iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ိဳ႕သူေတြက ငွက္ေပ်ာသီးကို စိမ္းမွ ႀကိဳက္ၾကသလို၊ တခ်ိဳ႕ကလည္း မွည့္ၿပီး အဝါေရာင္သန္းေနမွ ႀကိဳက္ၾကတာလည္း ရွိပါတယ္။

ငွက္ေပ်ာသီးေတြမွာ ပိုတက္ဆီယမ္ဓာတ္ၾကြယ္ဝစြာပါဝင္ေနေပမယ့္ တျခား အာဟာရဓာတ္ေတြကေတာ့ ငွက္ေပ်ာသီးရဲ႕ သက္တမ္း (မွည့္၊မမွည့္ေသးတာ)အေပၚမူတည္ၿပီး ကြာျခားမႈ ရွိပါတယ္။

မမွည့္ေသးတဲ့ ငွက္ေပ်ာသီးမွာ သၾကားဓာတ္နည္းပါး

သင့္မွာ ဆီးခ်ိဳ ေရာဂါရွိတယ္ဆိုရင္ေတာ့ မွည့္ေနတဲ့  ငွက္ေပ်ာသီးထက္ မမွည့္ေသးတဲ့ ငွက္ေပ်ာသီးကို စဥ္းစားသင့္ပါတယ္။ ငွက္ေပ်ာသီးက မွည့္ေနရင္ ကစီဓာတ္ေတြကေန သၾကားဓာတ္ကို ေျပာင္းလဲလာပါတယ္။

ၿဗိတိန္ႏိုင္ငံက အာဟာရ ပညာရွင္ Rhianon Lambert က “မမွည့္ေသးတဲ့ငွက္ေပ်ာသီးမွာ ကာဗြန္ဟိုက္ဒရိတ္ ပါဝင္မႈက ၈၀ ကေန ၉ ၀% ေလာက္ရွိေနၿပီး ငွက္ေပ်ာသီးမွည့္သြားရင္ ဒီဓာတ္ေတြက သၾကားဓာတ္ကို ေျပာင္းလဲသြားပါတယ္”လို႔ ေျပာပါတယ္။

မွည့္တဲ့ ငွက္ေပ်ာသီးေတြက အစာေျခဖို႔ ပိုၿပီးလြယ္ကူ

အစာေျခစနစ္နဲ႔ ပတ္သက္ၿပီး ျပႆနာရွိတတ္သူေတြကေတာ့ မွည့္ေနတဲ့ ငွက္ေပ်ာသီးကို စားသင့္ပါတယ္။

အညိဳေရာင္သန္းေနတဲ့ငွက္ေပ်ာသီးက Antioxidants ပိုမ်ား

ငွက္ေပ်ာသီးက အညိဳေရာင္သန္းလာတာက ငွက္ေပ်ာသီးမွာပါဝင္ေနတဲ့ ကစီဓာတ္ေတြက သၾကားဓာတ္အျဖစ္ေျပာင္းသြားၿပီး သူတုိ႔က ပိုၿပီး ခ်ိဳလာပါတယ္။ ဒါ့ေၾကာင့္ ငွက္ေပ်ာသီးနဲ႔ မုန္႔ဖုတ္မယ္ဆိုရင္ ဒီလို ငွက္ေပ်ာသီးေတြကို အသံုးျပဳၾကတာပါ။

အညိဳေရာင္သန္းေနတဲ့ငွက္ေပ်ာသီးေတြမွာ Antioxidants ဓာတ္ေတြပိုမ်ားမ်ားလာပါတယ္။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: Myfood
#Unicode Version#


တချို့သူတွေက ငှက်ပျောသီးကို စိမ်းမှ ကြိုက်ကြသလို၊ တချို့ကလည်း မှည့်ပြီး အဝါရောင်သန်းနေမှ ကြိုက်ကြတာလည်း ရှိပါတယ်။

ငှက်ပျောသီးတွေမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်နေပေမယ့် တခြား အာဟာရဓာတ်တွေကတော့ ငှက်ပျောသီးရဲ့ သက်တမ်း (မှည့်၊မမှည့်သေးတာ)အပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။

မမှည့်သေးတဲ့ ငှက်ပျောသီးမှာ သကြားဓာတ်နည်းပါး

သင့်မှာ ဆီးချို ရောဂါရှိတယ်ဆိုရင်တော့ မှည့်နေတဲ့  ငှက်ပျောသီးထက် မမှည့်သေးတဲ့ ငှက်ပျောသီးကို စဉ်းစားသင့်ပါတယ်။ ငှက်ပျောသီးက မှည့်နေရင် ကစီဓာတ်တွေကနေ သကြားဓာတ်ကို ပြောင်းလဲလာပါတယ်။

ဗြိတိန်နိုင်ငံက အာဟာရ ပညာရှင် Rhianon Lambert က “မမှည့်သေးတဲ့ငှက်ပျောသီးမှာ ကာဗွန်ဟိုက်ဒရိတ် ပါဝင်မှုက ၈၀ ကနေ ၉ ဝ% လောက်ရှိနေပြီး ငှက်ပျောသီးမှည့်သွားရင် ဒီဓာတ်တွေက သကြားဓာတ်ကို ပြောင်းလဲသွားပါတယ်”လို့ ပြောပါတယ်။

မှည့်တဲ့ ငှက်ပျောသီးတွေက အစာခြေဖို့ ပိုပြီးလွယ်ကူ

အစာခြေစနစ်နဲ့ ပတ်သက်ပြီး ပြဿနာရှိတတ်သူတွေကတော့ မှည့်နေတဲ့ ငှက်ပျောသီးကို စားသင့်ပါတယ်။

အညိုရောင်သန်းနေတဲ့ငှက်ပျောသီးက Antioxidants ပိုများ

ငှက်ပျောသီးက အညိုရောင်သန်းလာတာက ငှက်ပျောသီးမှာပါဝင်နေတဲ့ ကစီဓာတ်တွေက သကြားဓာတ်အဖြစ်ပြောင်းသွားပြီး သူတို့က ပိုပြီး ချိုလာပါတယ်။ ဒါ့ကြောင့် ငှက်ပျောသီးနဲ့ မုန့်ဖုတ်မယ်ဆိုရင် ဒီလို ငှက်ပျောသီးတွေကို အသုံးပြုကြတာပါ။

အညိုရောင်သန်းနေတဲ့ငှက်ပျောသီးတွေမှာ Antioxidants ဓာတ်တွေပိုများများလာပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Myfood
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top