iMyanmarHouse.com - Best Property Website for Myanmar
×

တစ္စံုတစ္ေယာက္ရဲ႕ အခ်စ္ကိုရရိွပိုင္ဆိုင္ရျခင္းဟာ ကံေကာင္းျခင္းတစ္ခုပါပဲ။
ဒါေပမယ့္ အခ်စ္ဟာ လမ္းညႊန္မပါတဲ႔ခရီးတစ္ခုလိုပါပဲ။ ဘယ္အခ်ိန္မွာ ပန္းတိုင္ေရာက္မလဲ၊ ဘယ္အခ်ိန္မွာ အခက္အခဲနဲ႔ၾကံဳေတြ႔မလဲ၊ ဘယ္ေနရာမွာ ဘယ္သူနဲ႔လမ္းခြဲရမယ္ဆိုကို ၾကိဳမသိနိုင္ပါဘူး။
ခရီးတစ္ခုျပီးဆံုးသြားတဲ႔အခါ အေတြ႔အၾကံဳအသစ္ေတြက်န္ရစ္ခဲ႔သလို အသည္းကြဲျခင္းကလည္း ပိုရင့္က်က္သူတစ္ေယာက္ျဖစ္လာဖို႔ သင္ခန္းစာေတြရရိွေစပါတယ္။
၁။ အခ်စ္ဟာ ထင္သေလာက္အသံုးမ၀င္ပါဘူး။
အခ်စ္ေၾကာင့္ မင္းသမီးေလးအသက္ျပန္ရွင္လာတယ္ဆိုတာမ်ိဳးဟာ ပံုျပင္ထဲမွာပဲရိွပါတယ္။ ခ်စ္တိုင္းလည္းညားရမယ္ဆိုတ႔ဲ ဥပေဒမရိွပါဘူး။ ကိုယ့္ကိုလမ္းခြဲသြားတဲ႔သူတစ္ေယာက္ကို ခ်စ္ပါတယ္လို႔ တဖြဖြေျပာေနလည္း ဘာမွထူးျခားလာမွာမဟုတ္ပါဘူး။
၂။ စိတ္ရင္းအစစ္အမွန္ကို ျပသမိခဲ႔တဲ႔အတြက္ ေနာင္တမရပါန႔ဲ။
မလိုအပ္တဲ႔အရာေတြအတြက္ သူ႔ကိုေတာင္းပန္စရာလည္းမလိုသလို၊ ကိုယ့္ကိုယ္ကို အျပစ္တင္စရာလည္းမလိုပါဘူး။ သူ႔ကိုအရမ္းဂရုစိုက္ခဲ႔မိတဲ႔အတြက္ ေနာင္တမရပါနဲ႔။ အရမ္းသ၀န္တိုမိခဲ႔တဲ႔အတြက္ေနာင္တမရပါနဲ႔။ ပံုေအာျပီးခ်စ္ခ႔ဲမိတဲ႔အတြက္ ကိုယ့္ကုိယ္ကိုအျပစ္မတင္ပါနဲ႔။ ကိုယ့္မွာအားနည္းခ်က္ေတြဘယ္ေလာက္ရိွရိွ ကိုယ့္တစ္ေယာက္တည္းကုိသာခ်စ္တဲ႔သူရိွလာဦးမွာပါ။
၃။ အခ်စ္ေၾကာင့္ကိုယ့္ကိုယ္ကိုမဆံုးရံႈးပါေစနဲ႔။
၂ေယာက္သားအဆင္ေျပေနတဲ႔အခ်ိန္မွာေတာ့ အေပါင္းအသင္း၊ မိသားစု နဲ႔တကြအရာအားလံုးကိုေမ႔ထားျပီး သာယာေနမွာပါ။ သာယာေနတဲ႔အခ်ိန္လြန္သြားျပီးတဲ႔အခ်ိန္မွာ ကိုယ္ေမ့ထားတဲ႔အရာေတြဟာ ကိုယ့္ကိုလဲေမ႔ထားျပီးေနပါျပီ။ ကိုယ္႔ေဘးနားမွာတစ္သက္လံုးအတူရိွမယ္လို႔ယံုစားထားတဲ႔သူကလဲမရိွေတာ့တဲ႔ အခ်ိန္မွာ ေဆာက္တည္ရာမရေအာင္ျပိဳလဲပါလိမ့္မယ္။ ေနာက္ထပ္အသစ္ၾကံဳေတြ႔လာမယ့္ အခ်စ္ေရးမွာ ဆင္ျခင္သြားနိုင္မွာပါ။
၄။ ကိုယ့္ကိုယ္ကိုခ်စ္ပါ။
ကိုယ့္ကိုယ္ကိုေလးစားပါ။ ခ်စ္ပါ။ တစ္ဖက္သားကိုစြဲလန္းေနတဲ႔အခ်ိန္မွာ စဥ္းစားေတြးေခၚပံုေတြကအစ သူ႔အေပၚမွာသာ မူတည္ေနတဲ႔အတြက္ ကိုယ္ဟာကိုယ္တိုင္အတြက္ေတာင္မွ အေရးမပါေတာ့တဲ႔သူျဖစ္သြားပါ တယ္။
၅။ ျငင္းပယ္ခြင့္ရိွပါတယ္။
