iMyanmarHouse.com - Best Property Website for Myanmar
×


ခုေခတ္မွာ တစ္ေယာက္ေယာက္ အသည္းကြဲၿပီဆို သိပ္သိသာတယ္။ သူ႔ေဖ့စ္ဘြတ္ကို ဝင္ၾကည့္လိုက္တာနဲ႔တင္ ဘယ္လိုေတြခ်စ္တာ၊ ဘယ္လိုေတြလြမ္းတာ အစခ်ီတဲ့ ပံုေတြစာေတြ မနည္းမေနာပဲ။

သိပ္မၾကာပါဘူး ေနာက္တစ္ေယာက္ရသြားျပန္ေရာ။ ကိုယ္တိုင္ကအစ ေဖ့စ္ဘြတ္ကို ဒိုင္ယာရီတစ္ခုလိုမ်ိဳး ခံစားသမွ် ေရးခ်ေနမိတာလည္း သိပ္ေတာ့မေကာင္းပါဘူး။ အသည္းကြဲေနတယ္ဆုိရင္ေတာ့ ေဖ့စ္ဘြတ္ေၾကာင့္ သိကၡာမက်ရေအာင္ ဒီလိုေတြဆင္ျခင္ပါ။

၁။ ဆုိးတာေတြမတင္နဲ႔

ကိုယ့္ကိုယ္ကိုယ္ ေလးစားပါ။ ကိုယ္ခ်စ္ခဲ့ဖူးတာကိုလည္း တန္ဖိုးမမဲ့ပါေစနဲ႔။ ကေလးပိစိေလး မဟုတ္ေတာ့တာေၾကာင့္ ေျမႀကီးမွာလူးလွိမ့္ငိုသလိုမ်ိဳး ေဖ့စ္ဘြတ္ေပၚမွာ အကုန္လံုးဖြင့္ခ်ၿပီး ငိုေနလို႔ အသည္းကြဲတာ သက္သာမွာမဟုတ္ဘူးေနာ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ခါးသီးနာက်ည္းစရာလမ္းခြဲမႈမ်ိဳး မျဖစ္ခဲ့ဘူးဆုိရင္ သူနဲ႔ ေဖ့စ္ဘြတ္မွာ ၿငိမ္းခ်မ္းေရးယူထားလိုက္ပါ။

၂။ ေ႐ွ႕ဆက္ေလွ်ာက္ေန

အသည္းကြဲၿပီးေနာက္မွာ တစ္ေယာက္တည္းေနရတာ ေတာ္ေတာ္စိတ္ပင္ပန္းရတယ္။ ဒါနဲ႔ပဲ ျဖစ္သမွ်အကုန္ လူသိေအာင္ ေရးေနေတာ့မွာလား? သူမ်ားေတြ ကိုယ့္ကိုယ္သနားလာေအာင္ ေရးစရာလည္းမလိုသလို မခ်စ္ခ်င္ေတာ့တဲ့ ရည္းစားေဟာင္းကို ထုိင္လြမ္းျပေနလို႔ကေတာ့ ဘာမွထူးလာမွာမဟုတ္ဘူး။

၃။ ေျခရာခံတယ္

သူ႔အေကာင့္ကို သြားသြားၾကည့္ၿပီး ဘာလုပ္ဖုိ႔လဲ? သူဘာေတြလုပ္ေနသလဲဆုိတာ ေျခရာခံမေနနဲ႔။ သိသြားရင္ ကိုယ္ပဲ သိကၡာက်ဦးမယ္။ သူ႔အေကာင့္ထဲကို ဝင္မၾကည့္နဲ႔၊ Like & comment လည္း လံုးဝမလုပ္နဲ႔။ ဘေလာ့ဖုိ႔လိုလာရင္ ဘေလာ့ပလိုက္။

