iMyanmarHouse.com - Best Property Website for Myanmar
×


စူပါဟီး႐ိုး ဝတ္စုံေတြဝတ္ၿပီး ဇာတ္လမ္းေတြ ႐ိုက္ေနတဲ့ ဟာသ သ႐ုပ္ေဆာင္ စည္သူပလပ္ကြၽတ္က စည္သူ(ပလပ္ကြၽတ္)လို႔ ေျပာတာနဲ႔ သူ႔ကို “အ႐ူးလို႔ ျမင္ၾကမွာ”လို႔ ဧရာဝတီကို ေျပာပါတယ္။

“စည္သူ(ပလပ္ကြၽတ္)လို႔ေျပာတာနဲ႔ အ႐ူးလို႔ ျမင္မွာေပါ့။ နာမည္ကေတာ့ အေရးမႀကီးပါဘူး။ ဘုရားေဟာတဲ့ အတိုင္းပဲ။ ပလပ္ကြၽတ္ဆိုတာ အ႐ူးပဲေလ။ အခုေတာ့ က်ေနာ္ အသိ၊ သတိနဲ႔ ေနပါတယ္။ ဦးခ်မ္းသာက နာမည္ပဲ ခ်မ္းသာတာ ဆင္းရဲတယ္။ ဦးဆင္းရဲက နာမည္ကသာ ဆင္းရဲတာ ခ်မ္းသာတယ္။ အဲ့လိုပဲေပါ့”

“ဖက္ရွင္ကေတာ့ အၿမဲတမ္း ေျပာင္းေနမွာပါ။ ဖက္ရွင္ကို တန္ဖိုးထားတယ္။ ဖက္ရွင္ကေတာ့ Brand ေတြလည္း က်ေနာ္ သိပ္နားမလည္ပါဘူး။ က်ေနာ္ ျဖစ္လာတဲ့အေပၚ မူတည္ၿပီး က်ေနာ္ ဝတ္တယ္။ ေဘထုပ္ကေနလည္း ဒီဇိုင္းေလးေတြ ႀကိဳက္လို႔ဝယ္ျဖစ္တယ္”လို႔ စည္သူ(ပလပ္ကြၽတ္)က ေျပာပါတယ္။

ေဝဖန္သူေတြေၾကာင့္ ပရိသတ္ ပိုသိလာတယ္လို႔ဆိုတဲ့ စည္သူ(ပလပ္ကြၽတ္)က သီခ်င္းေတြ ဆိုေနရလို႔ လႊတ္လိုက္ရတဲ့ ဇာတ္ကားေတြ အမ်ားႀကီးရွိတယ္လို႔ ဆိုပါတယ္။“ခ်စ္တဲ့ ပရိသတ္ေတြကိုလည္း က်ေနာ္ ခ်စ္တယ္။ က်ေနာ့္ကို ဆဲၿပီးတိုက္ခိုက္တဲ့ ပရိသတ္ေတြကို ပိုခ်စ္တယ္။ က်ေနာ့္ကို ဂ႐ုစိုက္ၿပီး ေဝဖန္တယ္၊ တိုက္ခိုက္တယ္ဆိုတာ က်ေနာ္ကို ခ်စ္လို႔။ သူတို႔ ေဝဖန္တိုက္ခိုက္ ဆဲလို႔ က်ေနာ့္အမွား က်ေနာ္သိရတာ က်ေနာ္ အရမ္းေပ်ာ္တယ္”

“က်ေနာ့္ကို အခုဆို ေတာ္ေတာ္သိကုန္ၾကၿပီ။ ႏိုင္ငံျခားကပါ သိကုန္ၾကတယ္။ မိဘက သားသမီးဆိုးရင္ ဆူပူ ဆဲတယ္။ အဲဒါ ခ်စ္လို႔။ က်ေနာ္ကို ပရိသတ္ေတြက ဆဲတာလည္း အဲ့လိုပဲေပါ့။ အႏုပညာေတြကို က်ေန္ာေသတဲ့အထိ လုပ္သြားမယ္။ ဇာတ္ကားနဲ႔ ပတ္သက္ၿပီး ႐ိုက္ဖို႔ ရွိတယ္။ သီခ်င္းေတြ ဆိုေနရလို႔ လႊတ္လိုက္ရတဲ့ ကားေတြ အမ်ားႀကီး ရွိတယ္။ က်ေနာ္ရဲ႕ ကိုယ္ပိုင္သီခ်င္း ‘Facebook ေပၚမွာ မင္းသမီးရႈံး၊ အျပင္မွာေတာ့ မဲလုံးလုံး’ ထြက္ေတာ့မွာပါ”လို႔ စည္သူ(ပလပ္ကြၽတ္)က ေျပာပါတယ္။

စည္သူ (ပလပ္ကြၽတ္)ကို ဟာသ ႐ုပ္ရွင္ ဗီဒီယိုဇာတ္ကားေတြမွာ ဟာသ သ႐ုပ္ေဆာင္အျဖစ္ ပရိသတ္မ််ား သိထားၾကၿပီး မၾကာခင္ ႐ုံတင္ျပသေတာ့မယ့္ “ကိုေပါ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေခါင္းေဆာင္မင္းသား တေယာက္အေနနဲ႔ ပါဝင္ သ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

