iMyanmarHouse.com - Best Property Website for Myanmar
×






Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ဟာ သူမရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုအရှိန်အဟုန် လုံးဝကျမဆင်းသွားတဲ့သူတစ်ဦးပါ။ ဝတ်မှုံရွှေရည်က မြန်မာပြည်ရဲ့ အအောင်မြင်ဆုံး မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရထားသူလဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သူမရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ အကယ်ဒမီဆုကြီးနှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားတဲ့ မင်းသမီးချောလေးပါ။

ဝတ်မှုံရွှေရည်က သရုပ်ဆောင် အမူအယာကောင်းရုံသာမကပဲ ရုပ်လေးလဲလှတာကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ဦးပါ။ မင်းသမီးဆိုပေမယ့် မိတ်ကပ်မပါလဲ ပင်ကိုယ်အလှလေးနဲ့ တော်တော်ကြီးလှတာကို ပရိသတ်ကြီး သိပြီးသားနေမှာပါ။

ချစ်စရာကောင်းတဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်က ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားလေးလဲ ဆိုပေးထားပါတယ်။ “2019 တစ်နှစ်ပတ်လုံး အရာခပ်သိမ်း အဆင်ပြေပါစေလို့ အားလုံးကို ဆုတောင်းမေတ္တာပို့ပေးခဲ့တယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ဘာမှမပြင်မဆင်ပဲတောင် တော်တော်ကြီးလှတာပဲ
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top