iMyanmarHouse.com - Best Property Website for Myanmar
×


လမ္းမွာ သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ ေတြ႕တဲ့အခါ အာလာပသလာပ စကားေတြ ေျပာေလ့ ရွိပါတယ္။ ျမန္မာႏိုင္ငံမွာ လူတေယာက္က အျခားတေယာက္ကို ေတြ႕ရင္ “ေနေကာင္းလား” ဆိုတာထက္ “ဝလာတယ္။ ပိန္သြားတယ္” စတဲ့ စကားေတြနဲ႔သာ ႏႈတ္ဆက္ေလ့ရွိတာကို ေတြ႕ရပါတယ္။

စကားေျပာဆိုတဲ့အခါ တဖက္လူရဲ႕ အားနည္းခ်က္ေတြကို မေမးမိ၊ မေျပာမိဖို႔ဆိုတာ လူတိုင္းလိုက္နာရမယ့္ အေျခခံလူ႔က်င့္ဝတ္ တခုပါ။ ဒီက်င့္ဝတ္ေတြကို ေသခ်ာသိေနဖို႔ အတြက္ ယဥ္ေက်းတဲ့သူေတြ ေမးေလ့ မရွိတဲ့ စကားမ်ား ေဖာ္ျပ လိုက္ပါတယ္။


(၁) ကေလး မယူေသးဘူးလား

အိမ္ေထာင္က်ၿပီးခါစ အတြဲေတြကို ေတြ႕တဲ့အခါ လူေတာ္ေတာ္မ်ားမ်ားဟာ ကေလးမယူေသးဘူးလားလို႔ ေမးတတ္ၾကပါတယ္။ သူတပါးရဲ႕ အိမ္ေထာင္ေရးအေၾကာင္းကို ကိုယ္က ဘာမွ မသိႏိုင္ပါဘူး။ က်န္းမာေရးျပႆနာ၊ ေငြေၾကးျပႆနာနဲ႔ အိမ္တြင္းေရး အျခားကိစၥေတြေၾကာင့္ ကေလးမယူေသးတာ ျဖစ္ႏိုင္ပါတယ္။ သူမ်ား ကေလးယူတာ မယူတာက သင္နဲ႔ သက္ဆိုင္တဲ့ ကိစၥ မဟုတ္လို႔ မေမးတာ အေကာင္းဆုံးပါပဲ။

(၂) ဒါက တသက္လုံးရွိေနမွာေနာ္

တက္တူးထိုးထားတဲ့သူ၊ မ်က္ႏွာ စတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြမွာ အေပါက္ေဖာက္ထားသူေတြကို ေတြ႕ရင္ ေျပာတတ္ၾကတဲ့ စကားပါ။ “ဒီတက္တူးက အစစ္လား”။ “တက္တူးထိုးတာ နာလား” စတဲ့ ေမးခြန္းေတြဟာ တက္တူးရွိတဲ့ သူေတြ အၿမဲ ေမးခံေနက်စကားေတြပါပဲ။ ဆံပင္အေရာင္ဆိုးထားတဲ့ သူေတြကိုလည္း “ ဆံပင္အေရာင္က အစစ္လား ” ဆိုၿပီး ေမးတတ္ၾကပါေသးတယ္။ ဒီလို ေမးခြန္းေတြဟာ တဖက္သားရဲ႕ ပုဂၢိဳလ္ေရးေတြ ပါေနတာေၾကာင့္ မေမးတာက ပိုေကာင္းပါလိမ့္မယ္။

(၃) ဘယ္ေလာက္ေပးရလဲ


မိတ္ေဆြေတြနဲ႔ ေတြ႕ရင္ လစာ ေမးတာက ႐ိုင္းပါတယ္။ ဒီလိုပါပဲ သူမ်ား ဝယ္လာတဲ့ အဝတ္အသစ္၊ ဖိနပ္အသစ္စတာေတြကို ဘယ္ေလာက္ေပးရလဲလို႔ ေမးတာက တဖက္သားကို အက်ပ္႐ိုက္ေစပါတယ္။ သူရတဲ့ လစာက မေကာင္းလို႔ ေဈးသက္သာတဲ့ ေနရာမွာ ဝယ္လာမိတဲ့ ပစၥည္း ျဖစ္ေနရင္ အေျဖ ေျဖရတာ သူ႔အတြက္ အခက္အခဲ ျဖစ္ေနႏိုင္လို႔ လစာ၊ အသုံးစရိတ္ စတာေတြကို မေမးပါနဲ႔။

