iMyanmarHouse.com - Best Property Website for Myanmar
×


Source – AKonThi
Credit: Nay Madhuri

#Unicode Version#
 အောင်မြင်နေတဲ့ လူငယ်ဒါရိုက်တာတစ်ယောက်ဖြစ် တဲ့ ခရစ္စတီးနားခီကတော့ လတ်တလော ရုပ်ရှင်လောကမှာ ဖြစ်ပွားနေတဲ့ ပုံတူကူးချတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ထိရှလောက်အောင် အကြံပြုချက်ပေးလိုက်ပါတယ်။ မီဒီယာတွေနဲ့ အင်တာဗျူးတွေ့ဆုံခိုက် မှာ ခရစ္စတီးနားခီက အခုလိုပြောပြခဲ့တာပါ ။

အခုလိုတွေမဖြစ်ရအောင် ကျောင်းသင်ခန်းစာတွေမှာ သူတပါး ရဲ့ အနုပညာကို ပုံတူကူးချတာနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ လုပ်ဖို့စသင့်နေပြီ လို့အကြံပေးထားပါတယ်။ ခရစ္စတီးနားအနေနဲ့လည်း ရုပ်ရှင်ဇာတ်ဝင်တေးအဖြစ် နိုင်ငံခြားသီချင်းတစ်ပုဒ်ကို ထည့်သွင်းဖို့ ၊ တရားဝင်ဖြစ်စေဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သူတစ်ပါးရဲ့ အနုပညာကိုလေးစားတယ်ဆိုရင် ကော်ပီကိစ္စမှာ ရိုက်ချင်တယ်ဆိုရင် ခွင့်ပြုချက်အရင်တောင်းခံသင့်ကြောင်း ၊ တကယ်တမ်း ထိပြီဆိုရင် နာမည်တစ်လုံးကိုထိတာမဟုတ်ပါဘူး ၊ မြန်မာဆိုတဲ့ တိုင်းပြည်ကိုပဲထိတာပါ ။ ဒီနာမည်လေးကိုတော့ ထိန်းသိမ်းစေချင်ပါတယ်လို့အကြံပြုခဲ့ပါတယ်။ ကဲ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ကော်ပီတွေကို အားဆက်ပေးသင့်လား ဆိုတာ မှတ်ချက်မှာပြောပြခဲ့ကြပါနော်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Source – AKonThi
Credit: Nay Madhuri
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top