iMyanmarHouse.com - Best Property Website for Myanmar
×







Video ကြည့်ရန်


Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

ပရိသတ်ကြီးရေ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းအောင်မြင်နေသူ ဖြစ်ပါတယ်။ အများနဲ့မတူတဲ့ သူမရဲ့ဟာသအမူအရာလေးတွေက ပရိသတ်တွေကို ရယ်ရွှင်စေခဲ့တာပဲဖြစ်ပါတယ်။ ဟာသဗီဒီယိုလေးတွေ ပုံလေးတွေနဲ့ ဘဝအမောတွေပြေအောင် ဖန်တီးပေးနိုင်သူလေးလည်းဖြစ်ပါတယ်။ သူမကတော့ ဝေဖန်မှုတွေရှိသော်လည်းအကောင်းဆုံးကြိုးစားပြီးအနုပညာအလုပ်တွေလုပ်ကိုင်နေတာဖြစ်ပါတယ်။

မကြာခဏဆိုသလိုပရိတ်သတ်တွေအတွက် ဟာသဗီဒီယိုလေးတွေကို အမြဲတင်လေ့ရှိပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာဖြစ်ပါတယ်။ သူမဟာရုပ်ရှင်ဇာတ်ကားကြီးကိုလည်းရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း နာမည်ကြီးနေတဲ့ အရမ်းရီရတဲ့ ဟာသတွေကို ပြန်လည် အခွီပုံစံလေးရိုက်ထားတဲ့ ဗီဒီယိုလေးကို သူမရဲ့ အကောင့်မှာဖော်ပြထားတာတွေ့၇ပါတယ်။

သူမကတော့ အမြဲပျော်ပျော်ရွင်ရွင်နေတတ်သူဖြစ်ပြီး သူမရဲ့ အပျော်တွေက ပရိသတ်တွေကိုကူးစက်စေခဲ့တာလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ အရမ်းရီနေရတဲ့ အခွီဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဖြူဖြူထွေးရဲ့ မွှေထားတဲ့ အခွီဗီဒီယိုကတော့ ကြည့်ပြီးတဲ့ ပရိသတ်တွေကို ကြည်နူး ပျော်ရွင်စေမှာ သေချာပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top