အၾကိဳက္ခ်င္းတူတယ္လုိ႔ ခံယူထားေပမယ့္ အခ်ိန္နဲ႔အမွ် မၾကိဳက္ေပမယ့္လည္း သေဘာတူလိုက္ရတဲ႔ကိစၥ ျဖစ္ဖူးမွာပါ။ ကိုယ့္ရဲ႔ ပါတနာကလဲ ကိုယ့္ရဲ႕အျမင္၊ အၾကိဳက္ ေတြကုိေလးစားတတ္ဖို႔လိုအပ္ပါတယ္။ ခ်စ္သူခ်င္းေလးစားမႈဟာ နားလည္မႈရဲ႕အေျခခံျဖစ္ပါတယ္။
၆။ သူမရွိလဲ ေပ်ာ္စရာေတြအဆံုးသတ္မသြားပါဘူး။
ကိုယ့္ကိုေပ်ာ္ရႊင္ေအာင္ထားမယ္သူတစ္ေယာက္ကို ေမွ်ာ္လင့္ေနမယ့္အစား ကိုယ္တိုင္က ကို္ယ့္ကိုယ္ကိုေပ်ာ္ရႊင္ေအာင္ ထားနိုင္တဲ႔သူတစ္ေယာက္ျဖစ္ေအာင္ေနပါ။ သူနဲ႔မေတြ႔ခင္တုန္းကလဲ ကိုယ့္ဘ၀က ေအးေအးခ်မ္းခ်မ္းပဲမဟုတ္လား။
အသည္းကြဲျပီးတဲ႔အခါ လူေတြဟာပိုရင့္က်က္လာၾကတယ္၊ အရင္ထပ္ပို ေတာ္လာတယ္၊ မိန္းကေလးေတြဆိုလဲ ပိုျပီးလွလာၾကပါတယ္။ ဒါဟာ နာက်င္မႈေတြကို ဟန္ေဆာင္ဖံုးကြယ္ျခင္းမဟုတ္ဘဲနဲ႔ ခံနိုင္ရည္ရိွရိွေက်္ာျဖတ္နိုင္ သြားလို႔သာ ဒီလိုမ်ိဳး Update Version ျဖစ္သြားတယ္ဆိုတာကို အသည္းကြဲဖူးသူတုိင္းလက္ခံၾကမွာပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: themoonmm
#Unicode Version#


တစ်စုံတစ်ယောက်ရဲ့ အချစ်ကိုရရှိပိုင်ဆိုင်ရခြင်းဟာ ကံကောင်းခြင်းတစ်ခုပါပဲ။
ဒါပေမယ့် အချစ်ဟာ လမ်းညွှန်မပါတဲ့ခရီးတစ်ခုလိုပါပဲ။ ဘယ်အချိန်မှာ ပန်းတိုင်ရောက်မလဲ၊ ဘယ်အချိန်မှာ အခက်အခဲနဲ့ကြုံတွေ့မလဲ၊ ဘယ်နေရာမှာ ဘယ်သူနဲ့လမ်းခွဲရမယ်ဆိုကို ကြိုမသိနိုင်ပါဘူး။
ခရီးတစ်ခုပြီးဆုံးသွားတဲ့အခါ အတွေ့အကြုံအသစ်တွေကျန်ရစ်ခဲ့သလို အသည်းကွဲခြင်းကလည်း ပိုရင့်ကျက်သူတစ်ယောက်ဖြစ်လာဖို့ သင်ခန်းစာတွေရရှိစေပါတယ်။
၁။ အချစ်ဟာ ထင်သလောက်အသုံးမဝင်ပါဘူး။
အချစ်ကြောင့် မင်းသမီးလေးအသက်ပြန်ရှင်လာတယ်ဆိုတာမျိုးဟာ ပုံပြင်ထဲမှာပဲရှိပါတယ်။ ချစ်တိုင်းလည်းညားရမယ်ဆိုတဲ့ ဥပဒေမရှိပါဘူး။ ကိုယ့်ကိုလမ်းခွဲသွားတဲ့သူတစ်ယောက်ကို ချစ်ပါတယ်လို့ တဖွဖွပြောနေလည်း ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။
၂။ စိတ်ရင်းအစစ်အမှန်ကို ပြသမိခဲ့တဲ့အတွက် နောင်တမရပါနဲ့။
မလိုအပ်တဲ့အရာတွေအတွက် သူ့ကိုတောင်းပန်စရာလည်းမလိုသလို၊ ကိုယ့်ကိုယ်ကို အပြစ်တင်စရာလည်းမလိုပါဘူး။ သူ့ကိုအရမ်းဂရုစိုက်ခဲ့မိတဲ့အတွက် နောင်တမရပါနဲ့။ အရမ်းသဝန်တိုမိခဲ့တဲ့အတွက်နောင်တမရပါနဲ့။ ပုံအောပြီးချစ်ခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့။ ကိုယ့်မှာအားနည်းချက်တွေဘယ်လောက်ရှိရှိ ကိုယ့်တစ်ယောက်တည်းကိုသာချစ်တဲ့သူရှိလာဦးမှာပါ။