၄။ လက္စားေခ်မလို႔လား

ေဖ့စ္ဘြတ္သံုးတာ ရည္းစားေဟာင္းရဲ႕မေကာင္းေၾကာင္းေတြကိုေရးၿပီး လက္စားေခ်ဖို႔မွမဟုတ္တာ။ တကယ္လက္စားေခ်ခ်င္ရင္ ကိုယ္ဘယ္ေတြသြားတယ္၊ ဘယ္လိုေတြသာယာတယ္ဆုိတာကိုသာ ပံုေတြတစ္ခုၿပီးတစ္ခု တင္ေနလိုက္ပါ။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ခုခေတ်မှာ တစ်ယောက်ယောက် အသည်းကွဲပြီဆို သိပ်သိသာတယ်။ သူ့ဖေ့စ်ဘွတ်ကို ဝင်ကြည့်လိုက်တာနဲ့တင် ဘယ်လိုတွေချစ်တာ၊ ဘယ်လိုတွေလွမ်းတာ အစချီတဲ့ ပုံတွေစာတွေ မနည်းမနောပဲ။

သိပ်မကြာပါဘူး နောက်တစ်ယောက်ရသွားပြန်ရော။ ကိုယ်တိုင်ကအစ ဖေ့စ်ဘွတ်ကို ဒိုင်ယာရီတစ်ခုလိုမျိုး ခံစားသမျှ ရေးချနေမိတာလည်း သိပ်တော့မကောင်းပါဘူး။ အသည်းကွဲနေတယ်ဆိုရင်တော့ ဖေ့စ်ဘွတ်ကြောင့် သိက္ခာမကျရအောင် ဒီလိုတွေဆင်ခြင်ပါ။

၁။ ဆိုးတာတွေမတင်နဲ့

ကိုယ့်ကိုယ်ကိုယ် လေးစားပါ။ ကိုယ်ချစ်ခဲ့ဖူးတာကိုလည်း တန်ဖိုးမမဲ့ပါစေနဲ့။ ကလေးပိစိလေး မဟုတ်တော့တာကြောင့် မြေကြီးမှာလူးလှိမ့်ငိုသလိုမျိုး ဖေ့စ်ဘွတ်ပေါ်မှာ အကုန်လုံးဖွင့်ချပြီး ငိုနေလို့ အသည်းကွဲတာ သက်သာမှာမဟုတ်ဘူးနော်။ တစ်ယောက်နဲ့တစ်ယောက် ခါးသီးနာကျည်းစရာလမ်းခွဲမှုမျိုး မဖြစ်ခဲ့ဘူးဆိုရင် သူနဲ့ ဖေ့စ်ဘွတ်မှာ ငြိမ်းချမ်းရေးယူထားလိုက်ပါ။

၂။ ရှေ့ဆက်လျှောက်နေ

အသည်းကွဲပြီးနောက်မှာ တစ်ယောက်တည်းနေရတာ တော်တော်စိတ်ပင်ပန်းရတယ်။ ဒါနဲ့ပဲ ဖြစ်သမျှအကုန် လူသိအောင် ရေးနေတော့မှာလား? သူများတွေ ကိုယ့်ကိုယ်သနားလာအောင် ရေးစရာလည်းမလိုသလို မချစ်ချင်တော့တဲ့ ရည်းစားဟောင်းကို ထိုင်လွမ်းပြနေလို့ကတော့ ဘာမှထူးလာမှာမဟုတ်ဘူး။

၃။ ခြေရာခံတယ်

သူ့အကောင့်ကို သွားသွားကြည့်ပြီး ဘာလုပ်ဖို့လဲ? သူဘာတွေလုပ်နေသလဲဆိုတာ ခြေရာခံမနေနဲ့။ သိသွားရင် ကိုယ်ပဲ သိက္ခာကျဦးမယ်။ သူ့အကောင့်ထဲကို ဝင်မကြည့်နဲ့၊ Like & comment လည်း လုံးဝမလုပ်နဲ့။ ဘလော့ဖို့လိုလာရင် ဘလော့ပလိုက်။

၄။ လက်စားချေမလို့လား

ဖေ့စ်ဘွတ်သုံးတာ ရည်းစားဟောင်းရဲ့မကောင်းကြောင်းတွေကိုရေးပြီး လက်စားချေဖို့မှမဟုတ်တာ။ တကယ်လက်စားချေချင်ရင် ကိုယ်ဘယ်တွေသွားတယ်၊ ဘယ်လိုတွေသာယာတယ်ဆိုတာကိုသာ ပုံတွေတစ်ခုပြီးတစ်ခု တင်နေလိုက်ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top