iMyanmarHouse.com - Best Property Website for Myanmar
×


ေယာက္်ားေလးေတြကေတာ့ ဒံုးေဝးတတ္ပါတယ္။ စိတ္ေကာက္ေျပသြားေအာင္ ေခ်ာ့ဖို႔ အားမထုတ္ဘဲ သူ႔အလိုလို စိတ္ေကာက္ေျပသြားတဲ့ အခ်ိန္ကိုပဲ ေစာင့္ခ်င္ပါတယ္

ကိုကိုတို႔ေရ ကဂ်ီကေၾကာင္ က်တတ္တဲ့ ေကာင္မေလး တစ္ေယာက္ေယာက္ကိုမ်ား ရည္းစားေတာ္ထားရလား။ စကားလည္း အရမ္းမ်ားၿပီး ဘာမဆို ကဂ်ီကေၾကာင္နဲ႔ အၿမဲလိုလို စိတ္ကလည္း ေကာက္ေသးတဲ့ ေကာင္မေလးမ်ိဳးေပါ့။ သူရဲ႕ ကဂ်ီကေၾကာင္ အျပဳအမူေတြေၾကာင့္ စိတ္ညစ္ၿပီး အေဝးကို ထြက္ေျပးခ်င္တဲ့ ခံစားခ်က္မ်ိဳးလည္း ခံစားရတယ္ မဟုတ္လား။ တကယ္ေတာ့ ေကာင္မေလးေတြ ကဂ်ီကေၾကာင္က်တယ္ ဆိုတာ ခ်စ္သူရဲ႕ ဂ႐ုစိုက္မႈကို တနည္းတဖံု ရယူတာပါ။

ဇီဇာေၾကာင္ျပတယ္

မစားခ်င္ဘူး၊ မသြားခ်င္ဘူး၊ မလာခ်င္ဘူး။ ဆိုၿပီး ဂ်စ္တိုက္တာက သူတို႔ဘာစားခ်င္လဲ၊ ဘယ္သြားခ်င္လဲ၊ ဘယ္လာခ်င္လဲ ဆိုတာကို ခ်စ္သူက တေရးတယူ ေမးလာဖို႔ ဂ်စ္တိုက္ျပတာပါ။ ကိုကိုတို႔က သူတို႔ စိတ္တိုင္းက် ျဖည့္ဆည္းေပးမေပး စမ္းသပ္တာလည္း ျဖစ္သလို ျဖည့္ဆည္းေပးမွန္း သိရင္လည္း အဲ့လိုျဖည့္ဆည္းေပးတာကို သေဘာက်လို႕ ခဏခဏ ဂ်စ္တိုက္ပါတယ္။

ဘာမဟုတ္တာေလးနဲ႔ စိတ္ေကာက္တယ္

စိတ္ေကာက္တာက အေခ်ာ့ခံခ်င္လို႔ပါ။ ဒီစိတ္ခံစားခ်က္ကို မိန္းကေလးတိုင္း နားလည္ေပမယ့္ ေယာက္်ားေလးေတြကေတာ့ ဒံုးေဝးတတ္ပါတယ္။ စိတ္ေကာက္ေျပသြားေအာင္ ေခ်ာ့ဖို႔ အားမထုတ္ဘဲ သူ႔အလိုလို စိတ္ေကာက္ေျပသြားတဲ့ အခ်ိန္ကိုပဲ ေစာင့္ခ်င္ပါတယ္။ အဲ့လိုဆိုရင္ေတာ့ အေခ်ာ့ခံခ်င္လို႔ စိတ္ေကာက္ပါတယ္ဆိုမွ အေခ်ာ့မခံရေတာ့ ပိုစိတ္ဆိုးရေတာ့တာေပါ့။ ဒါေၾကာင့္ စိတ္ေကာက္ၿပီဆိုတာနဲ႔ ေခ်ာ့ေပးဖို႔က ေကာင္ေလးေတြအတြက္ သမိုင္းေပးတာဝန္ဆိုတာ မေမ့နဲ႔ေနာ္။

ကဂ်ီကေၾကာင္ က်တယ္ဆိုတာ ခ်စ္လို႔ပါ

ကိုကိုတို႔ သိထားရမယ့္ ေနာက္တစ္ခ်က္က ကဂ်ီကေၾကာင္က်တယ္ဆိုတာ ခ်စ္လို႔ပါေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ ကဂ်ီကေၾကာင္ က်တယ္ဆိုတာက ျပႆနာမဟုတ္တာကို ျပႆနာ လုပ္ေနတာမ်ိဳးဆိုေတာ့ ေျဖရွင္းလို႔မရတဲ့ ျပႆနာေလးေတြ မ်ားမ်ားလုပ္ေပးမွ ကိုကိုတို႔နဲ႔ အၿမဲထိေတြ႔ေနရမွာေပါ့။ အဲ့ဒါေၾကာင့္ ေကာင္မေလးက အရမ္းကဂ်ီကေၾကာင္ က်လို႔ စိတ္မညစ္နဲ႔ေနာ္။