(၄) တကယ္ လိုအပ္လို႔လား


ဝါသနာအေၾကာင္းေတြကို ေျပာတာဟာ မိတ္ေဆြဖြဲ႕လို႔ အေကာင္းဆုံးနည္းလမ္း တခုပါပဲ။ ဒါေပမဲ့ ဒီလို ဝါသနာေတြ အေၾကာင္း စကားစျမည္ေျပာတဲ့အခါ ေရွာင္ၾကဥ္ရမွာေတြ ရွိပါတယ္။ ဥပမာ သင့္မိတ္ေဆြ တေယာက္က ေခြး ၅ ေကာင္ ေမြးထားတယ္ ဆိုပါစို႔။ သင့္အျမင္မွာ ေခြး ၅ ေကာင္ေမြးထားတဲ့ ကိစၥဟာ ပိုက္ဆံ ျဖဳန္းျခင္းသက္သက္ ျဖစ္ေနႏိုင္ေပမယ့္ သူ႔အတြက္ေတာ့ ဝါသနာအရ ေမြးထားတာ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ သူတပါးရဲ႕ ဝါသနာအရ ျပဳလုပ္ထားတဲ့ ကိစၥေတြကို “တကယ္လိုအပ္လို႔ လုပ္ေနတာလား” ဆိုၿပီး မေမးလိုက္ပါနဲ႔။

မွတ္ခ်က္။ ။ ဒီလို ေမးခြန္းေတြ သင့္ကို ေမးလာခဲ့ရင္ အၾကပ္႐ိုက္ၿပီး မေျဖတတ္တာမ်ိဳးမရွိပါေစနဲ႔။ စကားလႊဲတာ၊ လုံးဝ မေျဖတာနဲ႔ ဒဲ့ေျပာလိုက္တာမ်ိဳးေတြ ျပဳလုပ္လို႔ ရပါတယ္။ ေမးခြန္းတခုကို သင္မေျဖပဲ ေနရင္ သင့္ကို ေမးတဲ့ သူက သင္မေျဖခ်င္ဘူးဆိုတာ နားလည္သြားပါလိမ့္မယ္။ ဒါမွ မဟုတ္ရင္လည္း “ဒီကိစၥကို မေျပာခ်င္ဘူး။ တျခားအေၾကာင္း ေျပာၾကရေအာင္” ဆိုၿပီး ျငင္းလိုက္ရင္လည္း အဆင္ေျပပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

လမ်းမှာ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ အာလာပသလာပ စကားတွေ ပြောလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူတယောက်က အခြားတယောက်ကို တွေ့ရင် “နေကောင်းလား” ဆိုတာထက် “ဝလာတယ်။ ပိန်သွားတယ်” စတဲ့ စကားတွေနဲ့သာ နှုတ်ဆက်လေ့ရှိတာကို တွေ့ရပါတယ်။

စကားပြောဆိုတဲ့အခါ တဖက်လူရဲ့ အားနည်းချက်တွေကို မမေးမိ၊ မပြောမိဖို့ဆိုတာ လူတိုင်းလိုက်နာရမယ့် အခြေခံလူ့ကျင့်ဝတ် တခုပါ။ ဒီကျင့်ဝတ်တွေကို သေချာသိနေဖို့ အတွက် ယဉ်ကျေးတဲ့သူတွေ မေးလေ့ မရှိတဲ့ စကားများ ဖော်ပြ လိုက်ပါတယ်။


(၁) ကလေး မယူသေးဘူးလား

အိမ်ထောင်ကျပြီးခါစ အတွဲတွေကို တွေ့တဲ့အခါ လူတော်တော်များများဟာ ကလေးမယူသေးဘူးလားလို့ မေးတတ်ကြပါတယ်။ သူတပါးရဲ့ အိမ်ထောင်ရေးအကြောင်းကို ကိုယ်က ဘာမှ မသိနိုင်ပါဘူး။ ကျန်းမာရေးပြဿနာ၊ ငွေကြေးပြဿနာနဲ့ အိမ်တွင်းရေး အခြားကိစ္စတွေကြောင့် ကလေးမယူသေးတာ ဖြစ်နိုင်ပါတယ်။ သူများ ကလေးယူတာ မယူတာက သင်နဲ့ သက်ဆိုင်တဲ့ ကိစ္စ မဟုတ်လို့ မမေးတာ အကောင်းဆုံးပါပဲ။