စည္သူ (ပလပ္ကြၽတ္)က စူပါဟီး႐ိုး ဝတ္စုံမ်ား ဝတ္ဆင္တဲ့အခါမွာလည္း ပရိသတ္အခ်ိဳ႕ရဲ႕ ေဝဖန္မႈမ်ား ရွိေနခဲ့ၿပီး မၾကာေသးခင္ အခ်ိန္ကလည္း စပိုက္ဒါမန္း ဝတ္စုံဝတ္ကာ သီခ်င္းဆိုခဲ့တဲ့အတြက္ ပရိသတ္မ်ားၾကားမွာ ေဝဖန္စရာ သတင္း ဂယက္တခု ျဖစ္ခဲ့ပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

စူပါဟီးရိုး ဝတ်စုံတွေဝတ်ပြီး ဇာတ်လမ်းတွေ ရိုက်နေတဲ့ ဟာသ သရုပ်ဆောင် စည်သူပလပ်ကျွတ်က စည်သူ(ပလပ်ကျွတ်)လို့ ပြောတာနဲ့ သူ့ကို “အရူးလို့ မြင်ကြမှာ”လို့ ဧရာဝတီကို ပြောပါတယ်။

“စည်သူ(ပလပ်ကျွတ်)လို့ပြောတာနဲ့ အရူးလို့ မြင်မှာပေါ့။ နာမည်ကတော့ အရေးမကြီးပါဘူး။ ဘုရားဟောတဲ့ အတိုင်းပဲ။ ပလပ်ကျွတ်ဆိုတာ အရူးပဲလေ။ အခုတော့ ကျနော် အသိ၊ သတိနဲ့ နေပါတယ်။ ဦးချမ်းသာက နာမည်ပဲ ချမ်းသာတာ ဆင်းရဲတယ်။ ဦးဆင်းရဲက နာမည်ကသာ ဆင်းရဲတာ ချမ်းသာတယ်။ အဲ့လိုပဲပေါ့”

“ဖက်ရှင်ကတော့ အမြဲတမ်း ပြောင်းနေမှာပါ။ ဖက်ရှင်ကို တန်ဖိုးထားတယ်။ ဖက်ရှင်ကတော့ Brand တွေလည်း ကျနော် သိပ်နားမလည်ပါဘူး။ ကျနော် ဖြစ်လာတဲ့အပေါ် မူတည်ပြီး ကျနော် ဝတ်တယ်။ ဘေထုပ်ကနေလည်း ဒီဇိုင်းလေးတွေ ကြိုက်လို့ဝယ်ဖြစ်တယ်”လို့ စည်သူ(ပလပ်ကျွတ်)က ပြောပါတယ်။

ဝေဖန်သူတွေကြောင့် ပရိသတ် ပိုသိလာတယ်လို့ဆိုတဲ့ စည်သူ(ပလပ်ကျွတ်)က သီချင်းတွေ ဆိုနေရလို့ လွှတ်လိုက်ရတဲ့ ဇာတ်ကားတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။“ချစ်တဲ့ ပရိသတ်တွေကိုလည်း ကျနော် ချစ်တယ်။ ကျနော့်ကို ဆဲပြီးတိုက်ခိုက်တဲ့ ပရိသတ်တွေကို ပိုချစ်တယ်။ ကျနော့်ကို ဂရုစိုက်ပြီး ဝေဖန်တယ်၊ တိုက်ခိုက်တယ်ဆိုတာ ကျနော်ကို ချစ်လို့။ သူတို့ ဝေဖန်တိုက်ခိုက် ဆဲလို့ ကျနော့်အမှား ကျနော်သိရတာ ကျနော် အရမ်းပျော်တယ်”

“ကျနော့်ကို အခုဆို တော်တော်သိကုန်ကြပြီ။ နိုင်ငံခြားကပါ သိကုန်ကြတယ်။ မိဘက သားသမီးဆိုးရင် ဆူပူ ဆဲတယ်။ အဲဒါ ချစ်လို့။ ကျနော်ကို ပရိသတ်တွေက ဆဲတာလည်း အဲ့လိုပဲပေါ့။ အနုပညာတွေကို ကျနေ်ာသေတဲ့အထိ လုပ်သွားမယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ရိုက်ဖို့ ရှိတယ်။ သီချင်းတွေ ဆိုနေရလို့ လွှတ်လိုက်ရတဲ့ ကားတွေ အများကြီး ရှိတယ်။ ကျနော်ရဲ့ ကိုယ်ပိုင်သီချင်း ‘Facebook ပေါ်မှာ မင်းသမီးရှုံး၊ အပြင်မှာတော့ မဲလုံးလုံး’ ထွက်တော့မှာပါ”လို့ စည်သူ(ပလပ်ကျွတ်)က ပြောပါတယ်။

စည်သူ (ပလပ်ကျွတ်)ကို ဟာသ ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေမှာ ဟာသ သရုပ်ဆောင်အဖြစ် ပရိသတ်မျျား သိထားကြပြီး မကြာခင် ရုံတင်ပြသတော့မယ့် “ကိုပေါ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသား တယောက်အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

စည်သူ (ပလပ်ကျွတ်)က စူပါဟီးရိုး ဝတ်စုံများ ဝတ်ဆင်တဲ့အခါမှာလည်း ပရိသတ်အချို့ရဲ့ ဝေဖန်မှုများ ရှိနေခဲ့ပြီး မကြာသေးခင် အချိန်ကလည်း စပိုက်ဒါမန်း ဝတ်စုံဝတ်ကာ သီချင်းဆိုခဲ့တဲ့အတွက် ပရိသတ်များကြားမှာ ဝေဖန်စရာ သတင်း ဂယက်တခု ဖြစ်ခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top