iMyanmarHouse.com - Best Property Website for Myanmar
×
၆။ အသက်ရှည်စေတယ်။
၁၀။ အစာကြေစေတယ်။
တစ်မယ်ဖြစ်ပါတယ်။
Credit:Lwinpyin
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာနိုင်ငံတော့ အသုံးများတဲ့ ကြက်သွန်ဖြူ နှစ်မျိုးရှိပါတယ်။ ရှမ်း ကြက်သွန်ဖြူ အမျိုးကတော့ အတက်ကြီးပြီး၊အစပ်အရသာ ပိုတယ်၊ သိပ်မမွှေးပါဘူး။ ဗမာ ကြက်သွန်ဖြူ ကတော့ အတတ်သေးတယ်၊ အစပ်အရသာ အနည်း
ငယ်ပေါ့တယ်၊ အနံ့မွှေးကြိုင်တယ်။ ကြက်သွန်ဖြူ ကို ဟင်းခတ်အမွေးအကြိုင်အဖြစ်လည်းကောင်း၊ သီးသန့်အတို့အမြှုပ်အဖြစ်လည်းကောင်း၊ လက်ဖက်သုပ်/ပဲကြမ်းသုပ်-စသည်တို့ထဲမှာ ဖြည့်စွက်အမယ်အဖြစ်လည်း
ကောင်း အသုံးများကြပါတယ်။
ကြက်သွန်ဖြူ ဟာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရှမ်းကုန်းပြင်မြင့်ဒေသတွေမှာ အထွက်များပြီး ဆောင်းရာသီထွက်သီးနှံတစ်မျိုးဖြစ်ပါတယ်။ အဲဒီ ကျွန်တော်တို့ သုံးနေတဲ့ ကြက်သွန်ဖြူ နှစ်မျိုးစလုံးမှာ လူ့ကျန်းမာရေးကို အထူးအကျိုးပြုတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဲဒီ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကြက်သွန်ဖြူ မှာ ပါဝင်တဲ့ဓာတ်ပစ္စည်းများ
ကြက်သွန်ဖြူ မှာ Manganese 23%, Vitamin B6 17% , Vitamin C: 15%, Selenium 6% Fiber 1 g,Calcium, Copper, Potassium, Phosphorus, Iron, Vitamin B1 အစရှိတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။
ကြက်သွန်နီ အတက်တစ်ခုမှာပင် calories 1.8 g, 42 calories, protein 9 g, ပါဝင်ပါတယ်။ အဲဒီ အာဟာရဓာတ်တွေဟာ လူ ရဲ့ ကျန်းမာရေး အတွက် အရေးပါတဲ့ ဓာတ်ပစ္စည်းတွေ ဖြစ်ကြပါတယ်။
၂။ အအေးမိဖျားနာခြင်းကို သက်သာပျောက်ကင်းစေနိုင်တယ်။
ကြက်သွန်ဖြူ နေ့စဉ်စားသုံးပေးခြင်းက အအေးမိဖျားနာတာကို ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူဟာအအေးဓာတ် 63% အထိ လျှော့ချပေးနိုင်ပြီး နှားစေခေါင်းကိုက်ခြင်း၊ ဗိုင်းရပ်ကြောင့် ဖျားနာခြင်း-စတဲ့အဖျားရောဂါအမျိုးမျိုးကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
၃။ သွေးတိုးရောဂါသည်များအတွက် သင့်တော်တယ်။
ကြက်သွန်ဖြူ မှာပါတဲ့ ဓာတ်ပေါင်းတွေက သွေးတိုးရောဂါသည်တွေ သွေးပေါင်ချိန် မမှန်သူတွေအတွက်အထူး သင့်တော်ပါတယ်။ ကြက်သွန်ဖြူ ဟာ သွေးလည်ပတ်မှုကို ပုံမှန်အခြေအန ရောက်အောင် ထိန်းပေးနိုင်တဲ့ သဘာဝ ဆေးဘက်ဝင်ဖြစ်ပါတယ်။
၄။ ကိုလက်စထရော ကို ထိန်းညှိပေးပြီး နှလုံးရောဂါ ကိုတားဆီးပေးတယ်။