Credit: Marry

#Unicode Version#

ယောက်ျားလေးတွေကတော့ ဒုံးဝေးတတ်ပါတယ်။ စိတ်ကောက်ပြေသွားအောင် ချော့ဖို့ အားမထုတ်ဘဲ သူ့အလိုလို စိတ်ကောက်ပြေသွားတဲ့ အချိန်ကိုပဲ စောင့်ချင်ပါတယ်

ကိုကိုတို့ရေ ကဂျီကကြောင် ကျတတ်တဲ့ ကောင်မလေး တစ်ယောက်ယောက်ကိုများ ရည်းစားတော်ထားရလား။ စကားလည်း အရမ်းများပြီး ဘာမဆို ကဂျီကကြောင်နဲ့ အမြဲလိုလို စိတ်ကလည်း ကောက်သေးတဲ့ ကောင်မလေးမျိုးပေါ့။ သူရဲ့ ကဂျီကကြောင် အပြုအမူတွေကြောင့် စိတ်ညစ်ပြီး အဝေးကို ထွက်ပြေးချင်တဲ့ ခံစားချက်မျိုးလည်း ခံစားရတယ် မဟုတ်လား။ တကယ်တော့ ကောင်မလေးတွေ ကဂျီကကြောင်ကျတယ် ဆိုတာ ချစ်သူရဲ့ ဂရုစိုက်မှုကို တနည်းတဖုံ ရယူတာပါ။

ဇီဇာကြောင်ပြတယ်

မစားချင်ဘူး၊ မသွားချင်ဘူး၊ မလာချင်ဘူး။ ဆိုပြီး ဂျစ်တိုက်တာက သူတို့ဘာစားချင်လဲ၊ ဘယ်သွားချင်လဲ၊ ဘယ်လာချင်လဲ ဆိုတာကို ချစ်သူက တရေးတယူ မေးလာဖို့ ဂျစ်တိုက်ပြတာပါ။ ကိုကိုတို့က သူတို့ စိတ်တိုင်းကျ ဖြည့်ဆည်းပေးမပေး စမ်းသပ်တာလည်း ဖြစ်သလို ဖြည့်ဆည်းပေးမှန်း သိရင်လည်း အဲ့လိုဖြည့်ဆည်းပေးတာကို သဘောကျလို့ ခဏခဏ ဂျစ်တိုက်ပါတယ်။

ဘာမဟုတ်တာလေးနဲ့ စိတ်ကောက်တယ်

စိတ်ကောက်တာက အချော့ခံချင်လို့ပါ။ ဒီစိတ်ခံစားချက်ကို မိန်းကလေးတိုင်း နားလည်ပေမယ့် ယောက်ျားလေးတွေကတော့ ဒုံးဝေးတတ်ပါတယ်။ စိတ်ကောက်ပြေသွားအောင် ချော့ဖို့ အားမထုတ်ဘဲ သူ့အလိုလို စိတ်ကောက်ပြေသွားတဲ့ အချိန်ကိုပဲ စောင့်ချင်ပါတယ်။ အဲ့လိုဆိုရင်တော့ အချော့ခံချင်လို့ စိတ်ကောက်ပါတယ်ဆိုမှ အချော့မခံရတော့ ပိုစိတ်ဆိုးရတော့တာပေါ့။ ဒါကြောင့် စိတ်ကောက်ပြီဆိုတာနဲ့ ချော့ပေးဖို့က ကောင်လေးတွေအတွက် သမိုင်းပေးတာဝန်ဆိုတာ မမေ့နဲ့နော်။

ကဂျီကကြောင် ကျတယ်ဆိုတာ ချစ်လို့ပါ

ကိုကိုတို့ သိထားရမယ့် နောက်တစ်ချက်က ကဂျီကကြောင်ကျတယ်ဆိုတာ ချစ်လို့ပါနော်။ ဘာကြောင့်လဲဆိုတော့ ကဂျီကကြောင် ကျတယ်ဆိုတာက ပြဿနာမဟုတ်တာကို ပြဿနာ လုပ်နေတာမျိုးဆိုတော့ ဖြေရှင်းလို့မရတဲ့ ပြဿနာလေးတွေ များများလုပ်ပေးမှ ကိုကိုတို့နဲ့ အမြဲထိတွေ့နေရမှာပေါ့။ အဲ့ဒါကြောင့် ကောင်မလေးက အရမ်းကဂျီကကြောင် ကျလို့ စိတ်မညစ်နဲ့နော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top