၃။ အချစ်ကြောင့်ကိုယ့်ကိုယ်ကိုမဆုံးရှုံးပါစေနဲ့။
၂ယောက်သားအဆင်ပြေနေတဲ့အချိန်မှာတော့ အပေါင်းအသင်း၊ မိသားစု နဲ့တကွအရာအားလုံးကိုမေ့ထားပြီး သာယာနေမှာပါ။ သာယာနေတဲ့အချိန်လွန်သွားပြီးတဲ့အချိန်မှာ ကိုယ်မေ့ထားတဲ့အရာတွေဟာ ကိုယ့်ကိုလဲမေ့ထားပြီးနေပါပြီ။ ကိုယ့်ဘေးနားမှာတစ်သက်လုံးအတူရှိမယ်လို့ယုံစားထားတဲ့သူကလဲမရှိတော့တဲ့ အချိန်မှာ ဆောက်တည်ရာမရအောင်ပြိုလဲပါလိမ့်မယ်။ နောက်ထပ်အသစ်ကြုံတွေ့လာမယ့် အချစ်ရေးမှာ ဆင်ခြင်သွားနိုင်မှာပါ။
၄။ ကိုယ့်ကိုယ်ကိုချစ်ပါ။
ကိုယ့်ကိုယ်ကိုလေးစားပါ။ ချစ်ပါ။ တစ်ဖက်သားကိုစွဲလန်းနေတဲ့အချိန်မှာ စဉ်းစားတွေးခေါ်ပုံတွေကအစ သူ့အပေါ်မှာသာ မူတည်နေတဲ့အတွက် ကိုယ်ဟာကိုယ်တိုင်အတွက်တောင်မှ အရေးမပါတော့တဲ့သူဖြစ်သွားပါ တယ်။
၅။ ငြင်းပယ်ခွင့်ရှိပါတယ်။
အကြိုက်ချင်းတူတယ်လို့ ခံယူထားပေမယ့် အချိန်နဲ့အမျှ မကြိုက်ပေမယ့်လည်း သဘောတူလိုက်ရတဲ့ကိစ္စ ဖြစ်ဖူးမှာပါ။ ကိုယ့်ရဲ့ ပါတနာကလဲ ကိုယ့်ရဲ့အမြင်၊ အကြိုက် တွေကိုလေးစားတတ်ဖို့လိုအပ်ပါတယ်။ ချစ်သူချင်းလေးစားမှုဟာ နားလည်မှုရဲ့အခြေခံဖြစ်ပါတယ်။
၆။ သူမရှိလဲ ပျော်စရာတွေအဆုံးသတ်မသွားပါဘူး။
ကိုယ့်ကိုပျော်ရွှင်အောင်ထားမယ်သူတစ်ယောက်ကို မျှော်လင့်နေမယ့်အစား ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုပျော်ရွှင်အောင် ထားနိုင်တဲ့သူတစ်ယောက်ဖြစ်အောင်နေပါ။ သူနဲ့မတွေ့ခင်တုန်းကလဲ ကိုယ့်ဘဝက အေးအေးချမ်းချမ်းပဲမဟုတ်လား။
အသည်းကွဲပြီးတဲ့အခါ လူတွေဟာပိုရင့်ကျက်လာကြတယ်၊ အရင်ထပ်ပို တော်လာတယ်၊ မိန်းကလေးတွေဆိုလဲ ပိုပြီးလှလာကြပါတယ်။ ဒါဟာ နာကျင်မှုတွေကို ဟန်ဆောင်ဖုံးကွယ်ခြင်းမဟုတ်ဘဲနဲ့ ခံနိုင်ရည်ရှိရှိကျေ်ာဖြတ်နိုင် သွားလို့သာ ဒီလိုမျိုး Update Version ဖြစ်သွားတယ်ဆိုတာကို အသည်းကွဲဖူးသူတိုင်းလက်ခံကြမှာပါ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: themoonmm
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top