iMyanmarHouse.com - Best Property Website for Myanmar
×


လက္ဖ၀ါးကိုၾကည့္လိုက္ရင္လကၡဏာေလးေတြရႈပ္ေထြးေနတာေတြ႔ရၿပီးလကၡဏာဆရာေတြကေတာ့အခ်စ္ေရးဘ၀နဲ႔အလုပ္အကုိင္စတာေတြကိုေဟာေျပာႏိုင္ပါတယ္ေဗဒင္ရယ္လို႔မဟုတ္ေပမယ့္စာဖတ္သူတို႔အတြက္အေပ်ာ္သေဘာအေနနဲ႔ႏွလံုးလမ္းေၾကာင္းကေျပာတဲ့အိမ္ေထာင္ေရးအေၾကာင္းကို မွ်ေ၀လိုက္ပါတယ္။

ႏွလံုးလမ္းေၾကာင္း

ႏွလံုးလမ္းေၾကာင္းက လက္ဖ၀ါးရဲ့အလည္ လက္သည္းရဲ့ေအာက္နားထိေရာက္တဲ့ မ်ဥ္းေၾကာင္းေလးျဖစ္ပါတယ္။ လက္၀ါးႏွစ္ဖက္ကို အတူတူစပ္လိုက္လို႔ ႏွလံုးလမ္းေၾကာင္းက လျခမ္းလိုပံုစံမ်ိဳးျဖစ္သြားလား ဒါမွမဟုတ္တေျပးညီျဖစ္သြားလားဆိုတာကိုအရင္ၾကည့္လိုက္ေနာ္။

လျခမ္း

သင္ဟာ ကိုယ္ရည္ကိုယ္ေသြးရွိၿပီး စိတ္ဓါတ္ခိုင္မာသူတစ္ဦးျဖစ္ပါတယ္။ သင္ဟာ ဆတ္ဆတ္ထိမခံသူ ဟန္ေဆာင္တာမႀကိဳက္တဲ့သူေတြနဲ႔ ဖူးစာစံုတတ္ပါတယ္။ အခ်စ္ေရးမွာ အခက္ခဲေတြႀကံဳေတြ႔ရႏိုင္ပါတယ္။ ဒါေပမယ့္လည္း ဒီအရာေတြအားလံုးကို ေက်ာ္လႊားႏိုင္ၿပီး အခ်စ္ေရး အိမ္ေထာင္ေရးမွာ အံ့ၾသစရာအျပည့္ျဖစ္ေနမွာပါ။

တေျပးညီျဖစ္ေနျခင္း

သင္ဟာ အေနေအးတဲ့သူျဖစ္ပါတယ္။ အလြယ္တကူ ေဒါသထြက္လြယ္တဲ့သူမ်ိဳးမဟုတ္ပါဘူး။ အျငင္းပြားမႈေတြ သိပ္မရွိဘဲ ေအးေဆးတည္ၿငိမ္တဲ့သူေတြကို ခ်စ္ျမတ္ႏိုးပါတယ္။

မ်ဥ္းႏွစ္ခု ညီမေနျခင္း

လက္ဖ၀ါးႏွစ္ဖက္ကို ဆက္လို္က္တဲ့အခါ မ်ဥ္းေၾကာင္းႏွစ္ဖက္က ဆက္မေနဘူး ညီမေနဘူးဆိုရင္ေတာ့ သင့္ရဲ့လက္တြဲေဖာ္ဟာ သင့္ထက္ပိုၿပီး အသက္ႀကီးတဲ့သူ ပိုၿပီးရင့္က်က္တဲ့သူျဖစ္ပါတယ္။ သင့္အိမ္ေထာင္ဖက္ဟာ သူတို႔ကိုယ္သူတို႔ အရမ္းကိုသိနားလည္တဲ့သူျဖစ္ပါတယ္။ ဒါဟာလည္း သိပ္မဆန္းက်ယ္ပါဘူး။ သင္ဟာ တျခားသူသင့္ကိုဘာေျပာမလဲ သင့္ကိုဘယ္လိုထင္မလဲဆိုတဲ့အေပၚ သိပ္ဂရုစိုက္ေလ့ရွိသူမဟုတ္လို႔ပါပဲ။

