော်တယ်။ ဘယ်လိုပြုစုပျိုးထောင်ရမလဲဘယ်လိုမျိုးဖြစ်မလဲဆိုတာ တွေးပြီး ရင်ခုန်နေတယ်။ ပျော်တယ်။ နဂိုကတည်းက ကလေးတစ်ယောက် လိုချင်နေတာဆိုတော့ အတော်ပါပဲ။ နှစ်ပတ်လည်ပြည့်ခါနီးမှာ ရသွားတော့ အတော်ပဲ ဖြစ်သွားတယ်။ သိတာကတော့ ကြာပြီ။ လနုတော့ မပြောဖြစ်သေးတာပါ။ နှစ်လခွဲပဲ ရှိသေးတယ်။ နေသိပ်မကောင်းချင်ဘူး။မူးတယ်။ပင်ပန်းမခံနိုင်ဘူး။ ဘာလေးပဲ ဖြစ်ဖြစ် ချစ်မှာ” လို့ ဇန်နဝါရီ (၁) ရက်နေ့ကပိုင်ဖြိုးသုတို့ မင်္ဂလာဆောင်မှာ ပြောပြခဲ့တာပါ။

စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံဟာ ရင်သွေးလေး တစ်ယောက်ပဲ ယူဖို့ စဉ်းစားထားပြီး ကလေးအတွက် Plan လေးတွေစီစဉ်ထားတာတွေရှိတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း စန္ဒီမြင့်လွင်က သူမလိုချင်တဲ့ မိသားစုဘဝလေးအကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

“ကလေးတစ်ယောက်ပဲ ယူဖို့ စိတ်ကူးထားတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်မယ်။ ကလေးလေးကို ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာလေး Plan လေးရှိတယ်။ အေးချမ်းပြီးတော့ ပျော်ရွှင်တဲ့ မိသားစုဘဝလေး ဖြစ်အောင် တည်ဆောက်မယ်။ အဲ့လိုလေး စိတ်ကူးထားပါတယ်။” လို့ သူမက ဆိုပါတယ်။

စန္ဒီမြင့်လွင်ဟာ ချစ်သူ ကိုသီဟလွင်နဲ့ မတ်လ(၄) ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မင်္ဂလာလက်မှတ်ထိုးပွဲကို နှစ်ဖက်မိဘများနဲ့ ရိုးရိုးရှင်းရှင်းလေး ပြုလုပ်ခဲ့ပေမယ့် မတ်လ(၁၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကတော့ ဂီတနဲ့ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေနဲ့ စည်ကားခဲ့တဲ့ မင်္ဂလာဧည့်ခဲ့ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top