(၂) ဒါက တသက်လုံးရှိနေမှာနော်

တက်တူးထိုးထားတဲ့သူ၊ မျက်နှာ စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အပေါက်ဖောက်ထားသူတွေကို တွေ့ရင် ပြောတတ်ကြတဲ့ စကားပါ။ “ဒီတက်တူးက အစစ်လား”။ “တက်တူးထိုးတာ နာလား” စတဲ့ မေးခွန်းတွေဟာ တက်တူးရှိတဲ့ သူတွေ အမြဲ မေးခံနေကျစကားတွေပါပဲ။ ဆံပင်အရောင်ဆိုးထားတဲ့ သူတွေကိုလည်း “ ဆံပင်အရောင်က အစစ်လား ” ဆိုပြီး မေးတတ်ကြပါသေးတယ်။ ဒီလို မေးခွန်းတွေဟာ တဖက်သားရဲ့ ပုဂ္ဂိုလ်ရေးတွေ ပါနေတာကြောင့် မမေးတာက ပိုကောင်းပါလိမ့်မယ်။

(၃) ဘယ်လောက်ပေးရလဲ


မိတ်ဆွေတွေနဲ့ တွေ့ရင် လစာ မေးတာက ရိုင်းပါတယ်။ ဒီလိုပါပဲ သူများ ဝယ်လာတဲ့ အဝတ်အသစ်၊ ဖိနပ်အသစ်စတာတွေကို ဘယ်လောက်ပေးရလဲလို့ မေးတာက တဖက်သားကို အကျပ်ရိုက်စေပါတယ်။ သူရတဲ့ လစာက မကောင်းလို့ ဈေးသက်သာတဲ့ နေရာမှာ ဝယ်လာမိတဲ့ ပစ္စည်း ဖြစ်နေရင် အဖြေ ဖြေရတာ သူ့အတွက် အခက်အခဲ ဖြစ်နေနိုင်လို့ လစာ၊ အသုံးစရိတ် စတာတွေကို မမေးပါနဲ့။

(၄) တကယ် လိုအပ်လို့လား


ဝါသနာအကြောင်းတွေကို ပြောတာဟာ မိတ်ဆွေဖွဲ့လို့ အကောင်းဆုံးနည်းလမ်း တခုပါပဲ။ ဒါပေမဲ့ ဒီလို ဝါသနာတွေ အကြောင်း စကားစမြည်ပြောတဲ့အခါ ရှောင်ကြဉ်ရမှာတွေ ရှိပါတယ်။ ဥပမာ သင့်မိတ်ဆွေ တယောက်က ခွေး ၅ ကောင် မွေးထားတယ် ဆိုပါစို့။ သင့်အမြင်မှာ ခွေး ၅ ကောင်မွေးထားတဲ့ ကိစ္စဟာ ပိုက်ဆံ ဖြုန်းခြင်းသက်သက် ဖြစ်နေနိုင်ပေမယ့် သူ့အတွက်တော့ ဝါသနာအရ မွေးထားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတပါးရဲ့ ဝါသနာအရ ပြုလုပ်ထားတဲ့ ကိစ္စတွေကို “တကယ်လိုအပ်လို့ လုပ်နေတာလား” ဆိုပြီး မမေးလိုက်ပါနဲ့။

မှတ်ချက်။ ။ ဒီလို မေးခွန်းတွေ သင့်ကို မေးလာခဲ့ရင် အကြပ်ရိုက်ပြီး မဖြေတတ်တာမျိုးမရှိပါစေနဲ့။ စကားလွှဲတာ၊ လုံးဝ မဖြေတာနဲ့ ဒဲ့ပြောလိုက်တာမျိုးတွေ ပြုလုပ်လို့ ရပါတယ်။ မေးခွန်းတခုကို သင်မဖြေပဲ နေရင် သင့်ကို မေးတဲ့ သူက သင်မဖြေချင်ဘူးဆိုတာ နားလည်သွားပါလိမ့်မယ်။ ဒါမှ မဟုတ်ရင်လည်း “ဒီကိစ္စကို မပြောချင်ဘူး။ တခြားအကြောင်း ပြောကြရအောင်” ဆိုပြီး ငြင်းလိုက်ရင်လည်း အဆင်ပြေပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top