Credit: mystylemyanmar

# Unicode Version ျဖင့္ ဖတ္ပါ #

လက်ဖဝါးကိုကြည့်လိုက်ရင်လက္ခဏာလေးတွေရှုပ်ထွေးနေတာတွေ့ရပြီးလက္ခဏာဆရာတွေကတော့အချစ်ရေးဘဝနဲ့အလုပ်အကိုင်စတာတွေကိုဟောပြောနိုင်ပါတယ်ဗေဒင်ရယ်လို့မဟုတ်ပေမယ့်စာဖတ်သူတို့အတွက်အပျော်သဘောအနေနဲ့နှလုံးလမ်းကြောင်းကပြောတဲ့အိမ်ထောင်ရေးအကြောင်းကို မျှဝေလိုက်ပါတယ်။

နှလုံးလမ်းကြောင်း

နှလုံးလမ်းကြောင်းက လက်ဖဝါးရဲ့အလည် လက်သည်းရဲ့အောက်နားထိရောက်တဲ့ မျဉ်းကြောင်းလေးဖြစ်ပါတယ်။ လက်ဝါးနှစ်ဖက်ကို အတူတူစပ်လိုက်လို့ နှလုံးလမ်းကြောင်းက လခြမ်းလိုပုံစံမျိုးဖြစ်သွားလား ဒါမှမဟုတ်တပြေးညီဖြစ်သွားလားဆိုတာကိုအရင်ကြည့်လိုက်နော်။

လခြမ်း

သင်ဟာ ကိုယ်ရည်ကိုယ်သွေးရှိပြီး စိတ်ဓါတ်ခိုင်မာသူတစ်ဦးဖြစ်ပါတယ်။ သင်ဟာ ဆတ်ဆတ်ထိမခံသူ ဟန်ဆောင်တာမကြိုက်တဲ့သူတွေနဲ့ ဖူးစာစုံတတ်ပါတယ်။ အချစ်ရေးမှာ အခက်ခဲတွေကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေအားလုံးကို ကျော်လွှားနိုင်ပြီး အချစ်ရေး အိမ်ထောင်ရေးမှာ အံ့သြစရာအပြည့်ဖြစ်နေမှာပါ။

တပြေးညီဖြစ်နေခြင်း

သင်ဟာ အနေအေးတဲ့သူဖြစ်ပါတယ်။ အလွယ်တကူ ဒေါသထွက်လွယ်တဲ့သူမျိုးမဟုတ်ပါဘူး။ အငြင်းပွားမှုတွေ သိပ်မရှိဘဲ အေးဆေးတည်ငြိမ်တဲ့သူတွေကို ချစ်မြတ်နိုးပါတယ်။

မျဉ်းနှစ်ခု ညီမနေခြင်း

လက်ဖဝါးနှစ်ဖက်ကို ဆက်လိုက်တဲ့အခါ မျဉ်းကြောင်းနှစ်ဖက်က ဆက်မနေဘူး ညီမနေဘူးဆိုရင်တော့ သင့်ရဲ့လက်တွဲဖော်ဟာ သင့်ထက်ပိုပြီး အသက်ကြီးတဲ့သူ ပိုပြီးရင့်ကျက်တဲ့သူဖြစ်ပါတယ်။ သင့်အိမ်ထောင်ဖက်ဟာ သူတို့ကိုယ်သူတို့ အရမ်းကိုသိနားလည်တဲ့သူဖြစ်ပါတယ်။ ဒါဟာလည်း သိပ်မဆန်းကျယ်ပါဘူး။ သင်ဟာ တခြားသူသင့်ကိုဘာပြောမလဲ သင့်ကိုဘယ်လိုထင်မလဲဆိုတဲ့အပေါ် သိပ်ဂရုစိုက်လေ့ရှိသူမဟုတ်လို့ပါပဲ။b
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top