ကြက်သွန်ဖြူဟာ လူ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ကိုလက်စထရောပမဏကို ထိန်းသိမ်းပေးပြီး မလိုအပ်တဲ့ကိုလက်စထရော ကိုလည်း သူ့မှာ ပါဝင်တဲ့ ဗီတာမင် C ဓာတ်က ချေဖြတ်ပေးနိုင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ချေကို တားဆီးကာကွယ်ပေးပြီး နှလုံးရောဂါရှင်တွေ သုံးဆောင်ရင်လည်း နှလုံးခုံနှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။
၅။ မှတ်ဉာဏ် ဆုံးရှုံးခြင်းနဲ့ ရူးသွပ်မှုကို တားဆီးပေးတယ်။
ကြက်သွန်ဖြူ မှာ ပါဝင်တဲ့ ဓာတ်ပြုပစ္စည်းတွေဟာ ဦးနှောက်ဆဲလ်ပျက်ဆီးမှုကို ပျောက်ကင်းစေပြီး မှတ်ဉာဏ်ချို့ယွင်းမှုနဲ့ သတိမေ့ခြင်း၊ ရူးသွပ်ခြင်း စသဖြင့် မှတ် ဉာဏ်နဲ့ဆိုင်တဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေပြီး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
၆။ အသက်ရှည်စေတယ်။
ကြက်သွန်ဖြူ ဟာ လူ ရဲ့ အရေးကြီးလှတဲ့ သွေးနဲ့ နှလုံးခုန်နှုန်းကို အထူးထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် သက်တမ်းမပြည့်ခင် သေဆုံးခြင်းမှ အကာအကွယ်ပေးပြီး၊ သက်ရှည်ကျန်းမာတဲ့ ဘဝကိုပေးပါတယ်။
၇။ အားကစားလုပ်ငန်းတွေကိုအတွက် အားဆေး
အားကစားလုပ်လို့၊ ချွေးထွက်လွန်လို့၊ အလုပ်ပင်ပန်းလို့-ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ခန္ဓာကိုယ်ကနေ ဆုံးရှုံးသွားတဲ့ အားအင်တွေကို ကြက်သွန်ဖြူ က ပြန်လည် ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကြက်သွန်ဖြူပုံမှန်စားသုံးခြင်းက အမောလုံစေပါတယ်။
၈။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်
ခန္ဓာကိုယ်ထဲမှာ အစားအစာ၊ ရာသီဥတု စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေကို ကြက်သွန်ဖြူ မှာပါတဲ့ ဓာတ်ပစ္စည်းတွေက ကောင်းကောင်း တိုက်ခိုက်ပေးနိုင်ပါတယ်။
၉။ အရိုး ကျန်းမာရေး အတွက်လည်း ကောင်းမွန်
နေ့စဉ် ကြက်သွန်ဖြူ ၂ဂရမ် ခန့် ပုံမှန်သုံးစွဲပေးပါက အရိုးဆွေးခြင်း၊ အရိုးပါးခြင်း၊ အရိုးပွခြင်းကို လုံးဝ ကာကွယ်ပေးနိုင်ပြီး အရိုး ကျန်းမာရေး အတွက် စိတ်ချရတဲ့ ဆေးဝါးတစ်ခုပါ။ ဒါ့အပြင် ရိုးတွင်းချဉ်ဆီနဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၁၀။ အစာကြေစေတယ်။
အစားမတော် တစ်လုပ်-ဆိုတဲ့ စကားနဲ့အညီ အစားစာသောက်ပြီး အစာအဆိပ်သင့်တာတို့၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တာတို့၊ ဗိုက်နာဗိုက်အောင့် ဖြစ်တာတို့အတွက် ကြက်သွန်ဖြူ က တန်ဖိုးရှိတဲ့ ဆေး
တစ်မယ်ဖြစ်ပါတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top