iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Burmese.asia
# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေကို အမိုက်စား ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားတဲ့ photo model လုလုအောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Photo Model လုလုအောင် က သူမရဲ့ Sexy Fashion များနဲ့ ပတ်သက်ပြီး သူမရဲ့ သမီးလေးရဲ့ သဘောထား ပြောထားတာလေးကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
Photo Model လုလုအောင်က အနုပညာအလုပ်တွေကို ကြိုးစားလုပ်ရင်း သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လုလုအောင်က အနုပညာလောထဲ ကို သူမရဲ့ ဆွဲဆောင်မှုအပြည့်နဲ့ Sexy Photo များနဲ့ နာမည်ကြီးလူကြိုက်များလာတဲ့ သူလေးပါ။ ယောကျာ်းထုပရိသတ်တွေ ကြားမှာ တော့ လုလုအောင်က ခုအချိန်ထိ ရေပန်းစားတုန်းပါ။ လုလုအောင်ကိုပွဲတက်တစ်ခုမှာ သူမရဲ့ Sexy Fashion တွေနဲ့ ပတ်သက်ြ့ပီး သမီးလေးရဲ့ သဘောထားကိုမေးထားတာကြောင့် သူမဖြေထားတာလေးကိုဖော်ပြပေးလိုက်ပါတယ်။
လုလုအောင်က ” သမီးလေးက ခု ၁၂ နှစ် ရှိပါပြီး ၊ သူက ဖေ့စ်ဘွတ်မသုံးတော့အမေ ရဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး စိတ်မဝင်စားဘူး ။ တစ်ခါတစ်လေ သူတွေ့ရင်တော့ ပြောတယ်၊ အရမ်းတော့မပြောဘူး ၊ သူလည်း ခေတ်လူငယ်ဆိုတော့ အခုက Online တွေကခေတ်စားနေတာဆိုတော့ သူကနားလည်မှာပါ။” ဆိုပြီးပြောထားပါတယ်။
နောက်ပြီး လုလုအောင်က” စံပြအမေတစ်ယောက်ဖြစ်အောင် လို့တော့ မဟုတ်ပေမယ့် ညှိနှိုင်းရတာပေါ့နော် သူလိုချင်တာနဲ့ ကိုယ်ဖြစ်စေချင်တာ အဲလိုမျိုးလေးတွေ ညှိနှိုင်းရတာပေါ့၊ ကိုယ်ဖြစ်စေချင်တာချည်းလည်း ဖြစ်လို့မရဘူး ပေါ့နော်၊ သမီးရဲ့ ဖြစ်ချင်တဲ့ ဆန္ဒကိုလည်း နားထောင်ပေးရတာပေါ့” လို့လည်း သမီးလေးနဲ့ ပတ်သက်ပြီးပြောထားပါတယ်။
Photo Model လုလုအောင် က သူမရဲ့ Sexy Fashion တွေနဲ့ ပတ်သက်ပြီး သမီးလေးရဲ့သဘောထားနဲ့ သမီးလေးရဲ့ အကြောင်းကို ပြောထားတာလေးကို ရိသတ်ကြီးသဘောကျကြလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top